gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၃

ပြောရဦးမယ်... မောင်မိုးဆိုတာ ဆော်ကြည်ဘဲ... မှတ်မိသေးသည်... ၁၀-တန်း Physics ကျူရှင်က ကောင်မလေး တစ်ယောက်ကို မောင်မိုးစာပေးသည်... အနှီကောင်မလေးလည်း မောင်မိုးကို ပြန်ကြိုက်သည်... မောင်မိုး ထိုကောင်မလေးကို ပေးသောစာမှာ ကျတော် ပေါက်ကရရေးထားသောစာ ဖြစ်၏... သူများတွေလို ပန်းနုရောင်ဖျော့ဖျော့ အချစ်သင်္ကေတလေးတွေနှင့် နုနုရွရွ ရေးထားသော စာဟု ထင်လျှင်သော မှားသွားလိမ့်မည်... မောင်မိုး၏ ဗလာစာအုပ် နောက်ကျော... မောင်မိုး ကာတွန်းပုံအကြမ်းများ ဆွဲထားသော နေရာအောက် စုတ်စုတ်ပြတ်ပြတ် ပေါက်ကရ လျှောက်ရေးထားခြင်း ဖြစ်သည်... “မင်း ကိုယ့်ကို ပြန်မကြိုက်ရင် ကိုယ့်ရဲ့ အသည်းနှလုံးကို အယ်လ်ကိုဟောထဲ စိမ်လိုက်တော့မည်...” “နစ်ကိုတင်း ဓာတ်ငွေ့တွေထဲမှာ ကိုယ့်ရဲ့ အချစ်တွေကို မြှုပ်နှံလိုက်တော့မယ်...” ဆိုတဲ့ စကားလုံးတွေ ပါတာတော့ မှတ်မိသည်... ကျတော့် လက်ရေးနှင့် ထိုရည်းစားစာကို မောင်မိုးက ပြန်မကူးဘဲ ထိုအတိုင်းပေးလိုက်တာ... အနှီကောင်မလေးက သူ့ကိုပြန်ကြိုက်လေသည်... ကြာကြာတော့ မခံပါ... ထိုဇာတ်လမ်းက လက်လေးတောင် မကိုင်လိုက်ရဘဲ ဆယ်တန်း စာမေးပွဲ ဖြေပြီးတော့ ပြီးသွားလေသည်...
မောင်မိုးအသက်ထက် သူ့ကောင်မလေး အရေအတွက်က ပိုများမည်ဟု ထင်သည်... သြော်... ဆော်ကြည်တဲ့ မောင်မိုး အကြောင်း ဒီမှာ နားပါရစေ... ဆော်များပေမယ့် မောင်မိုးသည် စည်းမဖောက်...

နောက်တစ်ယောက်အကြောင်း ပြောမည်... သူက ရှမ်းကြီး... သူ့နာမည် အရင်းက စိုင်း နဲ့စပြီးစုစုပေါင်း စာလုံး ငါးလုံး ပါလေသည်... ကျတော်တို့ ကျောင်းမှာ၊ ကျတော်တို့ နှစ်မှာ အတော်ဆုံးကျောင်းသား ဖြစ်လေသည်... ဘယ်လိုလုပ်ပြီး အတန်းထဲက အလယ်အလတ် ဆိုးသွမ်းသော ကျတော်တို့နှင့် သူ လာပေါင်းဖြစ်သွားသနည်း... ကျောင်းမှာ ပန်းချီပြိုင်ပွဲတွေ ဝင်ပြိုင်ရင်းနဲ့ ပေါင်းဖြစ်သွားခြင်းဖြစ်သည်... သူကျတော်တို့နှစ်မှာ ဘာသာစုံ ဂုဏ်ထူးနှင့်အောင်လေသည်... သူတက်သော တက္ကသိုလ် နှောက်ဆုံးနှစ်မှာလည်း ဆု ၃-ခုပေးတာ ဆု ၃-ခုစလုံးကို ရယူနိုင်ခဲ့သည်... ကျတော်တို့ ဆယ်တန်းနှစ်မှာမှ စသည် ထင်ပါသည်... ဘာလဲဆိုတော့ မြန်မာ့ရုပ်မြင်သံကြားက တီဗီ ဥာဏ်စမ်း ပဟေဠိပါ... အဲဒီ ပြိုင်ပွဲကို မန္တလေးတိုင်း ကိုယ်စားပြုပြီး သွားပြိုင်ရသည်... ဒီကောင်ကြီးက ကျတော်တို့ ကျောင်း ပတ်ဝန်းကျင်က အမျိုးသမီး သီးသန့်ကျောင်းတွေမှာ စာတော်တယ်လို့ နာမည်ကြီးသည်... တီဗီဥာဏ်စမ်းပြိုင်ပွဲမှာ ရှမ်းကြီး ဝင်ပြိုင်တယ်ဆိုလို့ ကြည့်ကြတာ အဲဒီနေ့ စာတောင် မကျက်ဖြစ်ကြဘူးဆိုပဲ... စာတော်ပြီး တော်တော်ချောမယ် ထင်နေကြတာလေ... အဲဒီနေ့က ကြည့်ကြသူတွေ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပေ...

My Tags: မောင်လှရေ..., MaungHla, MgHla, Poe Zaw, Painter, Artist, Designer, U Ba Kyi, Shan Gyi


Comments

mr sann oo said…
where is your CBOX ???
Chan Mya Soe said…
ဖွက်ထားတယ် ... ပြဘူး :P

Ad