photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, February 26, 2008

Fire @ Yadanabon Zay (Market) Part III

မနေ့က မီးထဲမှာ MCC ရဲ့ ရုံးခန်း ပါသွားပါတယ်... ဒီနေ့လောင်တဲ့ မီးထဲမှာ MCC အကုန်ပြာကျသွားတယ်... MCC အောက်ထပ်က Orange super market ပါ... Orange က air-con တက်ဖြုတ်ရင်း gas အိုး ပေါက်လို့ မီးထလောင်တာလို့ အခင်းဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သူငယ်ချင်းက ပြောပါတယ်... မနေ့ညကတည်း ကွန်ပျူတာများကို သယ်နိုင်ခဲ့တဲ့ အတွက် စက်ခန်း ၃-ခန်းမှ ကွန်ပျူတာများကို သယ်ယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်... ဒီနေ့ ခုံနဲ့ အခြား ပစ္စည်းများကို သယ်ယူဖို့ ခွင့်ပြုချက်ကို လမ်းမပေါ်မှာ စောင့်ဆိုင်းနေရင်း အခုလို မီးလောင်တာ ဖြစ်ကြောင်း သိရပါတယ်... MCC မှ ၀န်ထမ်းများ ထိခိုက်ဒဏ်ရာ ရမှုလည်း မရှိဘူးလို့ သိရပါတယ်...

MgHla ex-Lecturer (MCC Mandalay Branch)

My labels: Mandalay News, Fire at Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

2 comments:

CMS said...

ထိခိုက်ဒဏ်ရာမရရှိကြဘူးကြားလို့ ၀မ်းသာပါတယ်။ မီးထဲပါသွားတာကတော့ ၀မ်းနည်းဆရာပဲ ဆရာတုံရေ :(

MYO HAN HTUN said...

ကွန်ပျူတာတွေ သယ်လို့ရတယ် ဆိုတာကပဲ ၀မ်းသာစရာပါ။ အမ်စီစီအတွက်တော့ အဆိုးထဲက အကောင်းလို့ ဆိုရတော့မှာပဲ ဗျာ ..

ကိုတိုး