gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, September 23, 2008

Crop Overlay Tool (Lightroom 2.0)



Crop Overlay (Crop & Straighten) Tool ကိုရွေးလိုက်ရင် သူ့အောက်မှာ Crop လုပ်ဖို့အတွက် အရွယ်အစားတွေ ပြောင်းဖို့ Aspect ရယ်… ဓာတ်ပုံ စောင်းတာ တည့်တာ လုပ်ဖို့ Angle ရယ်ဆိုပြီး ပါပါတယ်…

ဓာတ်ပုံကို cropping လုပ်ဖို့ အတွက်ဆိုရင် Aspect ဘေးမှာ အခုပုံထဲမှာ ဆိုရင် Original ပေါ်မှာ click ခေါက်ပါ… Custom, Original, 1 x 1, 2 x 3, 4 x 5, 4 x 6, 5 x 7, 8 x 10, 8.5 x 11, Enter Custom… ဆိုပြီး မြင်ရပါတယ်… ကျတော်တို့ အခုရွေးထားတဲ့ ဓာတ်ပုံကို 4 x 6 အချိုးအစား ထားမယ်ဆိုရင် 4 x 6 ရွေးပေးရပါတယ်…
ကျတော်က အခုပုံကို 16:9 အချိုး ထားချင်ပါတယ်… အဲဒီ အချိုးက default အနေနဲ့ Lightroom မှာ မပါပါဘူး… အဲဒါကြောင့် Enter Custom… ကို click ခေါက်ပြီး Aspect Ration မှာ 16 x 9 ရိုက်ပြီး OK နှိပ်လိုက်တော့ Original နေရာမှာ 16 x 9 ဆိုပြီး ဖြစ်သွားပါပြီ… ဓာတ်ပုံပေါ်ကို ကြည့်လိုက်ပါ…


ကျတော့်ရဲ့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ဓာတ်ပုံကို ၃-ပိုင်း ပိုင်းထားတဲ့ အထက်အောက် မျဉ်း ၂-ကြောင်းနဲ့ ဘယ်ညာ မျဉ်း ၂-ကြောင်း ခပ်မှိန်မှိန်နဲ့ ပေါ်နေပြီး မျဉ်းအဖြူ ခပ်သေးသေးနဲ့ ခပ်ထားတဲ့ဘော်ဒါလေးတွေ ပေါ်လာပါလိမ့်မယ်…. ကျတော့်ပုံထဲမှာတော့ မြင်သာအောင် အဲဒီမျဉ်းကို အနီရောင်နဲ့ ပြထားပါတယ်… အဲဒီ အပြင်က ဘော်ဒါမျဉ်းပေါ် mouse pointer ထားရင် မြှားခေါင်း ၂-ခု ဖြစ်သွားပြီဆိုရင် လိုချင်တဲ့ ပုံစံ cropping လုပ်လို့ရပါတယ်…
ကျတော် အနီနဲ့ ကွပ်ပြထားတဲ့ အထဲ mouse pointer ထားရင်တော့ လက်ပုံစံနဲ့ ပေါ်မှာဖြစ်ပြီး cropping နေရာ ရွှေ့ပြုလုပ်လို့ရပါတယ်… cropping လုပ်တာ စိတ်ကြိုက် ဖြစ်ပြီ ဆိုရင်တော့ Enter ကိုသာ တစ်ချက် နှိပ်လိုက်ပါ… ကျတော်တို့ cropping လုပ်ခဲ့တဲ့ အတိုင်း မြင်ရပါလိမ့်မယ်…
အခြား အချိုးအစားနဲ့ cropping ပြန်ဖြတ်ချင်ရင်လည်း ရပါသေးတယ်… မူရင်းပုံကို ဘာမှ မထိပါဘူး…

My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Friday, September 19, 2008

navana07.blogspot.com

BaganNET forum မှာကတည်းက ကြိုက်နှစ်သက်စွာ ဖတ်လာခဲ့ရပြီး... ပုဂံနေပြည်တော်ကြီး ပျက်စီးသွားတော့ NativeMyanmar forum မှာ ဆက်ရေးနေတဲ့ ကျတော်တို့ရဲ့ အကိုကြီး ကိုနဗန (ခ) MYSELF2005 သူရေးခဲ့တဲ့ ဘဝအကြောင်းတွေကို http://navana07.blogspot.com ဆိုပြီး ဘလော့ တစ်ခု လုပ်ပြီး ဘလော့လောကမှာ တင်ပြနေပါပြီ... ရသမျိုးစုံပေးနိုင်တဲ့ စာတွေပါ... ကိုနဗနရဲ့ ဘလော့ကို ကူညီလုပ်ကိုင်ပေးနေတာကတော့ နားခိုရာ http://narkhoyar.blogspot.com ပိုင်ရှင်ကြီး ကိုကြီးထွန်း (ခ) ကို littlemoon ပါ...

Tuesday, September 16, 2008

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်...

သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန်
ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ...

ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Saturday, September 06, 2008

ဓာတ်ပုံတွေကို ချိန်ညှိမယ်… (Lightroom 2.0)

1. ပြင်ချင်တဲ့ ဓာတ်ပုံ select ပေးထားပါ… loupe view ရွေးထားရင်တော့ ပေါ်နေတဲ့ပုံက select ပေးထားတဲ့ပုံပေါ့ဗျာ…
2. Library ဘေးမှာရှိတဲ့ Develop ကို ကလစ်ခေါက်ပြီးရွေးပါ… Develop view ရွေးထားရင် ညာဘက် panel မှာ ပေါ်ဆုံးမှာ Histogram မြင်ရပါလိမ့်မယ်… Histogram ကို ကျွမ်းကျင်စွာ သိရင်တော့ အဲဒီကနေလည်း ကာလာတွေ ဘာတွေ ချိန်ညှိလို့ ရပါတယ်… အခု ကျတော်က Histogram ကိုကျော်ပြီး သူ့အောက်မှာရှိတဲ့ ဘားအကြောင်း ပြောပါ့မယ်… ကျတော်က Histogram အကြောင်း ကျွမ်းမှ မကျွမ်းတာကိုးဗျ…


1. နံပါတ် 1 က Crop Overlay လို့ခေါ်တယ်… ဒီကောင်လေးကို သုံးပြီး ပုံတွေကို cropping လုပ်လို့ရတယ်…
2. နံပါတ် 2 က Spot Removal tool ပါ… ဓာတ်ပုံထဲမှာ ပါတဲ့ အစက် အပျောက်တွေ ဖျောက်လို့ရပါတယ်…
3. နံပါတ် 3 က Red Eye Correction tool ပါ… Flash ဖွင့်ရိုက်ရင် လူပုံတွေရဲ့ မျက်စိမှာ ဝင်တတ်တဲ့ အနီရောင်ကို လျော့ချ ဖြေရှင်းပေးတာပါ…
4. နံပါတ် 4 က Graduated Filter ပါ… Lightroom 2.0 စပါလာတဲ့ tool ပါ… Exposure, Brightness, Contrast, Saturation, Clarity, Sharpness တွေကို gradient ပြေးတဲ့ပုံစံ ပြင်လို့ရပါတယ်…
5. နံပါတ် 5 က Adjustment Brush ပါ… ဒါလေးကလဲ Graduated Filter မျိုးပါပဲ … ဒီ brush ကိုသုံးပြီး Exposure, Brightness, Contrast, Saturation, Clarity, Sharpness တွေကို လိုချင်တဲ့နေရာမှာ စုတ်ချက်ဆွဲပြီး လိုက်ပြင်လို့ ရပါတယ်…

Lightroom ထဲမှာ ပြင်တာတွေ အကုန်လုံးက မူရင်း ပုံပေါ်မှာ ဘာမှ အကျိုးသက်ရောက်မှု မရှိပါဘူး… ကျတော်တို့ Lightroom ထဲမှာ ပြင်ထားတဲ့ မကြိုက်တော့ရင် Reset သာ နှိပ်လိုက်ပါ… Original ပုံအတိုင်း ပြင်ထွက်လာပါတယ်… Lightroom ထဲမှာ ပြင်ထားတဲ့အတိုင်း လိုချင်ရင်တော့ Export လုပ်ပေးရပါတယ်…


My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Friday, September 05, 2008

ဪ.. ငလျင် (earthquake @Yangon )

ဒီနေ့ နေ့လယ် ၃း၂၀-နာရီ ဝန်းကျင်က လှိုင်သာယာအတွင်းမှာ ငလျင် ခပ်ပြင်းပြင်းလေး လှုပ်ခတ်သွားကြောင်းပါ...

Thursday, September 04, 2008

Adobe Photoshop Lightroom 2 ထဲက ဓာတ်ပုံတွေ ပြန်ကြည့်မယ်ဆိုရင်…



1. Library ကိုရွေးပါ… ပုံထဲမှာ အနီရောင်နဲ့ ဘောင်ခတ်ပြီး 1 လို့နံပါတ်တပ်ထားပါတယ်…
2. ဘယ်ဘက် panel က Folders (ပုံထဲမှာ 2 လို့ဘောင်ခတ်ထားတဲ့ နေရာပါ) ကို expand လုပ်ထားမယ် ဆိုရင် ကျတော်တို့ Lightroom ထဲ Import လုပ်ထားတဲ့ ဓာတ်ပုံတွေကို folder အမည်လိုက် စီပေးထားပါတယ်… ပုံထဲမှာ မြင်ရတဲ့အတိုင်း Driver (D:) အောက်က Photo ဆိုတဲ့အောက်က doll ဆိုတဲ့ folder ကိုရွေးထားပါတယ်… folder အမည်တွေရဲ့ ဘေးမှာရှိနေတဲ့ ဂဏန်းတွေကတော့ ဓာတ်ပုံအရေအတွက်တွေပါ… အခု ကျတော်ရွေးထားတဲ့ doll folder ထဲမှာ ဓာတ်ပုံ ၅-ပုံပဲရှိတဲ့အတွက် ၅ လို့ပြနေတာပါ…
3. အခုဘယ်ဘက်က panel ဖျောက်ထားချင်တယ် ဆိုရင် ပုံထဲမှာ ပြထားတဲ့ နံပါတ် 3 ရဲ့ ဘယ်ဘက်မှာရှိတဲ့ မီးခိုးရောင် မြားခေါင်းလေးကို နှိပ်လိုက်ရင်ရပါတယ်…
4. ပုံသေးလေးတွေ အများကြီး ကြည့်ချင်တယ်ဆိုရင်တော့ ပုံထဲမှာ နံပါတ် 4 လို့ တပ်ထားတဲ့ Grid View ကို နှိပ်လိုက်ပါ…
5. select ပေးထားတဲ့ ပုံ ၁-ပုံတည်းကိုပဲ အကြီးကြည့်ချင်ရင်တော့ ပုံထဲမှာ နံပါတ် ၅ လို့ တပ်ထားတဲ့ Loupe View ကို နှိပ်လိုက်ပါ…

My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Tuesday, September 02, 2008

Adobe Photoshop Lightroom 2.0 ထဲကို ဓာတ်ပုံတွေ ဘယ်လို ထည့်မလဲ…?

1. File menu ထဲက Import Photos from Disk… ကိုရွေးပါ…
2. Import Photos or Lightroom Catalog dialog ပေါ်လာပြီ ဆိုရင် Look in ကနေ တဆင့် ဓာတ်ပုံသိမ်းထားတဲ့ folder သို့မဟုတ် file ရှိတဲ့ နေရာကို သွားပါ…
3. အခုကျတော်က folder ထဲမှာ ရှိတဲ့ ပုံတွေ အကုန်လုံးကို Lightroom ထဲကို ထည့်ချင်တာမို့ ကျတော် ထည့်ချင်တဲ့ folder ဖြစ်တဲ့ doll လို့အမည်ပေးထားတဲ့ folder လေးကို click ၁-ချက် ခေါက်ပြီး select ပေးပါတယ်…


4. ပြီးတော့ Import All Photos in Selected Folder ကိုနှိပ်ပါတယ်… (ဓာတ်ပုံ file ၁-ဖိုင်ကို select ပေးခဲ့ရင်တော့ Choose ခလုတ်ကို နှိပ်ပါ…)
5. Import Photos ဆိုတဲ့ dialog box ပေါ်လာရင်တော့ ကျတော် ဒီလိုလေးတွေ ရွေးပါတယ်…
File Handling: Add photos to catalog without moving
Develop Settings: None
Metadata: None
Keywords: မှာတော့ ပြန်ရှာတဲ့ အခါ လွယ်ကူအောင် keywords စကားလုံးတွေ ထည့်ထားနိုင်ပါတယ်
Initial Previews: Minimal




6. Import ခလုတ်ကို နှိပ်လိုက်ရင် Lightroom ထဲကို ဓာတ်ပုံတွေ ရောက်လာပါပြီ…

My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Monday, September 01, 2008

Nikon D90 camera အသစ်ထွက်လေပြီ...

27-Aug-08 နေ့က Nikon D90 ကင်မရာ အသစ်ထွက်တဲ့ သတင်း Dpreview.com မှာတွေ့လို့ http://www.nikon.com မှာ သွားကြည့်ဖြစ်သည်... Nikon D90 မှာ အထူးခြားဆုံး လုပ်ဆောင်ချက်က D-Movie လို့ခေါ်တဲ့ movie clip ရိုက်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာခြင်းပါ... DSLR ကင်မရာတွေမှာ ပထမဦးဆုံး ပါဝင်ခြင်းပါ... point-and-shoot ကင်မရာတွေမှာ ပါတာ တော်တော် ကြာပါပြီ... Megapixels က 12.3 megapixels ဖြစ်ပြီး Nikon's DX-format CMOS image sensor ကို သုံးထားပါတယ်... ISO ကို 200 ကနေ 3200 အထိ ပြောင်းလဲ ရိုက်ကူးနိုင်ပြီး Hi1 ထားမယ်ဆိုပါက ISO6400 နဲ့ ရိုက်ကူးနိုင်ပါတယ်... Face Detection System ပါဝင်လားပြီး LCD ကနေ တိုက်ရိုက်ကြည့်ရှု ရိုက်ကူးနိုင်တဲ့ Live View လည်း ပါဝင်လာကြောင်းပါ.... အသေးစိတ် ထပ်မံ ဖတ်ရှုလိုပါက http://chsvimg.nikon.com/products/imaging/lineup/d90/en/ နဲ့ http://www.dpreview.com/news/0808/08082702nikond90previewed.asp မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... Google Shopping နဲ့ ဈေးနှုန်းရှာကြည့်တော့ body ချည်းပဲဆိုရင် ဒေါ်လာ 1000 ဝန်းကျင်ရှိကြောင်းပါ... ကျတော်တော့ Nikon D90 ပုံတွေကြည့်ပြီး သွားရည်ကျနေကြောင်းပါ... ကျတော်ကြိုက်တဲ့ Nikon ...

My Labels: Nikon D90, Digital Single Lens Reflex Camera