Skip to main content

ဓာတ်ပုံတွေကို ချိန်ညှိမယ်… (Lightroom 2.0)

1. ပြင်ချင်တဲ့ ဓာတ်ပုံ select ပေးထားပါ… loupe view ရွေးထားရင်တော့ ပေါ်နေတဲ့ပုံက select ပေးထားတဲ့ပုံပေါ့ဗျာ…
2. Library ဘေးမှာရှိတဲ့ Develop ကို ကလစ်ခေါက်ပြီးရွေးပါ… Develop view ရွေးထားရင် ညာဘက် panel မှာ ပေါ်ဆုံးမှာ Histogram မြင်ရပါလိမ့်မယ်… Histogram ကို ကျွမ်းကျင်စွာ သိရင်တော့ အဲဒီကနေလည်း ကာလာတွေ ဘာတွေ ချိန်ညှိလို့ ရပါတယ်… အခု ကျတော်က Histogram ကိုကျော်ပြီး သူ့အောက်မှာရှိတဲ့ ဘားအကြောင်း ပြောပါ့မယ်… ကျတော်က Histogram အကြောင်း ကျွမ်းမှ မကျွမ်းတာကိုးဗျ…


1. နံပါတ် 1 က Crop Overlay လို့ခေါ်တယ်… ဒီကောင်လေးကို သုံးပြီး ပုံတွေကို cropping လုပ်လို့ရတယ်…
2. နံပါတ် 2 က Spot Removal tool ပါ… ဓာတ်ပုံထဲမှာ ပါတဲ့ အစက် အပျောက်တွေ ဖျောက်လို့ရပါတယ်…
3. နံပါတ် 3 က Red Eye Correction tool ပါ… Flash ဖွင့်ရိုက်ရင် လူပုံတွေရဲ့ မျက်စိမှာ ဝင်တတ်တဲ့ အနီရောင်ကို လျော့ချ ဖြေရှင်းပေးတာပါ…
4. နံပါတ် 4 က Graduated Filter ပါ… Lightroom 2.0 စပါလာတဲ့ tool ပါ… Exposure, Brightness, Contrast, Saturation, Clarity, Sharpness တွေကို gradient ပြေးတဲ့ပုံစံ ပြင်လို့ရပါတယ်…
5. နံပါတ် 5 က Adjustment Brush ပါ… ဒါလေးကလဲ Graduated Filter မျိုးပါပဲ … ဒီ brush ကိုသုံးပြီး Exposure, Brightness, Contrast, Saturation, Clarity, Sharpness တွေကို လိုချင်တဲ့နေရာမှာ စုတ်ချက်ဆွဲပြီး လိုက်ပြင်လို့ ရပါတယ်…

Lightroom ထဲမှာ ပြင်တာတွေ အကုန်လုံးက မူရင်း ပုံပေါ်မှာ ဘာမှ အကျိုးသက်ရောက်မှု မရှိပါဘူး… ကျတော်တို့ Lightroom ထဲမှာ ပြင်ထားတဲ့ မကြိုက်တော့ရင် Reset သာ နှိပ်လိုက်ပါ… Original ပုံအတိုင်း ပြင်ထွက်လာပါတယ်… Lightroom ထဲမှာ ပြင်ထားတဲ့အတိုင်း လိုချင်ရင်တော့ Export လုပ်ပေးရပါတယ်…


My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Comments

သုံးရတာ ပိုအဆင်ပြေအောင် ရေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်....ဒီထက်မက ပိုတဲ့ သုံးစရာလေးတွေကို မစပေးနိုင်ပါစေဗျား...ကိုမောင်လှ
khin oo may said…
blog ကို print လုပ်လို.ရအောင် မစပါဦး။ ကိုရန်အောင် ပြော သလိုလိုက်လုပ်ကြည်.တယ အဆင်မပြေသေးဘူး။

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install