ဟောဒီက ယူကြဦးမလား... USB storage device တွေထဲကူးတဲ့ အကောင်လေး... လိုချင်တယ်ဆိုရင် ဒီနေရာကနေ ကလစ်လုပ်ပြီး ရယူပါ... သူ့ဘာသာသူ ထည့်ထားရင် ဘာမှ မဖြစ်ဘူး စိတ်ချပါ... zip ဖိုင်ကို ဖြေ... ထွက်လာတဲ့ MTH.exe ကို run လိုက်မယ် ဆိုရင်တော့ အလုပ်လုပ်ပါတယ်... ဘာလုပ်လဲဆိုတော့ USB memory stickတွေ အဲဒီကွန်ပျူတာမှာ တပ်လိုက်မယ်ဆို MTH.exe ဖိုင် အဲဒီ USB memory stick ထဲ ရောက်သွားလိမ့်မယ်... digital camera တပ်လည်း ရောက်မှာပဲ... Norton နဲ့ စစ်ကြည့်တယ် မသိဘူး... Trend Micro နဲ့စစ်ကြည့်တယ် မသိဘူးတဲ့... မြန်မာနိုင်ငံက တစ်ယောက်ယောက် ရေးထားတာ ဖြစ်နိုင်တယ်...
အဲဒီ MTH.exe မန္တလေးမှာ တော်တော် ပျံ့နေတယ်ဆိုပဲ...
MTH.exe ကို ဖျက်ချချင်တယ်ဆိုရင်... နောက်ထပ် USB storage device တွေထဲ မကူးချင်တော့ဘူး ဆိုရင် ဒီလို လုပ်ပါ...
၁. Task Manager ထဲဝင် Processes tab ကိုရွေး...
၂. အဲဒီထဲမှာ iousb.exe ကို ရှာ... right click လုပ်ပြီး End process tree ကိုရွေး...
၃. ပြီးရင် Windows explorer ထဲဝင်ပြီး c:WindowsSystem32 ကိုသွား iousb.exe ကိုရှာပြီး ဖျက်ပြစ်လိုက်ပါ...
3 comments:
မြန်မာနိုင်ငံက ပရိုဂရမ်မာတွေကလည်း လက်စွမ်းထက်ပါတယ်ဆိုတာ ပြတာပဲ ဟဲဟဲ
MTH ဆိုတော့ ရေးတဲ့လူက မောင်တင်ဟန်လား။ မောင်တင့်ဟန်လား ။ မျိုးထွန်းဟန် ဆိုရင် ကျွန်တော့် အစ်ကိုနဲ့ နာမည်မှားနိုင်တယ်။
ကျွန်တော်ကတော့ ဒီလိုရေးထားကတည်းက ဟင့်အင်းပဲ။ (အမှန်က မရေးပဲ ဒီအတိုင်း ဖြန့်လိုက်ရမှာ။ ဒါမှ ကိုမောင်လှကြီးကို အကုန်လုံးက မေတ္တာပို့နေကြမှာ။)
တစ်ဆက်တည်း ပြောလိုက်မယ်
ဟေ့ ကိုစီအမ်အက်စ်
Good Night from Bangkok :P
အဲ အဲဒါတော့ ဟုတ်တယ် ... MHT ဆိုလို့ကတော့ ကိုတိုးလို့ထင်ကြမှာ ဟားဟား ...
မျိုးဟန်ထွန်းတို့ကတော့ ဟားဘတ်ကို အသည်းစွဲဖြစ်သွားပြီထင်တယ်။ နှုတ်ဆက်ပုံကိုပြောတာနော် :)
Post a Comment