gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန္တလေးမှာ ဒီလို ဒီလို

မနေ့က မနက်ပိုင်းကနေစပြီး နေ့လယ် ၂-နာရီလောက်အထိ မိုးရွာပြီး ကျတော်တို့ မန္တလေးမြို့ကြီး အရမ်းအေးနေလေရဲ့...
၇၈-လမ်းနဲ့ ၃၈-လမ်းထောင့်မှာ တည်ရှိတဲ့ Quality Life Quality Shopping ဆိုတဲ့ ဆောင်ပုဒ်နဲ့ 78th Shopping Mall ကြီး မနေ့က စဖွင့်ပါတယ်... တကယ်တန်း မြေညီထပ်မှာ ရှိတဲ့ မန္တလေးအတွက် ပထမဆုံး ဆိုင်ခွဲ ဖြစ်တဲ့ City Mart တစ်ခုပဲ ဖွင့်သေးတာပါ... ကျန်တဲ့ ဆိုင်တွေကတော့ အနည်းငယ်ပဲဖွင့်နိုင်သေးပါတယ်... City Mart မှာတော့ ညဘက် လူတွေ များသလားမမေးပါနဲ့ ဓာတ်ပုံကိုသာ ရှုပါတော့...




မနေ့ညနေ ဧရာဝတီ မြစ်ဘက်သွားပြီး နေဝင်ချိန်ဓာတ်ပုံသွားရိုက်ပါတယ်... အလွန်ညံ့လှတဲ့ မောင်လှ စိတ်ကြိုက် ၁-ပုံမှ မရပါဘူး... အဆင်ပြေမယ်ထင်တာလေး တင်လိုက်ပါတယ်... အောက်ပုံက မန္တလေး ကန်တော်ကြီး ရေပြင်ကို ဖြတ်ပြီး ရိုက်ထားတာပါ... ဘယ်ဘက်က မီးထိန်ထိန်လင်းနေတဲ့ ဘုရားက မဟာမြတ်မုနိဘုရားကြီးပါ...



Comments

Chan Mya Soe said…
ဖွင့်ခါစမို့လား မသိဘူး။ တော်တော်စည်တာပဲ။

ကျေးဇူးပဲ ကိုတုံ
MYO HAN HTUN said…
ပုံတွေကကောင်းပါတယ် ဗျာ။ မန္တလေးအကြောင်းတွေဖတ်ရတာ သိပ်သဘောကျပါတယ်။ အခုလိုမန္တလေးအကြောင်းတွေကို အမြဲတင်ပေးတဲ့ ကိုမောင်လှ ကို ကျေးဇူးအထူးတင်ပါတယ်။

ကိုတိုး
Anonymous said…
အကိုရေ..
sky walk ဆိုတာကိုတော့ ရောက်ဖူးတယ်.. ဘူတာကြီးရှေ့နားလေးကလေ..shopping centre အသစ်ဖွင့်တယ်ဆိုတော့
မန္တလေးမှာရှိတဲ့သူတွေတော်တော်ချမ်းသာနေလို့ပေါ့နော်..
ကျေးဇူး
Anonymous said…
မောင်

Ad