Skip to main content

ဖိစီးမှု သက်သာစေသောနည်း (၁၀) #2

နေးတစ်မြန်မာ မှာ ကိုသားကြီး ရေးထားတဲ့ “ဖိစီးမှု သက်သာစေသောနည်း (၁၀) နည်း” ကို ကိုသားကြီးဆီက ခွင့်တောင်းပြီး ပြန်တင်ထားတာပါ... အပိုင်း-၂
၃။ အိပ်ရေးဝအောင်ကြိုးစားပါ။
အိပ်မပျော်လို့ ဒီစာလာဖတ်ပါတယ်။ အိပ်ရေးဝအောင်ကြိုးစားပါ လို့ပြောလို့ ကျွဲမီးမတိုပါနဲ့ဦး။ stress ကြောင့်အိပ်မပျော်သလို၊ အိပ်ရေးမ၀လို့ stress ကိုမခံနိုင်ပြန်ပါဘူး။ အဲလို သံသရာလည်လို့ ပိုဆိုးကုန်တာပါ။
အိပ်ရေးဝတယ်ဆိုတာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခြင်း Quality နဲ့ အိပ်ချိန် Duration နှစ်မျိုးလုံးပြည့်စုံရပါတယ်။ Quality က Duration ထက်ပိုအရေးကြီးပါတယ်။ တစ်ရက် ၈-နာရီအိပ်ပေမဲ့ အိပ်ရေးမ၀တာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာပါ။ အိပ်ပျော်ဘို့ မသင့်တဲ့အနေအတား တွေမှာ (e.g- စကားဝိုင်းမှာ) အိပ်ပျော်ယင်၊ အိပ်ရေးမ၀တဲ့ ပြဿနာရှိနေပါပြီ။ ၀တဲ့သူတွေ၊နှာခေါင်းရောရှိသူတွေမှာ အိပ်နေယင်း အသက်ရှုရပ်သွားတဲ့ရောဂါ Sleep Apnoea ဖြစ်တတ်ပါတယ်။

၃.၁။ လူမှာ Biological Clock ရှိနေတဲ့ အတွက် အိပ်ချိန် ထချိန်မှန်အောင်ကြိုးစားပါ။ ညက အိပ်ရေးပျက်လို့ မနက်မှာ နေမြင့်အောင် မအိပ်ပါနဲ့။ ပထမရက်တွေမှာ နေလို့မကောင်းပေမဲ့ နောက်ပြန်ကောင်းသွားမှပါ။

၃.၂။ အိပ်ခါစမှာ အိပ်မပျော်ယင် လူးလိမ့်မနေပါနဲ့။ ထပြီး Relaxation or Bath တစ်ခုခု လုပ်ပါ။ (avoid stimulating activities like going online)

၃.၃။ အိပ်ယာကို အိပ်ယာအဖြစ်ဘဲ သုံးပါ။ (သဘောကတော့-အိပ်ယာပေါ်မှာ လှဲပြီးစာမဖတ်ပါနဲ့) အိပ်ယာပေါ်ရောက်ယင် အိပ်ရမယ် ဆိုတဲ့ အကျင့်ရအောင်လို့ပါ။

၃.၄။ နေ့စဉ် ကိုယ်လက်လှုပ်ရှာလေ့ကျင်းခန်း လုပ်ပါ။ Coffee Tea Alcohol Smoking လျှော့ပါ။ ဖြတ်ပါ။


၎။ ဟာသဓါတ်ခံမွေးပါ။
ဟာသက stress ကိုလျော့ပါးစေတာပြောပြဘို့မလိုပေမဲ့ လူတိုင်း နေ့စဉ် ရီမောစရာ မကြုံနိုင်တဲ့အတွက် ဟာသတွေ နေ့စဉ် ရှာကြံရယူဘို့ တိုက်တွန်းပါစေ။ အချိန်ဖြုန်းတယ်လို့ မမြင်ပါနဲ့။ ကာတွန်းဘဲဖြစ်ပါစေ...ခံစားလိုက်ပါ။

၅။ ၀ါသနာအတွက် အချိန်ပေးလိုက်ပါ။
ဥပမာ- ပန်းချီ
ကလေးတွေနဲ့ ဘောလုံးဆင်းကန်ချင်တယ်ဆိုလဲ စိတ်ထိန်းမထားပါနဲ့။ အချိန်ဖြုန်းတာမဟုတ်ပါဘူး။ စိတ်ဘက်ထရီ ကို အားပြန်သွင်းတာပါ။

၆။ အစားအသောက်
မျှတအောင်စားသောက်ဘို့လိုတာပါ။ နှလုံးရောဂါ ခေါင်းစဉ် အောက်မှာ ကျွန်တော်ရေးခဲ့တဲ့ အစားအစာပါဘဲ။
အသောက် အကြောင်းတော့ ထပ်ပြောပါရစေ။
stress ရှိယင် ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ ထွက်ပါတယ်။
အဲဒီ ဟော်မုန်းတွေဟာ သဘာဝက stress ကိုခုခံဘို့ထုတ်ပေးတာပါ။ကာလ ကြာရှည် အဲဒီ ဟော်မုန်းတွေ များနေယင်တော့ တန်ဆေးလွန်ဘေး ဖြစ်ပါပြီ။ လူပေါ်မှာ ဆိုးကျိုးပေးပါပြီ။
တီး၊ကော်၊ဆေးလိပ်တွေသောက်ရင် ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ ထွက်ပါတယ်။ အဲဒီ ဟော်မုန်းတွေဟာ stress မှာထွက်တဲ့ ဟော်မုန်းတွေနဲ့တူပါတယ်။ အဲလို ဟော်မုန်းတွေဟာ နှစ်ထပ်ကွမ်းမှာစိုးလို့ တီး၊ကော်၊ဆေးလိပ် တွေရှောင်ပါ။ အရက်ကတော့ များရင် မကောင်းပါ။ ချောက်ခြားတဲ့ရောဂါ Panic Anxiety ဖြစ်တတ်ပါတယ်။ (နောက်လူနာ တစ်ယောက် အကြောင်းမှာ ပါပါမယ်။)

၇။ အသိုင်းအ၀ိုင်းရဲ့အကူအညီရယူပါ။
မိသားစု၊ သူငယ်ချင်း၊ ဖိုရမ် သူငယ်ချင်း၊ အားလုံးတစ်မျိုးစီ ကူညီပါလိမ့်မယ်။

၈။ အဆိုးမြင်ကျင့်ဖျောက်ပါ။
ပေါ်လီယာနာလောက် အကောင်းမြင်နိုင်ဘို့ မလိုပေမဲ့ အဆိုးမြင်တဲ့ အတွေးလေးတွေဝင်လာတိုင်း သတိနဲ့ ဖျောက်ဖျက်နိုင်ပါစေ။

၉။ အချိန်ကိုစနစ်တကျ စီမံပါ။
လုပ်စရာတွေများနေရင် ဖြစ်ပါတယ်။ စာရွက်ပေါ်မှာအရေးကြီးပုံအလိုက် အစီအစဉ် ဆွဲလိုက်ပါ။ စိတ်အများကြီး သက်သာပါလိမ့်မယ်။ မလိုတဲ့ ကိုယ့်ထမင်းကိုယ်စားလုပ်အားပေးတာတွေ လျှော့လိုက်ပါ။

၁၀။ အရာရာ အဖက်ဖက်က ပြည့်စုံသူ ဖြစ်ချင်စိတ်လေး လျှော့လိုက်ပါ။
ကိုယ်သတ်မှတ်ထားတဲ့ စံ လေးတွေမြင့်လွန်းနေယင် ရင်မောစရာ ပိုများပါတယ်။

Comments

Anonymous said…
Sex can reduce stress as well

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...