Skip to main content

သြော်... ချဉ်ပေါင်ကြော်...

မောင်လှရေ...
မနေ့က ရုံးဆင်းတော့ ဆိုင်ကယ် ဆီသွားထုတ်ပြီး ပြန်လာတော့ တောင်ဘက်ကို ကြည့်လိုက်တော့ မိုးသားတွေ မည်းနေတာနဲ့ .. အိမ်ကို အမြန်ပြန်တာ ကီးမားတင်ဝင်းရှေ့လဲ ရောက်ရော ရွာချလိုက်တဲ့ မိုးတွေ မိုးတွေ... ရေတွေကလည်း အများကြီး ပါသလား မမေးနဲ့... မိုးသည်းနေတာနဲ့ ညစာ အတွက် ဟင်းတောင် ဝင်မဝယ်နိုင်ဘူး... အိမ်ပြန်ရောက်တော့ ဟိုနေ့က အမေ့ဆီခဏ သွားရင် အမေပေးလိုက်တဲ့ ချဉ်ပေါင်ရွက်ကြော်ရယ်... အိမ်သူ သက်ထား ဇနီး မယား မိန်းမ ကြော်ကျွေးတဲ့ ဝက်အူချောင်းကြော်နဲ့ ဂျင်းသုတ်ရယ်နဲ့ ညစာ စားရတာ ထမင်းစားလို့ ကောင်းလိုက်တာကွာ... ပြောမနေပါနဲ့တော့...
သတိရလို့ ပြောရဦးမယ်... ချဉ်ပေါင်ကြော်သွားယူရင်းနဲ့ အမေကပြောတယ်... သား ကိုလှရေ... အခု ပဲဆီဈေးက ၁-ပိသာ ၃၈၀၀-ကျပ် ဖြစ်နေပြီ... မင်းကြိုက်တဲ့ ဝက်သားနဲ့ အမဲသားက ၄၈၀၀-ကျပ်၊ ကြက်သားကတော့ မစားသေးတော့ အမေလည်း မမေးမိဘူး... အရှေ့ဘက် ၂-အိမ်ကျော်က မူလတန်းကျောင်း သွားအပ်ဖို့မေးတာ အလှူငွေ ကျပ် ၅-ပုလင်း ထည့်ရမယ်တဲ့... မိန်းမကပြောတယ် ဓာတ်ဆီတွေ ဈေးကျတယ်တော်ရေ... တစ်ဂါလံ ၃၅၀၀-ကျပ်တဲ့... မိုးတွင်းဆိုတော့ ရွှေတူးတဲ့လူတွေ အလုပ်နားလို့ ဈေးကျတယ်တဲ့ တော်ရေ... ဓာတ်ဆီဆိုင်ကလူ ပြောလိုက်တာပဲ...
အမယ်လေး... မောင်လှရေ... အဲကွန်းကလည်း အေးလိုက်တာ... အေးမှပေါ့ဟ အပြင်မှာ မိုးတွေ ရွာနေတုန်းလေ... အပြင်မှာနေပူရင် အဲကွန်းလည်း လိုက်ပူတယ် သိလား...

ချောင်းဆိုး၊ ဖျားနာ၊ နှာချေခြင်းများ ကင်းဝေးပါစေကွာ...


My Labels: မောင်လှရေ, Mandalay News

Comments

ကောင်းပါလေ့ .. nice to read
Anonymous said…
don't hv Myanmar font at the moment..even wanna write in Burmese. But I miss 'Chin Pound Kyaw'!!! and such a good 'Chin Pound Kyaw' passage ^ ^

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...