photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, September 23, 2008

Crop Overlay Tool (Lightroom 2.0)



Crop Overlay (Crop & Straighten) Tool ကိုရွေးလိုက်ရင် သူ့အောက်မှာ Crop လုပ်ဖို့အတွက် အရွယ်အစားတွေ ပြောင်းဖို့ Aspect ရယ်… ဓာတ်ပုံ စောင်းတာ တည့်တာ လုပ်ဖို့ Angle ရယ်ဆိုပြီး ပါပါတယ်…

ဓာတ်ပုံကို cropping လုပ်ဖို့ အတွက်ဆိုရင် Aspect ဘေးမှာ အခုပုံထဲမှာ ဆိုရင် Original ပေါ်မှာ click ခေါက်ပါ… Custom, Original, 1 x 1, 2 x 3, 4 x 5, 4 x 6, 5 x 7, 8 x 10, 8.5 x 11, Enter Custom… ဆိုပြီး မြင်ရပါတယ်… ကျတော်တို့ အခုရွေးထားတဲ့ ဓာတ်ပုံကို 4 x 6 အချိုးအစား ထားမယ်ဆိုရင် 4 x 6 ရွေးပေးရပါတယ်…
ကျတော်က အခုပုံကို 16:9 အချိုး ထားချင်ပါတယ်… အဲဒီ အချိုးက default အနေနဲ့ Lightroom မှာ မပါပါဘူး… အဲဒါကြောင့် Enter Custom… ကို click ခေါက်ပြီး Aspect Ration မှာ 16 x 9 ရိုက်ပြီး OK နှိပ်လိုက်တော့ Original နေရာမှာ 16 x 9 ဆိုပြီး ဖြစ်သွားပါပြီ… ဓာတ်ပုံပေါ်ကို ကြည့်လိုက်ပါ…


ကျတော့်ရဲ့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ဓာတ်ပုံကို ၃-ပိုင်း ပိုင်းထားတဲ့ အထက်အောက် မျဉ်း ၂-ကြောင်းနဲ့ ဘယ်ညာ မျဉ်း ၂-ကြောင်း ခပ်မှိန်မှိန်နဲ့ ပေါ်နေပြီး မျဉ်းအဖြူ ခပ်သေးသေးနဲ့ ခပ်ထားတဲ့ဘော်ဒါလေးတွေ ပေါ်လာပါလိမ့်မယ်…. ကျတော့်ပုံထဲမှာတော့ မြင်သာအောင် အဲဒီမျဉ်းကို အနီရောင်နဲ့ ပြထားပါတယ်… အဲဒီ အပြင်က ဘော်ဒါမျဉ်းပေါ် mouse pointer ထားရင် မြှားခေါင်း ၂-ခု ဖြစ်သွားပြီဆိုရင် လိုချင်တဲ့ ပုံစံ cropping လုပ်လို့ရပါတယ်…
ကျတော် အနီနဲ့ ကွပ်ပြထားတဲ့ အထဲ mouse pointer ထားရင်တော့ လက်ပုံစံနဲ့ ပေါ်မှာဖြစ်ပြီး cropping နေရာ ရွှေ့ပြုလုပ်လို့ရပါတယ်… cropping လုပ်တာ စိတ်ကြိုက် ဖြစ်ပြီ ဆိုရင်တော့ Enter ကိုသာ တစ်ချက် နှိပ်လိုက်ပါ… ကျတော်တို့ cropping လုပ်ခဲ့တဲ့ အတိုင်း မြင်ရပါလိမ့်မယ်…
အခြား အချိုးအစားနဲ့ cropping ပြန်ဖြတ်ချင်ရင်လည်း ရပါသေးတယ်… မူရင်းပုံကို ဘာမှ မထိပါဘူး…

My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

No comments: