photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Thursday, January 01, 2009

မောင်လှရေ...

ပထမဆုံး နှုတ်ဆက်ချင်တာကတော့ Happy New Year ပါ... ပျော်ရွှင်စရာ အတိနဲ့ ပြီးပြည့်စုံတဲ့၊ တတိုင်းရနိုင်တဲ့ 2009 ခုနှစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

မောင်လှရေ... မှတ်ထားဦးဗျ...

Windows XP ကြိုက်လွန်းလို့ ရုံးက ဝယ်ပေးတဲ့ laptop မှာပါလာတဲ့ Vista Home Premium ကို ဖြုတ်ချပြီး မရမက XP တင်သုံးနေတာကနေ... စမ်းထားတဲ့ တင်ထားတဲ့ software များလာလို ထင်ပါရဲ့ နှေးနှေးလာလို့ format ချပြီး Vista ပြန်တင်သုံးဖြစ်တယ်... Vista နောက် ထွက်လာမယ့် windows မှာလည်း vista ကို အခြေခံနိုင်တယ်လို့ ယူဆပြီး စွဲစွဲမြဲမြဲ သုံးနေတဲ့ XP အစား Vista ပြောင်းသုံး ဖြစ်တာပါ...

အရင်က အခြား Disk Management Tool တစ်ခုခုကို သုံးပြီး လုပ်ရတဲ့ Partition ချုံ့တာ၊ ချဲ့တာ လုပ်တဲ့ လုပ်ဆောင်ချက် Vista မှာ ပါလာတာ သတိထားမယ်တယ်...

Control Panel ထဲက Administrative Tools ထဲကမှ Computer Managment ကိုဖွင့်ပါ...
Computer Managment ပွင့်လာပြီ ဆိုရင် ... ဘယ်ဘက် ကော်လံထဲက Storage အောက် Disk Manage ment ကို ရွေးပါ... စက်ထဲမှာ ရှိတဲ့ Hard Disk နဲ့ partition များကို ပြပါလိမ့်မယ်...
မိမိ ချုံ့/ချဲ့လိုတဲ့ partition ပေါ် right click လုပ်လိုက်ပါ...
ပေါ်လာတဲ့ popup menu ထဲမှာ Extend Volume ဆိုတာက partition အရွယ်အစား ချဲ့ဖို့အတွက်ပါ... ဒါပေမယ့် သက်ဆိုင်ရာ harddisk ထဲမှာ ဘာမှ မသုံးထားတဲ့ partition မခွဲထားတဲ့ နေရာလွတ်ရှိ စရာ လိုပါလိမ့်မယ်...
Shrink Volume ကတော့ အခု partition ကို အရွယ်အစား ချုံ့ပေးမှာဖြစ်ပါ... ဥပမာ - အခု select ပေးထားတဲ့ partition က 40GB ရှိတယ် ဆိုပါစို့... 30GB ဖြစ်အောင် Shrink လုပ်လိုက်မယ်ဆိုရင် ပိုထွက်လာမယ့် 10GB ကို နောက်ထပ် partition ၁-ခု ထပ်ခွဲပြီး drive ၁-ခု အနေနဲ့ သုံးနိုင်ပါတယ်...


ယခု ဖော်ပြခဲ့တဲ့ Disk Management အကြောင်းအရာများဟာ အန္တာရယ် များလွန်းတဲ့ အတွက် data များ ၊ အရေးကြီး ဖိုင်များ၊ folder များ၊ ပျက်စီး နိုင်တဲ့အတွက် မလိုအပ်ဘဲ နားမလည်ဘဲ မစမ်းကြည့်စေလိုပါ... မပြုလုပ်စေလိုပါ... မိမိဘာသာ စမ်းသပ်မှုပြုလုပ်၍ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါက ကျတော် မောင်လှမှ မည်သည့် တာဝန်မှ ယူပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင် အသိပေးပါရစေ ခင်ဗျာ...
My Labels: Windows Vista, How to

No comments: