gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Mandalay ICT Expo 2007

မနေ့က ၅-ကြိမ်မြောက် ကျင်းပတဲ့ ICT ပြပွဲကို ရောက်ခဲ့တယ်... မန္တလေး မြို့တော်ခန်းမ-၁ မှာ ကျင်းပတာပါ... မနေ့ကစပြီး မနက်ဖြန် အထိ ၃-ရက် ကျင်းပမယ့် ပွဲပါ... ဘာတွေ အများဆုံးတွေ့ခဲ့လဲ ဆိုတော့ Hardware ပစ္စည်းတွေပဲ အများဆုံးတွေ့ခဲ့ပါတယ်... Asus က ၁၇-သိန်းကျော် တန်တဲ့ ကွန်ပျူတာ တစ်စုံကတော့ အရောင်းဆိုင်တိုင်း နီးပါးမှာ တွေ့ခဲ့ရပါတယ်... System Unit ပုံ ခပ်ကြီးကြီး ခပ်ဆန်းဆန်းနဲ့ LCD မော်နီတာက အထက်အောက် ဘယ်ညာ လှည့်လို့ရပါတယ်... ပြည်တွင်းဖြစ် Software ကုမ္ပဏီ ၂-ခုမှာ ဝင်ကြည့်တဲ့လူ မရှိသလောက်ပါပဲ... ပြပွဲ အဝင်ပေါက်နားမှာ ရှိတဲ့ ကုမ္ပဏီဆို ဆိုင်ခန်း ၂-ခန်းယူထားတော့ လူမဝင်တာ ပိုသိသာပါတယ်... နောက်တစ်ခုကတော့ hardware ရောင်းဆိုင်တွေများတဲ့ နေရာမှာ ဆိုင်ခန်း ၁-ခန်းစာပဲ ယူထားတော့ လူဝင်နည်းတာ သိပ်မသိသာပါဘူး...
ဓာတ်ပုံထဲက ပထမဆုံးပုံက Service+ က Internet Survey ကောက်နေတာပါ... ဘာညာဘာညာ ကိုသိလား မေးမိတော့ အကိုက ဘယ်သူလဲဆိုတော့ ကျတော် မောင်လှပါ ပြောမိတော့... ဟယ် ကိုမောင်လှကြီးတော့... ဘလော့က ရုပ်နဲ့လည်း မတူဘူး... အပြင်က ပိုငယ်တယ်ဆိုပြီး ပြောကြပါတယ်... ကျတော်လည်း သူတို့ မြှောက်ပင့်တာကို မမြှောက်နိုင်ဘူး ဖြစ်နေတယ်... ဆိုင်ကယ်သော့ ပျောက်နေလို့လေ... ဓာတ်ပုံက ဆိုင်ကယ်သော့ ပြန်တွေ့မှ နောက်တစ်ခေါက် ပြခန်းထဲ ထပ်ဝင်ပြီး ရိုက်ထားတာ... မောင်လှဆိုတာ အပြင်မှာ ရုပ်ဆိုးဆိုးနဲ့ လူကြီး မဟုတ်၊ လူငယ် မဟုတ် ကောင်ကြီးပါ... :D မနေ့က ဆိုင်ကယ်သော့ ပျောက်လို့ ကျတော်နဲ့ အတူ ဒုက္ခခံလိုက်ရတာ ဘုဃံဏတ်ပါ...
Mandalay Alpha ကနေ ရလာတဲ့ လက်ဆောင်ကို နောက်တစ်စောင် အနေနဲ့ ထပ်တင်ပါမယ်...







Comments

Anonymous said…
don't dwell in the dark.

http://zinnyaw.blogspot.com
Chan Mya Soe said…
စည်သလိုလို မစည်သလိုလိုပဲ
Konge said…
Still going Strong???
TZA said…
ကိုမောင်လှကျေးဇူးနဲ့ပဲမန်းလေးသတင်းတွေအစုံဖတ်ရတယ်..
ကျေးဇူးတင်ပါတယ်။

Ad