photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Friday, December 19, 2008

အေးလိုက်တာနော်... (Mandalay)

ဒီနေ့မနက် အိပ်ယာထတော့ ရေတွေ ခဲနေတယ်... ရေခဲသေတ္တာထဲမှာလေ... မနေ့ည ၁၁-နာရီက စပြီး မီးလာနေတယ်ဆိုတော့ ခဲမှာပေါ့... :D (စတာပါဗျာ...) မန္တလေးမှာ ရာသီဥတုကြောင့် ရေမှ မခဲဖူးတာ ယုံချင်စရာ မကောင်းပါဘူး... ၆း၃၀-နာရီလောက် နိုးတော့ အပြင်မှာ မှောင်နေသေးတာနဲ့ ပြန်မှိန်းနေလိုက်တယ်... ၇း၁၀-နာရီမှာ မဖြစ်ဘူး ရုံးသွားရဦးမယ် ဆိုပြီး ကုန်းရုန်းထ... ရေနွေးစပ်ထားတဲ့ ရေချိုး၊ သမီးနဲ့ ခဏနေတယ်... ပြီးတော့ ရုံးကို လာတော့ လမ်းမှာ မိုးဖွားလေးတွေ ကျသလို နှင်းမှုန်လေးတွေ မျက်နှာကို လာစင်တယ်... အခုအချိန်အထိတော့ နေမထွက်သေးဘူး... နေ့လယ်ဘက်တောင် အနွေးထည် အပါး မဝတ်ထားရင်လည်း အေးသလိုလို ရှိတာနဲ့ နေ့လယ်ဘက်ပါ အနွေးထည် ပါးပါးလေး ဝတ်ထားရတယ်... လမ်း-၈၀ အရင်တရုတ်တန်းဈေး ဘက်မှာ တရုတ်အနွေးထည် ရောင်းတဲ့ ဆိုင်တွေမှာ အလကားပေးနေတဲ့ အတိုင်းပဲ ဈေးဝယ်တွေနဲ့ စည်လိုက်တာ... စည်ဆို ဈေးလည်းတော်တာကိုး ဗျ... မန္တလေးမှာ အေးတယ်ဗျ... ချမ်းနေတယ်ဗျနော်... မန္တလေးလာရင် အနွေးထည် ထူထူ ယူခဲ့ကြဦး... ကားနဲ့ပဲ သွားတယ် လည်မယ်ဆိုရင် ပြသနာမရှိပေမယ့်... ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင်တော့ မန္တလေးရဲ့ အအေးဒဏ်ကို ခံရလိမ့်မယ်ဗျ...

My Labels: diary, Mandalay News, Myanmar Burma News

4 comments:

Craton said...

မန္တလေးကိုလည်း လွမ်းရပြန်ပါပေါ့...း(

CMS said...

carton ပြောလည်း ပြောချင်စရာပဲ
နှိပ်စက်ပါ့ ဦးမောင်လှရယ် :(

mirror said...

မန္တလေးသူမဟုတ်ဘူး။မန်းလေးကို တစ်ခါမှမရောက်ဖူးသေးတဲ့ မြစ်ဝကျွန်းပေါ်သူ။ဘယ်ဘ၀က အကုသိုလ်ကြောင့်များ ဒီလောက်သွားချင်ရက်နဲ့ မသွားနေရတာလဲလဲ ခဏခဏတွေးမိတယ်။မသေခင် တစ်ခေါက်တော့ အရောက်ကိုလာဦးမယ်လို့ ငြိုးထားတယ်။

လေက ဘယ်မှဘယ်သို့တိုက်မှန်းမသိတဲ့ဒီရန်ကုန်မှာတော့ ဆောင်းဆိုတာ အသားပတ်တာကလွဲပီး ဘာမှမထူးခြားဘူး :(

ခင်မင်လျက်

စေတန် said...

အစ်ကိုလုပ်တာ နဂိုကမှပြန်ချင်နေတာ ပိုပြန်ချင်သွားပြီး T_T