gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ကြည်ညိုပါရစေ...

ရေးမယ် ရေးမယ် ဆိုပြီး မရေးဖြစ်ဘူး... ခုတော့ ရေးမှကို ဖြစ်တော့မယ်... ကျတော် ခုတလော ကြည်ညိုနေတဲ့ လူတစ်စု ရှိပါတယ်... အခြားသူများတော့ မဟုတ်ပါဘူး... မြန်မာဘလော့လောကမှာ လူသိများတဲ့ ညီလင်းဆက် (nyilynnseck.blogspot.com)စိုးဇေယျကိုမျက်လုံးနှင့် အဖွဲ့ကိုပါ... နာဂစ်ဒဏ်ခံခဲ့ရတဲ့ လပွတ္တာ ဧရိယာမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ တတ်နိုင်သမျှ ပါဝင်ပြီး ကူညီလုပ်ဆောင် ပေးနေတဲ့ မြန်မာဘလော့ဂါ အဖွဲ့ တစ်ခုဖြစ်ပါတယ်... နာဂစ်နဲ့ ပတ်သက်ပြီး ငွေလှူတာက လွဲရင် ကျတော် ဘာမှ မလုပ်နိုင်ခဲ့ဘူး... ကျတော် လှူနိုင်တဲ့ငွေကလည်း သဲတစ်ပွင့်စာ ပမာဏပဲရှိပါတယ်... သူတို့ ငွေအားအပြင် လုပ်အားကိုပါ လှူဒါန်းနိုင်ခဲ့တယ်... လုပ်နိုင်ခဲ့တယ်... ကျတော်တကယ်ကို ကြည်ညိုမိတယ်... သူတို့ကို အားကျမိတယ်...

ညီလင်းဆက်နှင့်အဖွဲ့ရေ...
ဘယ်လို အတားအဆီးပဲရှိပါစေ... အောင်မြင်စွာရှေ့ဆက်ပြီး လုပ်စရာရှိတာများကို အဆင်ပြေချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ...

My labels: မြန်မာ, ရန်ကုန်, နာဂစ်, လပွတ္တာ, ဗမာ , Myanmar, Yangon, Rangoon, Nargis, Burma, Burmese, Nyi Lynn Seck

Comments

ကိုမောင်လှကြီးရေ။ စာလေးတွေကောင်းသလို တန်ပလိပ်ကလဲ ကောင်းပါတယ်။ ဆရာတွေဆိုတော့ ဆရာတင်ချင်ပါတယ်။ ညီလေးတစ်ယောက်လို သဘောထားနိုင်ပါတယ်။
မောင်စေတနာ

Ad