မန္တလေးမှာ ပြီးခဲ့တဲ့ ၂၃-ရက် ဝန်းကျင်ကစပြီး လမ်းမပေါ်မှာနေတဲ့ ဘဲဥများ သိသိသာသာ ပျောက်ခြင်းမလှ ပျောက်ကုန်ပါတယ်... မန်းသားတို့ရဲ့ မူအတိုင်း တစ်ဦးကို တစ်ဦး နားလည်မှုနဲ့ သွားလာနေကြကြောင်းပါ...
Tuesday, February 27, 2007
Saturday, February 24, 2007
ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD
Posted by
MgHla
at
2:32 pm
မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ...
Mandalay ICT Expo 2007
Posted by
MgHla
at
1:02 pm
မနေ့က ၅-ကြိမ်မြောက် ကျင်းပတဲ့ ICT ပြပွဲကို ရောက်ခဲ့တယ်... မန္တလေး မြို့တော်ခန်းမ-၁ မှာ ကျင်းပတာပါ... မနေ့ကစပြီး မနက်ဖြန် အထိ ၃-ရက် ကျင်းပမယ့် ပွဲပါ... ဘာတွေ အများဆုံးတွေ့ခဲ့လဲ ဆိုတော့ Hardware ပစ္စည်းတွေပဲ အများဆုံးတွေ့ခဲ့ပါတယ်... Asus က ၁၇-သိန်းကျော် တန်တဲ့ ကွန်ပျူတာ တစ်စုံကတော့ အရောင်းဆိုင်တိုင်း နီးပါးမှာ တွေ့ခဲ့ရပါတယ်... System Unit ပုံ ခပ်ကြီးကြီး ခပ်ဆန်းဆန်းနဲ့ LCD မော်နီတာက အထက်အောက် ဘယ်ညာ လှည့်လို့ရပါတယ်... ပြည်တွင်းဖြစ် Software ကုမ္ပဏီ ၂-ခုမှာ ဝင်ကြည့်တဲ့လူ မရှိသလောက်ပါပဲ... ပြပွဲ အဝင်ပေါက်နားမှာ ရှိတဲ့ ကုမ္ပဏီဆို ဆိုင်ခန်း ၂-ခန်းယူထားတော့ လူမဝင်တာ ပိုသိသာပါတယ်... နောက်တစ်ခုကတော့ hardware ရောင်းဆိုင်တွေများတဲ့ နေရာမှာ ဆိုင်ခန်း ၁-ခန်းစာပဲ ယူထားတော့ လူဝင်နည်းတာ သိပ်မသိသာပါဘူး...
ဓာတ်ပုံထဲက ပထမဆုံးပုံက Service+ က Internet Survey ကောက်နေတာပါ... ဘာညာဘာညာ ကိုသိလား မေးမိတော့ အကိုက ဘယ်သူလဲဆိုတော့ ကျတော် မောင်လှပါ ပြောမိတော့... ဟယ် ကိုမောင်လှကြီးတော့... ဘလော့က ရုပ်နဲ့လည်း မတူဘူး... အပြင်က ပိုငယ်တယ်ဆိုပြီး ပြောကြပါတယ်... ကျတော်လည်း သူတို့ မြှောက်ပင့်တာကို မမြှောက်နိုင်ဘူး ဖြစ်နေတယ်... ဆိုင်ကယ်သော့ ပျောက်နေလို့လေ... ဓာတ်ပုံက ဆိုင်ကယ်သော့ ပြန်တွေ့မှ နောက်တစ်ခေါက် ပြခန်းထဲ ထပ်ဝင်ပြီး ရိုက်ထားတာ... မောင်လှဆိုတာ အပြင်မှာ ရုပ်ဆိုးဆိုးနဲ့ လူကြီး မဟုတ်၊ လူငယ် မဟုတ် ကောင်ကြီးပါ... :D မနေ့က ဆိုင်ကယ်သော့ ပျောက်လို့ ကျတော်နဲ့ အတူ ဒုက္ခခံလိုက်ရတာ ဘုဃံဏတ်ပါ...
Mandalay Alpha ကနေ ရလာတဲ့ လက်ဆောင်ကို နောက်တစ်စောင် အနေနဲ့ ထပ်တင်ပါမယ်...

Wednesday, February 21, 2007
Bagan @ Pagan
Posted by
MgHla
at
9:31 am
တရုတ်နှစ်သစ်ကူး ၃-ရက် ပိတ်လို့ ရုံးက မားကတ်တင်း မန်နေဂျာ စုံတွဲနဲ့အတူ ပုဂံကို အပန်းဖြေ ခရီး ထွက်ဖြစ်ပါတယ်... ကျတော် ခဏ ခဏ မရိုးပဲ သွားချင်တာ ပုဂံ ညောင်ဦးပါပဲ... ဘယ်လို သဘောကျမှန်း မသိပါဘူး... ကျတော့်ရဲ့ မဖြစ်ညစ်ကျယ် လက်ညှိုးလေးကွေးပြီး နှိပ်ထားတာတွေကို ကြည့်ရှုကြပါဦး... ကြိုက်တယ်ဆိုရင် ကျတော့်ကို ဓာတ်ပုံပညာတွေ ကြုံရင် ကြုံသလို သင်ပေးနေတဲ့ ကိုသခင်ကြီးကို တပည့်လေး တော်ကြောင်း ပြောပေးပါ... မကောင်းဘူး ဆိုရင်တော့ အလွန်တရာ မှန်ဥာဏ်အား မကောင်းတဲ့ ကျတော့်ကို ပြောပါ...

ကြည့်ကြမယ်ဟေ့...
Posted by
MgHla
at
9:05 am
HIV ကူးစက်ခံ ဝေဒနာရှင်များအတွက် CHARITY MUSIC SHOW ဆိုပြီး METAL ZONE BAND တီးခတ်မှုနှင့်အတူ မျိုးကျော့မြိုင်၊ ကျော်ရဲအောင်၊ ဖြိုးကြီး၊ ဒွေး၊ မောင်မော်ဇော်လတ်၊ သားညီ၊ ကော်နီ၊ နေထက်လင်း၊ ဇွဲနိုင်ဝင်း၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ အေးဝတ်ရည်သောင်း၊ နှင်းဝတ်ရည်သောင်းနှင့် သဇင် စတဲ့ အနုပညာရှင်များ ဖျော်ဖြေကြမယ် လို့ သိရပြီး ၂၂-၂-၀၇ ရက်နေ့ ညနေ ၆-နာရီမှာ Mandalay Swan Hotel မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဝင်းကြေးကတော့ ၁၄၀၀၀-ကျပ်နှင့် ၁၀၀၀၀-ကျပ် ဖြစ်ကြောင်း သိရပါတယ်...
အလားတူ မန္တလေးတောင်ခြေမှာ တည်ရှိတဲ့ Mandalay Hill Resort (ယခင် Novotel Hotel) မှာ Lazy Club + တယော ချမ်းဟိန်းကြွယ် + ပက်ကားရှင်းနစ် နေသစ်မိုး တို့ရဲ့ တီးခတ်မှုနဲ့အတူ စိုင်းစိုင်း ခမ်းလှိုင်၊ ဇော်ပိုင်၊ အဲလက်စ်၊ Lလွန်းဝါ၊ ဖြူဖြူကျော်သိန်း၊ ရေဗက္ကာဝင်း၊ Lဆိုင်းဇီနဲ့ No အဖွဲ့တို့ ပါဝင် ဖျော်ဖြေမယ့် ဂီတ ဖျော်ဖြေပွဲကို ၂၈-၂-၀၇ ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဝင်ကြေးများကတော့ ၁၆၀၀၀-ကျပ်၊ ၁၂၀၀၀-ကျပ်၊ ၈၀၀၀-ကျပ် တို့ ဖြစ်ကြတယ်လို့ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ သတင်းစာပါ ကြော်ငြာများအရ သိရပါတယ်...

Wednesday, February 14, 2007
တောင်ကြီးမြို့ကို အလည် တစ်ခေါက်ရောက်ခဲ့တယ်...
Posted by
MgHla
at
10:58 am
အလုပ်ကိစ္စနဲ့ တောင်ကြီးမြို့ကို အလည်ရောက်ခဲ့ပါတယ်... အရမ်းအေးမယ်လို့ ထင်ထားခဲ့ပေမယ့် ထင်သလောက် မအေးပါဘူး... မန္တလေးထက်စာရင်တော့ အေးပါသေးတယ်... ညဘက်နဲ့ မနက်ပိုင်းမှာတော့ အအေးပို ပါတယ်... ဖိနပ်ဝယ်ဖို့ လိုက်ကြည့်တာ ကြိုက်တာတွေ့တော့ ကျတော်နဲ့ တော်တာ မရှိတာနဲ့ပဲ သမီးလေးအတွက်ပဲ ဖိနပ်ဝယ်ဖြစ်ပါတယ်...
ဓာတ်ပုံတွေလည်း ရိုက်ဖြစ်ခဲ့ပါတယ်... အချိန်မှီ သွားရမှာမို့ ကားပေါ်ကနေပဲ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တာများပါတယ်...
ဓာတ်ပုံတွေလည်း ရိုက်ဖြစ်ခဲ့ပါတယ်... အချိန်မှီ သွားရမှာမို့ ကားပေါ်ကနေပဲ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တာများပါတယ်...

Saturday, February 10, 2007
ကိုအချစ်ကြမ်းပိုးကြီး (Love-bug) မင်္ဂလာဆောင်လေပြီ...
Posted by
MgHla
at
4:07 pm
BaganNET forum မှာကတည်းက ရေးဖော်ရေးဖက်၊ NativeMyanmar.com မှာလည်း ရေးဖော်ရေးဖက် သူငယ်ချင်းကြီး၊ လူပျိုသိုးကြီး ကိုlove-bug မနေ့က မင်္ဂလာဆောင်လေသည်... နေးတစ်က ရေးဖော်ရေးဖက် သူငယ်ချင်းများ သွားကြလေသည်... ကိုသခင်ကြီးတော့ ရေနံချောင်းက မင်္ဂလာဆောင် သွားနေလို့ မတက်ရောက် နိုင်ပါ... သူငယ်ချင်းတို့ ဇနီးမောင်နှံ ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်နိုင်ပြီး သား သမီး မြေ မြစ် တီ တွတ် ကျွတ် ဆတ် များစွာဖြင့် အောင်မြင် ပျော်ရွှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာသော မိသားစု ဘဝကို ပိုင်ဆိုင်နိုင်ပါစေသောဝ်...
လတ်လတ်ဆတ်ဆတ် မန္တလေး သတင်းတွေ...
Posted by
MgHla
at
11:26 am
မန္တလေးမြို့ရဲ့ အဓိက လမ်းမကြီး ဖြစ်လာတဲ့ ၇၈-လမ်းဟာ ၂၆-လမ်းမကြီးကနေစပြီး ခုဆို ၃၈-လမ်းအထိ အထင်ကရ ဆိုင်များ၊ shopping mall များနဲ့ စည်ကားလာပြီး မန္တလေးမြို့ရဲ့ မဟာ downtown ဧရိယာဖြစ်သွားပြီလို့ ကျတော် ဆိုချင်ပါတယ်... ၃၃-၃၄ လမ်းကြားမှာ ရတနာပုံဈေး၊ YCC (ယခင် MICT Park) ၊ Relax, လူငယ်တွေ အသွားများကြတဲ့ Skywalk Shopping Mall, Orange Supermarket တို့ရှိပြီး ယခု ယင်းနဲ့ မလှမ်းမကမ်း၊ မန္တလေးအခေါ် ၄-ပြ အကွာမှာ 78th Shopping Mall ရဲ့ grand opening ကို ယနေ့ပြုလုပ် ကျင်းပနေပါတယ်... 78th Shopping Mall မှာ ရန်ကုန်မြို့မှာ နာမည်ရနေတဲ့ City Mart မန္တလေးဆိုင်ခွဲ၊ နှင့် အခြားဆိုင်ခန်း များစွာ ပါဝင်ပြီး ကလေးစားကွင်းနှင့် ရုပ်ရှင်ရုံ ၁-ရုံလည်း ပါဝင်မှာ ဖြစ်ကြောင်းသိရပါတယ်...

Tuesday, February 06, 2007
အောင်တော်မူဘုရား...
Posted by
MgHla
at
2:49 pm
မနေ့က အောင်တော်မူဘုရားကို ရောက်ခဲ့ပါတယ်... အချို့ ဓာတ်ပုံလေးတွေ လက်တုန်လို့ ၀ါးသွားတာလေးတွေက သဘောကျစရာ ကောင်းလို့ တင်ထားတာပါ...

ပဉ္စရူပ ဓာတ်ပုံပြပွဲကို ရောက်ခဲ့တယ်...
Posted by
MgHla
at
8:09 am

မနေ့က ကျတော် ပဉ္စရူပ ဓာတ်ပုံပြပွဲကို ရောက်ခဲ့ပါတယ်... ဓာတ်ပုံပြပွဲမှာ ၁. ခင်မောင်နှင်း ၂. ဖြူနှင်းဝါ ၃. ငြိမ်းချမ်းစိမ်းလန်း (စာရေးဆရာ ညီပုလေး) ၄. ကျော်ဟန်မြင့် ၅.ကျော်ဝဏ္ဏထွန်း ၆. ကျော်သန်းထွန်း ၇. အေးကို ၈. မြင့်စိုး ၉. သီတာ ၁၀. ဒေါက်တာ စန်းနိုင် ၁၁. ဇော်မြင့်ဦး ၁၂. ထွန်းထွန်းဦး ၁၃. N ဆိုပြီး ဓာတ်ပုံဆရာ ၁၁-ယောက် နဲ့ ဓာတ်ပုံဆရာမ ၂-ယောက် ဆိုတော့ စုစုပေါင်း ၁၃-ယောက်ပါ... မနေ့က ပွဲဦးထွက် ဈေးဦးပေါက် ကိုသခင်ကြီးရဲ့ညီ ဓာတ်ပုံ အရင်ဆုံး ရောင်းရပါတယ်...
Saturday, February 03, 2007
Pyinsarupa
Posted by
MgHla
at
3:32 pm

လာမယ့် ဖေဖ၀ါရီ ၅-ရက် ကနေ ၉-ရက်နေ့အထိ စကိုင်းဝေါခ် ရှော့ပင်းမောလ်မှာ ဓာတ်ပုံဆရာ ၁၃-ဦး တို့ပြသမယ့် ပဉ္စရူပ ဓာတ်ပုံပြပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်... ယင်းဓာတ်ပုံပြပွဲမှာ ကျတော်တို့ နေးတစ်မြန်မာ ဖိုရမ်၊ မြန်မာဘလော့လောကမှ ဓာတ်ပုံဆရာတစ်ဦးရဲ့ ညီဖြစ်သူလည်း ပါဝင်ပြသမှာ ဖြစ်တဲ့အတွက် သွားဖြစ်သွားလိုက်ကြ ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်...
Friday, February 02, 2007
မန္တလေးမှာ ဒီလို ဒီလို
Posted by
MgHla
at
10:13 am
မနေ့က မနက်ပိုင်းကနေစပြီး နေ့လယ် ၂-နာရီလောက်အထိ မိုးရွာပြီး ကျတော်တို့ မန္တလေးမြို့ကြီး အရမ်းအေးနေလေရဲ့...
၇၈-လမ်းနဲ့ ၃၈-လမ်းထောင့်မှာ တည်ရှိတဲ့ Quality Life Quality Shopping ဆိုတဲ့ ဆောင်ပုဒ်နဲ့ 78th Shopping Mall ကြီး မနေ့က စဖွင့်ပါတယ်... တကယ်တန်း မြေညီထပ်မှာ ရှိတဲ့ မန္တလေးအတွက် ပထမဆုံး ဆိုင်ခွဲ ဖြစ်တဲ့ City Mart တစ်ခုပဲ ဖွင့်သေးတာပါ... ကျန်တဲ့ ဆိုင်တွေကတော့ အနည်းငယ်ပဲဖွင့်နိုင်သေးပါတယ်... City Mart မှာတော့ ညဘက် လူတွေ များသလားမမေးပါနဲ့ ဓာတ်ပုံကိုသာ ရှုပါတော့...

မနေ့ညနေ ဧရာဝတီ မြစ်ဘက်သွားပြီး နေဝင်ချိန်ဓာတ်ပုံသွားရိုက်ပါတယ်... အလွန်ညံ့လှတဲ့ မောင်လှ စိတ်ကြိုက် ၁-ပုံမှ မရပါဘူး... အဆင်ပြေမယ်ထင်တာလေး တင်လိုက်ပါတယ်... အောက်ပုံက မန္တလေး ကန်တော်ကြီး ရေပြင်ကို ဖြတ်ပြီး ရိုက်ထားတာပါ... ဘယ်ဘက်က မီးထိန်ထိန်လင်းနေတဲ့ ဘုရားက မဟာမြတ်မုနိဘုရားကြီးပါ...

Subscribe to:
Posts (Atom)