photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Monday, April 02, 2007

D Corner V2 Robot သရုပ်ပြပွဲ

မနေ့က ကိုသခင်ကြီးရယ်၊ ကျတော်ရယ်၊ ဘုဃံဏက်ရယ် Skywalk မှာ D Corner က လုပ်တဲ့ V2 စက်ရုပ်ပြပွဲနဲ့ IT ပစ္စည်းများ ပြပွဲကို ရောက်ခဲ့လေသည်...



ဒီအပေါ် ၂-ပုံက D Corner က ကိုကျော်ကျော်က V2 စက်ရုပ် အကြောင်း ရှင်းပြနေတာပါ... အိမ်စောင့်နိုင်တယ်... စကားပြန်ပြောနိုင်တယ်... ဓာတ်ပုံရိုက်ရင် အိုက်တင်ပေးတတ်တယ်... ပစ္စည်းလှမ်းတောင်းတတ်တယ်... ဘယ်သွားမလဲဆိုတာ မေးတတ်တယ်... စိတ်တိုတတ်တယ်... ကတတ်တယ်... လူတွေရဲ့မျက်နှာကို လိုက်ကြည့်တတ်တဲ့ စက်ရုပ်ပါ... ညဘက်ဆို ၁၅-ပေ အကွာအဝေးမှာ လှုပ်ရှားမှုရှိရင် အချက်ပေးတယ်လို့ ဆိုပါတယ်... စိတ်ဝင်စားဖို့ကောင်းတဲ့ စက်ရုပ်လေးပါ... စက်ရုပ်တန်ဖိုးက ကျပ် ၁၀-သိန်း ဝန်းကျင် ဖြစ်ကြောင်း သိရပါတယ်...


ကိုကျော်ကျော်က သူတကယ် ရောင်းချင်တာ စက်ရုပ်မဟုတ်ပါဘူးတဲ့... Digital Camera, နဲ့ TV Wii Game စက်တွေပါတဲ့... စက်ရုပ်က မန္တလေးကလူတွေ စိတ်ဝင်စားအောင်၊ မြင်ဖူးအောင် ယူလာတယ် ဆိုပါတယ်... အပေါ်က ပုံက သင်္ကြန်ကင်မရာပါ... ကျတော်တို့ကို D Corner က မမ တစ်ယောက် ရှင်းပြပေးနေတာပါ... Olympus က ထုတ်လုပ်တာဖြစ်ပြီး model ၂-မျိုး ရှိပါတယ်... ၁-မျိုးက ၅-သိန်း ဝန်းကျင်ဖြစ်ပြီး၊ နောက် ၁-မျိုးက ၆-သိန်း ဝန်းကျင်ပါ... လက်ဆောင်အနေနဲ့ 1GB memory card ပေးမှာပါတဲ့ဗျာ...
မမက ရှင်းပြနေရင်း ကင်မရာကို လွှတ်ချလိုက်လို့ လန့်သွားတာပဲ... ကင်မရာက အကြမ်းပတမ်းခံတာကို ပြတာပါ... ရေစိမ်လည်း ဘာမှ မဖြစ်ပါဘူး... ကျတော်တို့ ပြန်ခါနီး ကိုကျော်ကျော်က စင်ပေါ်မှာ ကင်မရာကို ခဏခဏ အောက်ပြစ်ချလိုက် ရေထဲစိမ်ပြလိုက်၊ ဖနောင့်နဲ့ ပေါက်ပြလိုက် လုပ်တာတောင် ကင်မရာ ဘာမှ မဖြစ်ပါဘူး... သင်္ကြန်မှာ ရေစိုပြီး ကင်မရာပျက်မှာ စိုးရိမ်နေသူတွေ D corner မှာ အပြေးအလွှားနဲ့ သွားဝယ်လိုက်ပါဦး...

ဝယ်ဝယ် မဝယ်ဝယ် စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့ D Corner က ကိုကျော်ကျော် နဲ့ အဖွဲ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်...

ဒီ သရုပ်ပြပွဲကတော့ ဧပြီ ၁၊ ၂၊ ၃ ရက်နေ့တွေမှာ Skywalk promotion area တွေမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်...

My Labels: မန္တလေး သတင်း, Myanmar News, MDY

1 comment:

MYO HAN HTUN said...

ကိုမောင်လှ ရေ ..

မန္တလေးသတင်းတွေကို အမြဲတင်ပေးနေတဲ့အတွက် မန္တလေးနဲ့ ခွဲခွာခဲ့ရတာ ၄ နှစ်နီးပါးရှိပေမယ့် .. သတင်းလေးတွေဖတ် ပုံလေးတွေ ကြည့်ပြီး စိတ်ကူးနဲ့ ပုံဖော်ခန့်မှန်းကြည့်နေနိုင်တာကိုပဲ ကျေးဇူးအများကြီးတင်ပါတယ်။

လေးစားလျှက်

ကိုတိုး