photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Sunday, February 17, 2008

Burglish WebText Editor

မနေ့က ညီငယ် Saturngod's Blog ကို ရောက်သွားတော့မှ သူညွှန်းထားတဲ့ Burglish WebText Editor ကို စမ်းကြည့်မိတယ်... တော်တော်လေးကို သဘောကျမိတယ်... Zawgyi keyboard layout မရှိတဲ့ ကွန်ပျူတာတွေမှာ Zawgyi-One နဲ့ စာရိုက်ချင်တယ် ဆိုရင် အဲဒီမှာ ရိုက်လို့ရတယ်... အဲဒါ အပြင် burglish သုံးပြီး Zawgyi-One, UniBurma, Myazedi, PadaukOT, Myanmar3 စာလုံးတွေနဲ့ မြန်မာလို ပေါ်အောင်လည်း ရိုက်လို့ရတယ်... ကျတော်ကတော့ မြန်မာတွေ burglish သုံးတာကို အားမပေးပေမယ့်... မြန်မာစာ လေ့လာနေတဲ့ နိုင်ငံခြားသားတွေ burglish သုံးဖို့အတွက် လုပ်ပေးနေတာကို ထောက်ခံတယ်... အားပေးတယ်... အခု ပြောနေတဲ့ Burglish ရယ်၊ Font converter များကို အခမဲ့ download လုပ်ခွင့် ပေးထားတာကို လည်း တွေ့ရတော့ တီထွင်သူများကို လေးစား ကြည်ညိုမိတယ်... အရင်တုန်းက အခု ပုံစံ ဖြစ်လာမယ့် burglish ကို စမ်းသုံးကြည့် ဖူးပေမယ့် မကြိုက်ခဲ့ဘူး... အခု ဖြစ်လာတဲ့ burglish ကို တော်တော်လေး ကြိုက်မိတယ်... ကိုစိုးမင်း ဦးဆောင် ရေးသား နေတဲ့ burglish project ဟာ web အခြေပြုတင်မက Windows မှာ ပါသုံးနိုင်တဲ့ Microsoft ကပါ အသိအမှတ်ပြုမယ့် keyboard layout/IME တစ်ခုလည်း ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...


links :
http://www.soemin.net/
Burglish WebText Editor
Burglish Code @ Google
http://www.mmgeeks.org/

My labels: Myanmar News, Unicode, Web Text Editor, မြန်မာ, ယူနီကုဒ်, Tech News, burglish, နည်းပညာ သတင်း

No comments: