gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Adobe Photoshop Lightroom 2 ထဲက ဓာတ်ပုံတွေ ပြန်ကြည့်မယ်ဆိုရင်…



1. Library ကိုရွေးပါ… ပုံထဲမှာ အနီရောင်နဲ့ ဘောင်ခတ်ပြီး 1 လို့နံပါတ်တပ်ထားပါတယ်…
2. ဘယ်ဘက် panel က Folders (ပုံထဲမှာ 2 လို့ဘောင်ခတ်ထားတဲ့ နေရာပါ) ကို expand လုပ်ထားမယ် ဆိုရင် ကျတော်တို့ Lightroom ထဲ Import လုပ်ထားတဲ့ ဓာတ်ပုံတွေကို folder အမည်လိုက် စီပေးထားပါတယ်… ပုံထဲမှာ မြင်ရတဲ့အတိုင်း Driver (D:) အောက်က Photo ဆိုတဲ့အောက်က doll ဆိုတဲ့ folder ကိုရွေးထားပါတယ်… folder အမည်တွေရဲ့ ဘေးမှာရှိနေတဲ့ ဂဏန်းတွေကတော့ ဓာတ်ပုံအရေအတွက်တွေပါ… အခု ကျတော်ရွေးထားတဲ့ doll folder ထဲမှာ ဓာတ်ပုံ ၅-ပုံပဲရှိတဲ့အတွက် ၅ လို့ပြနေတာပါ…
3. အခုဘယ်ဘက်က panel ဖျောက်ထားချင်တယ် ဆိုရင် ပုံထဲမှာ ပြထားတဲ့ နံပါတ် 3 ရဲ့ ဘယ်ဘက်မှာရှိတဲ့ မီးခိုးရောင် မြားခေါင်းလေးကို နှိပ်လိုက်ရင်ရပါတယ်…
4. ပုံသေးလေးတွေ အများကြီး ကြည့်ချင်တယ်ဆိုရင်တော့ ပုံထဲမှာ နံပါတ် 4 လို့ တပ်ထားတဲ့ Grid View ကို နှိပ်လိုက်ပါ…
5. select ပေးထားတဲ့ ပုံ ၁-ပုံတည်းကိုပဲ အကြီးကြည့်ချင်ရင်တော့ ပုံထဲမှာ နံပါတ် ၅ လို့ တပ်ထားတဲ့ Loupe View ကို နှိပ်လိုက်ပါ…

My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Comments

Ad