gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ချောင်းတွေကလည်း ဆိုး... အလုပ်တွေကလည်း များ...

မန်းလေး ရာသီဥတုက ပြီးခဲ့တဲ့ ၁၀-ရက်လောက်က အအေးပေါ့ပြီး ခုပြန်အေးနေလေရဲ့... အဲဒါကို ဂရုမစိုက်မိတဲ့ ကျတော် အအေးမိပြီး ချောင်းတွေ ဆိုးနေတာ ၇-ရက်ကျော်လေပြီ... ခုတော့ အနည်းငယ် သက်သာသလိုတော့ ဖြစ်နေပါပြီ... ဒီကြားထဲ များလိုက်တဲ့ အလုပ်တွေကလည်း မပြောချင်တော့ပါဘူး... ခုတော့ အားချင်ယောင် ဆောင် နေလေရဲ့...
ဒီမှာ မီးစက်ထဲမှာ ထည့်သုံးရတဲ့ အရည်က တစ်ဂါလန် ၄၇၀၀-ကျပ် အထိကို ရောက်သွားပြီတဲ့... ဆိုင်ကယ်ထဲထည့်မောင်းရတဲ့ဟာတော့ ၄၃၀၀-ကျပ် ကျော်မှာ သေချာလောက်ပါတယ်... ခုမီး ပေးတဲ့ ပုံစံ တစ်မျိုး ပြောင်းသွားပြန်ပြီ... အရင်က ပထမနေ့ ည ၆ နာရီ ကနေ ဒုတိယနေ့ နေ့လယ် ၁၂-နာရီအထိ ပေးတယ် ပြီးရင် မီးဖြတ်တာ တတိယနေ့ နေ့လည် ၁၂-နာရီမှ ပြန်လာပြီး ညနေ ၆-နာရီ အထိ လာတယ်... ညနေ ၆-နာရီကျော်ရင် မီးဖြတ်လိုက်တာ နောက်နေ့ ညနေ ၆-နာရီ အထိပဲ... ၃-ရက်ကို ၁၈-နာရီ လာတဲ့ သဘောပါပဲ... ခုတော့ အဲဒီ လိုမဟုတ်တော့ပါဘူး... ၆-နာရီ လာပြီး ၁၂-နာရီ မီးပျက်မယ့် ပုံစံပါပဲ... ခုချိန်အထိ မီးလာမယ့်အချိန်ကို ကျတော် မမှန်းတတ်သေးပါဘူး... သြော်... ရေလည်း အချို့ရပ်ကွက်တွေမှာ မလာဘူးတဲ့ဗျာ...

Comments

ဒါဆိုရင် မြို့က နီဂရိုးမနဲ့ တူနေမှာပဲနော်...
ရေမီးမရှိတော့ နံပြီး မဲနေမှာ...ဟီး
Chan Mya Soe said…
ဟားဟား ကြံကြံဖန်ဖန်ဗျာ မြို့များ နီဂရိုးမနဲ့ နှိုင်းရတယ်လို့ :P
MYO HAN HTUN said…
ဈေးနှုန်းတွေမြင်ရတော့ .. အံ့သြမိပါတယ် ဗျာ။

မနိုင်းနိုင်းရေ .. ကျွန်တော်တို့ မန္တလေးကို အဲ့ဒါမျိုးမပြောပါနဲ့ .. ဗျာ .. နေ့ခင်းကြတော့လည်း လင်းလွန်းလို့ .. တရုတ်မပေါင် ခရုသင်းစွဲတဲ့ အလား ဖြူဖြူဖွေးနေတာပဲ .. ဗျာ .. (တိုက်တွေ .. တိုက်တွေ) ..
Phoe Htaung said…
သည်းခံကြပါ... သည်းခံကြပါ.. သည်းခံရင် အကျည်းမတန်ဘူးတဲ့..
TZA said…
မီးပေးတာကိုတော့ ရာသီတွက် သလို တွက်လို့မရဘူးပေါ့နော်.. သိပ်လျှို့ဝှက်တဲ့ လျှပ်စစ်မီးပါလား..

Ad