gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Post title နောက်မှာ ပုံလေးတွေ ထည့်ကြမယ်...

ကျတော် အခု အနည်းငယ် ပြင်ထားတဲ့ template design မှာ Post title ရဲ့ နောက်မှာ နောက်ခံပုံ ကနုတ်လေးထည့်ထားပါတယ်... အဲဒါမျိုး ပုံတွေကို ထည့်ချင်တယ် ဆိုရင်...
ပထမဆုံး လုပ်ရမှာက post title နောက်မှာ ထည့်မယ့် ပုံကို အရင် ဖန်တီးထားပါ... ဖန်တီးထားတဲ့ ပုံကို internet ပေါ်က ပုံတင်တဲ့ site တစ်ခုခုပေါ်တင်ပါ... ရလာတဲ့ URL ADDRESS ကို မှတ်ထားပါ... ပြီးရင် blogspot ရဲ့ template ပြင်တဲ့ထဲ Edit HTML နဲ့ဝင်ပြီး post h3 ကိုရှာပါ... post h3 ရဲ့ css code ထဲမှာ အောက်က ဖော်ပြတဲ့ စာကြောင်းလေး ကို ထပ်ထည့်ပေးပါ...

background-image: url( URL ADDRESS );

ဥပမာ မူရင်းရှိနေတဲ့ post h3 ရဲ့ css code က အောက်က အတိုင်း ဆိုပါတော့....
.post h3 {
margin:.25em 0 0;
padding:0 0 4px;
font-size:140%;
font-weight:normal;
line-height:1.4em;
color:#ffcc66;
}

အဲဒီ code တွေထဲကို post title ရဲ့ နောက်မှာ ပုံပေါ်မယ့် css code ထည့်ဖြည့်ထားပါတယ်... အောက်မှာ နမူနာ ကြည့်ပါ...
.post h3 {
margin:.25em 0 0;
padding:0 0 4px;
font-size:140%;
font-weight:normal;
line-height:1.4em;
color:#ffcc66;
background-image: url( URL ADDRESS );
}
သုံးထားတဲ့ template ပေါ်မူတည်ပြီး post title ဟာ .post h3 မဟုတ်ဘဲ အခြားဟာများလဲ ဖြစ်နိုင်ပါတယ်...

ရက်စွဲကို လည်း ကျတော် တပ်ထားတဲ့ အတိုင်း လုပ်ချင်တယ်ဆိုရင်...
ရက်စွဲနောက်မှာ ခံချင်တဲ့ ပုံကို အရင် ဖန်တီးပါ... ဖ
န်တီးထားတဲ့ ပုံကို internet ပေါ်က ပုံတင်တဲ့ site တစ်ခုခုပေါ်တင်ပါ... ရလာတဲ့ URL ADDRESS ကို မှတ်ထားပါ... ပြီးရင် blogspot ရဲ့ template ပြင်တဲ့ထဲ Edit HTML နဲ့ဝင်ပြီး h2.date-header ကိုရှာပါ... h2.date-header မူရင်း css code တွေကို copy ကူးပြီး သိမ်းထားပါဦး... မူလ css code တွေ နေရာမှာ အောက်မှာ ဖော်ပြထားတဲ့ css code တွေနဲ့ အစားထိုးလိုက်ပါ...
h2.date-header {
font-family: "ZawGyi-One", ZawgyiOne, Zawgyi1;
font-size: 10px;
float: right;
width: 56px;
height:48px;
background-image: url( URL ADDRESS );
color: #E6E6E6;
text-align: center;
margin-top: 1em;
margin-right: 1em;
margin-bottom: 1em;
margin-left: 1em;
font-weight: normal;
}

URL ADDRESS ကို တော့ ပုံတင်ထားတဲ့ လိပ်စာပြောင်းပေးပါ... ဥပမာ မိမိ ပုံတင်ထားတဲ့ URL ADDRESS က http://img210.imagevenue.com/img.php?image=55095_IMG044_122_414lo.JPG ဆိုပါတော့...
background-image: url(http://img210.imagevenue.com/img.php?image=55095_IMG044_122_414lo.JPG); လို့ ပြောင်းပေးပါ...

My Labels: CSS, template, how to

Comments

Ad