gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဖန်တုံးပုံစံ button လေးတွေ လုပ်ကြရအောင်...

၁- Rectangle tool ကို အသုံးပြုပြီး rectangle တစ်ခုဆွဲပါ... Layer နာမည်ကိုတော့ One လို့ပေး ပေးပါ...
၂- ပုံထဲမှာ ပြထားတဲ့ အတိုင်း Foreground colour ကို #2D4F9E (C:100 M:80 Y:0 K:0) , Background colour ကို #00ACEC (C:100 M:0 Y:0 K:0) ပြောင်းပေးပါ...

၃- One Layer ကို Layer palette ထဲမှာ select လုပ်ပေးပါ... ပြီးတော့ Gradient over lay effect (Layer Style) ကို ရွေးပြီး foreground colour ကနေ background colour Gradient ကို ထည့်ပေးပါ... ပုံမှာ ပြထားတဲ့ အတိုင်းပေါ့... အပေါ်က အပြာနုရောင် အောက်ကို တဖြည်းဖြည်း အပြာရင့်ရောင် ဖြစ်သွားတဲ့ ပုံစံမျိုးပေါ့...
၎- ဒီ One Layer ကို duplicate layer လုပ်ပြီး Layer အမည်ကိုတော့ white လို့ ပေးပေးပါ...

၅- white layer ကို Layer Palette ထဲမှာ right click ခေါက်ပြီး clear layer style ရွေးပေးပါ... အဲ.. မေ့သွားလို့ အရောင်ကို အဖြူရောင် ပြောင်းပေးပါဦး...
၆- ဒီ white layer ရဲ့ opacity ကို 25% ထားပေးပါ... ဖြစ်လာမယ့် ပုံစံကို ပုံထဲမှာ ပြထားပေးတယ်ဗျာ...
၇ - One Layer ကို Bevel and Emboss effect ထည့်ပေးပါဦး... ထည့်ရင် တစ်ခုတော့ လုပ်ပေးဗျာ... shadow mode ကို screen ထားပြီး အရောင်ကိုတော့ အဖြူရောင် ထားပေးပါ...

၈- ကိုယ် လိုအပ်သလို ချိန်ပြီး ပြီ ဆိုရင်တော့ ဒီလို လှပတဲ့ ဖန်တုံးစတိုင် button လေးရပြီပေါ့...
ဒီမှာကြည့်ပါဦး gradient ကို အထက်အောက် ပြောင်းပြန် လှန်ထားတာ...

Comments

Ad