photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Wednesday, February 21, 2007

ကြည့်ကြမယ်ဟေ့...

HIV ကူးစက်ခံ ဝေဒနာရှင်များအတွက် CHARITY MUSIC SHOW ဆိုပြီး METAL ZONE BAND တီးခတ်မှုနှင့်အတူ မျိုးကျော့မြိုင်၊ ကျော်ရဲအောင်၊ ဖြိုးကြီး၊ ဒွေး၊ မောင်မော်ဇော်လတ်၊ သားညီ၊ ကော်နီ၊ နေထက်လင်း၊ ဇွဲနိုင်ဝင်း၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ အေးဝတ်ရည်သောင်း၊ နှင်းဝတ်ရည်သောင်းနှင့် သဇင် စတဲ့ အနုပညာရှင်များ ဖျော်ဖြေကြမယ် လို့ သိရပြီး ၂၂-၂-၀၇ ရက်နေ့ ညနေ ၆-နာရီမှာ Mandalay Swan Hotel မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဝင်းကြေးကတော့ ၁၄၀၀၀-ကျပ်နှင့် ၁၀၀၀၀-ကျပ် ဖြစ်ကြောင်း သိရပါတယ်...

အလားတူ မန္တလေးတောင်ခြေမှာ တည်ရှိတဲ့ Mandalay Hill Resort (ယခင် Novotel Hotel) မှာ Lazy Club + တယော ချမ်းဟိန်းကြွယ် + ပက်ကားရှင်းနစ် နေသစ်မိုး တို့ရဲ့ တီးခတ်မှုနဲ့အတူ စိုင်းစိုင်း ခမ်းလှိုင်၊ ဇော်ပိုင်၊ အဲလက်စ်၊ Lလွန်းဝါ၊ ဖြူဖြူကျော်သိန်း၊ ရေဗက္ကာဝင်း၊ Lဆိုင်းဇီနဲ့ No အဖွဲ့တို့ ပါဝင် ဖျော်ဖြေမယ့် ဂီတ ဖျော်ဖြေပွဲကို
၂၈-၂-၀၇ ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဝင်ကြေးများကတော့ ၁၆၀၀၀-ကျပ်၊ ၁၂၀၀၀-ကျပ်၊ ၈၀၀၀-ကျပ် တို့ ဖြစ်ကြတယ်လို့ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ သတင်းစာပါ ကြော်ငြာများအရ သိရပါတယ်...

No comments: