gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဟိုတစ်စ ဒီတစ်စ မန္တလေး အကြောင်းတွေ (Mandalay News)


နာဂစ် မုန်တိုင်းပြီးတော့ မန္တလေးမှာ မီးများ ၂၄-နာရီ နီးနီးလာနေရာကနေ လွန်ခဲ့တဲ့ ၁၀-ရက်ကျော်မှစပြီး လာချင်တဲ့ အချိန်လာ ပျက်ချင်သည့် အချိန်ပျက် ဖြစ်သွားကြောင်းပါ... မီးလာမည့် အချိန်ကိုလည်း မှန်းလို့ မရကြောင်းပါ... မီးနှင့်အတူ စည်ပင်ရေပါ မလာသည့်အတွက် ကျတော် မောင်လှ ခင်ဗျာ ၃-ရက်ခန့် ရေဘေး ဒုက္ခသည် ဖြစ်ခဲ့ဖူးကြောင်းပါ...

ဒီလ ၂-ရက်နေ့ ညနေ ၆-နာရီ ဝန်းကျင်က လမ်း ၈၀ ပေါ် ၂၅-လမ်းထောင့်၊ ဆက်သွယ်ရေး ရုံးရှေ့မှာ ကုမ္ပဏီ တစ်ခုမှ ကြိုပို့ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းပါ... ကားရှေ့ခေါင်းခန်း ထိုင်ခုံများသာ မီးလောင်ကျွမ်းပုံ ရပါတယ်...

သင်္ကြန်မတိုင်ခင် ကတည်းက မင်္ဂလာ တံတား မီးပွိုင့်မှာ CCTV စတင် တပ်ဆင်ခဲ့ပြီး ယခု ၂၆-လမ်းနှင့် ၇၈-လမ်းထောင့် မီးပွိုင့်၊ ၃၅-လမ်းနှင့် ၇၈-လမ်းထောင့် မီးပွိုင့်များတွင်လည်း CCTV ကင်မရာများ တပ်ဆင်ထားကြောင်း တွေ့ရပါတယ်...


My labels: မြန်မာ, မန္တလေး, ဗမာ , Mandalay, Myanmar, Burma, Burmese, News

Comments

Hay Mar said…
မန္တလေးမှာ လမ်းဒေါင့်တွေမှာ ရေတွင်းတွေရှိနေတော့ လူတွေသုံးနေကြတာပါပဲ။ သုံးရက်
တောင်ရေမရရင်တော့ အတော်နံမှာပဲနော်။ အိုးခွက်တွေပြောပါတယ်။
ဒီနှစ်ကမိုးဦးစောလို့ တော်သေးတယ်ဆိုရမယ် ဆရာ လှရေ။
ကားမီးလောင်တာ ဘာလို.ပါလဲ?

Ad