gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Adobe Photoshop Lightroom 2.0 ထဲကို ဓာတ်ပုံတွေ ဘယ်လို ထည့်မလဲ…?

1. File menu ထဲက Import Photos from Disk… ကိုရွေးပါ…
2. Import Photos or Lightroom Catalog dialog ပေါ်လာပြီ ဆိုရင် Look in ကနေ တဆင့် ဓာတ်ပုံသိမ်းထားတဲ့ folder သို့မဟုတ် file ရှိတဲ့ နေရာကို သွားပါ…
3. အခုကျတော်က folder ထဲမှာ ရှိတဲ့ ပုံတွေ အကုန်လုံးကို Lightroom ထဲကို ထည့်ချင်တာမို့ ကျတော် ထည့်ချင်တဲ့ folder ဖြစ်တဲ့ doll လို့အမည်ပေးထားတဲ့ folder လေးကို click ၁-ချက် ခေါက်ပြီး select ပေးပါတယ်…


4. ပြီးတော့ Import All Photos in Selected Folder ကိုနှိပ်ပါတယ်… (ဓာတ်ပုံ file ၁-ဖိုင်ကို select ပေးခဲ့ရင်တော့ Choose ခလုတ်ကို နှိပ်ပါ…)
5. Import Photos ဆိုတဲ့ dialog box ပေါ်လာရင်တော့ ကျတော် ဒီလိုလေးတွေ ရွေးပါတယ်…
File Handling: Add photos to catalog without moving
Develop Settings: None
Metadata: None
Keywords: မှာတော့ ပြန်ရှာတဲ့ အခါ လွယ်ကူအောင် keywords စကားလုံးတွေ ထည့်ထားနိုင်ပါတယ်
Initial Previews: Minimal




6. Import ခလုတ်ကို နှိပ်လိုက်ရင် Lightroom ထဲကို ဓာတ်ပုံတွေ ရောက်လာပါပြီ…

My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Comments

ပညာပေးဗဟုသုတတွေ လာဖတ်ပါတယ်။
ရင်ထဲအထိယူပါတယ်။ ပညာဆိုတာ ယူတတ်
ရင် တန်ဘိုးဖြတ်လို့ မရနိုင်ပါဘူး။
လေးစားပါတယ်။
မသက်ဇင်
http://mathetzin.com
[email protected]
USA

Ad