ရန်ကုန်က ပြန်လာပြီးကတည်းက အလုပ်ရှုပ်သလိုလို၊ ပျင်းသလိုလို ဖြစ်ပြီး ဘလော့မရေးဖြစ်ဘူး... ကဲဆားချက်လိုက်ဦးမယ်...
ရန်ကုန်ရုံးက ဘော်ဒါ မန်နေဂျာက သင်ပေါင်းပိုး လိုက်ကြွေးမယ် ဆိုတာနဲ့ တရုတ်တန်းရောက် သွားတယ်... သင်ပေါင်းပိုး မမြင်ဖူး မစားဖူးလို့ လိုက်သွားတယ်... သင်ပေါင်းပိုးတွေကို စတီးဗန်းထဲမှာ ရေစိမ်ထားတယ်... တစ်ကောင်ကို ၄၀၀-ကျပ်၊ ၅၀၀-ကျပ်၊ ၇၀၀-ကျပ် တဲ့... အစိမ်းလိုက်လည်း စားလို့ရသလို ကြော်ပြီးတော့လည်း စားလို့ရတယ်... ဆားခါးဆိုလား ဘာဆိုလား မသိပါဘူး... လျှက်ဆားလို ဟာမျိုးနဲ့ တို့စားရတယ်... အပေါ်ပုံ ၂-ပုံက အရှင်တွေ၊ အောက်ဆုံးပုံက ကြော်ထားတာပါ... အဲဒီနေ့က လိုရှင်းမင်းသမီးလည်း သင်ပေါင်းပိုးနဲ့ ဒုတ်ထိုးလာစားတယ်... :D

Nikon D40 | ISO800 | 32mm (18~55mm Kit Lens) | f/4.5 | 1/15sec | Flash - Did not fire

Nikon D40 | ISO800 | 55mm (18~55mm Kit Lens) | f/4.5 | 1/15sec | Flash - Did not fire

Nikon D40 | ISO800 | 26mm (18~55mm Kit Lens) | f/4.5 | 1/15sec | Flash - Did not fire
11 comments:
ကျွန်တော်ကတော့.. အသဲယားလို့... မစားရဲဘူး "လိုရှင်းမင်းသမီး/ဒုတ်ထိုး/သင်ပေါင်းပိုး" .. ဟီးဟီး
အဲဒါတော့ မစားဖူးသေးဘူး။ ၀ါးပိုးကတော့ စားဖူးသွားပြီ ဟိဟိ
ကြောက်စရာကြီး အကောင်တွေက
စားရဲမယ်တော့မထင်ဘူး..မြင်ရတာနဲ့တင်အူယားတယ်ဗျ..
ဆရာရယ် ကြောက်စရာကြီး.... မစားရဲပါပူး..း(
ရှမ်းပြည်ဘက်မှာတွေ့ရတတ်တဲ့ အီကုတ်နဲ့တူသလိုပဲ။
ကျွန်တော်ကတော့ ကြိုက်တယ်။ စားလို့ကောင်းတယ်ဗျ။
ကိုမောင်လှ။
အားကောင်းမောင်းသန် ဖြစ်အောင် သွားစားတာလား ဗျ။
အူယားလိုက်တာနော်.... တကယ်ပါပဲ...
သင်ပေါင်းပင်ဟာဒီရေတောပေါက်အပင်တစ်မျိုး ဖြစ်ပြီး သင်ပေါင်းပိုးက အဲဒီအပင်မှာမှာ ရှိတာဖြစ်ပါတယ် သင်ပေါင်းပိုးလိုခြင်ရင် အပင်ကိုသတ်ပစ်မှာသာ ရနိုင်ပါတယ် အဲဒီတော့ သင်ပေါင်းပိုးကို လိုခြင်သောကြောင့် ဆုံးရှုံးရတဲ့ ဒီရေတောအမျိုးအစား သင်ပေါင်းပင်တွေ အများကြီးပါ သင်ပေါင်ပိုး မစားခြင်းဖြင့် ဒီရေတောအမျိုးအစားဝင် သင်ပေါင်းပင် ကိုထိန်းသိမ်းသင့်ကြောင်း
အသဲယားဖို့ကောင်းသလို စားလို့လဲကောင်းတယ်ခင်ဗျ
တချို့က လှုပ်လှုပ်ရွရွကလေးတွေအတိုင်း ဘီယာခွက်ထဲ
ပစ်ထည့်ပြီး အရှင်အတိုင်းစားပါတယ် ၊ ခပ်လတ်လတ်
တစ်ကောင်ကို ၇၀၀ ကျပ်ခန့်ပေးရတယ်ခင်ဗျ
မီးပျက်နေချိန်တို့ ၊ မှောင်မှောင်မဲမဲ အချိန်တို့မှာ စားရင်
သိပ်ကြောက်ဖို့မကောင်းဘူး ခင်ဗျ ။
Post a Comment