gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်ဗျာ...

အိမ်မှာ အခုခေါ်ထားတဲ့ ကလေးထိန်း ကလေးမလေးအကြောင်းပြောရဦးမယ်...

  • အဲဒီ ကလေးမလေး အိမ်ရောက်လာတော ခရမ်းချဉ်သီးနဲ့ ချက်တဲ့ ဟင်းတွေ မကြိုက်ဘူးတဲ့လေ... အိမ်မှာ ခရမ်းချဉ်သီး အနှစ်နဲ့လုပ်တဲ့ ရှမ်းခေါက်ဆွဲကျွေးတော့ ကောင်းလိုက်တာတဲ့... ဒါပေမယ့် ဟင်းထဲမှာထည့်ချက်တဲ့ ခရမ်းချဉ်သီး အနှစ်တော့ ခုချိန်ထိ မကြိုက်သေးဘူး...
  • ၀က်သား စားလားဆိုတော့ မကြိုက်ဘူးတဲ့ ၀က်ဆီတော့ စားတယ်တဲ့... အဲဒီ ပထမဆုံး ထမင်းစားတော့ အဆီတုံးထည့်ထားပေးပြီး အသားစားချင်ရင် ထည့်စားလို့ပြောလိုက်တယ်... နောက်အခေါက်တွေ ထမင်းစားတိုင်း အဆီတုံးတင်မက အသားပါကြိုက်သွားပြီ...
  • ကြက်သားကိုတော့ ခုအချိန်ထိ မကြိုက်လို့တဲ့ လုံးဝ မစားသေးဘူး...
  • အမဲသားဆိုရင်လေ သားရေပြားကြီးလို ဆွဲပြီးစားရမှ ကြိုက်တာတဲ့...
  • ဟင်းမရှိရင်နေပါစေတဲ့ .. ငရုတ်သီးကျော်ရှိရင် ထမင်းစားလို့ ရတယ်တဲ့...
  • ကျပ်ပြားဝိုင်းလောက်ရှိတဲ့ အကြော်တစ်တည်းနဲ့ ထမင်းတစ်နပ် စားတတ်တယ်...
  • ၁၅၀-ကျပ်တန် ထန်းခေါက်ဖာလေးကို ဈေးကြီးလို့ မ၀ယ်ဘူးတဲ့လေ...
  • ...
ဒီ post ကို e-mail နဲ့ ပေးပို့တာပါ...

Comments

Ad