gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဖိစီးမှု သက်သာစေသောနည်း (၁၀) #1

နေးတစ်မြန်မာ မှာ ကိုသားကြီး ရေးထားတဲ့ “ဖိစီးမှု သက်သာစေသောနည်း (၁၀) နည်း” ကို ကိုသားကြီးဆီက ခွင့်တောင်းပြီး ပြန်တင်ထားတာပါ...

ဖိစီးမှု သက်သာစေသောနည်း (၁၀) ကို သင်လျော့်သလို ဘာသာပြန်လိုက်ပါတယ်။
၁။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှုတွေကိုလျော့စေပါတယ်။

၂။ ဖြေလျော့ပါ။ ၁၀-၂၀ မိနစ်လောက်နေ့စဉ် အချိန်ပေးပါ။
အလုပ်ခွင်မှာ။
  • ၂.၁။ ခုံမှာနောက်ကြောမတ်မတ်ထားပြီး ထိုင်ပါ။ ခြေဖ၀ါးကို ကြမ်းပြင်မှာ အပြားလိုက် ချထားပါ။ လက်ဝါး ၂-ဖက်ကို ပေါင်ပေါ်အသာတင်ထားပါ။
  • ၂.၂။ မျက်စေ့မှိတ်ထားနိုင်ယင်ပိုကောင်းပါတယ်။ အရမ်းမမှိတ်ပါနဲ့။ အံမကြိတ်မိပါစေနဲ့။
  • ၂.၃။ အသက်ကို နှာခေါင်းပေါက်က အမှတ်နဲ့ ရှုသွင်းပါ။ချက်ခြင်းပြန်မထုတ်ပါနဲ့။ စိတ်ထဲက ၁-၂-၃-၄-၅ အထိ ဖြေးဖြေးရေပြီး ပြန်ထုတ်ပါ။ ချက်ခြင်းပြန်မရှုသွင်းပါနဲ့။ စိတ်ထဲက ၁-၂-၃-၄-၅ အထိ
  • ဖြေးဖြေးရေပြီး ပြန်စရှုပါ။
  • ၂.၄။နောက်တစ်ခါအသက်ရှုယင်း စိတ်ထဲက ၁-၂-၃-၄-၅ အထိ ဖြေးဖြေးရေတဲ့အချိန်မှာ အဓိကလေ့ကျင့်ခန်းစပါမယ်။ ရှုသွင်းပြီးအောင့်ထားတဲ့(၁-၂-၃-၄-၅) အချိန်မှာ ကြွက်သားအုပ်စုတစ်ခုကို
  • ညှစ်ပါမယ်။ ရှုထုတ်ပြီး အောင့်ထားတဲ့(၁-၂-၃-၄-၅) အချိန်မှာ အဲဒီ ကြွကက်သားအုပ်စုတစ်ခုကို ပြန်လျှော့ပါမယ်။

  • ၂.၅။ ကြွက်သားတွေကို ညှစ်တဲ့အခါ အတတ်နိုင်ဆုံးအားထည့်ပါမယ်။လျော့ချယင် အစွမ်းကုန်လျှော့ပါမယ်။
  • ၂.၆။ ခြေဖျားကြွက်သားအုပ်စုက စပါ။ ၁-၂-၃-၄-၅ အထိ ဖြေးဖြေးရေတဲ့အချိန်မှာ ဖနောင့်ကိုကြမ်းပြင်မှာ ထိထားပြီး ခြေဖျားကို အပေါ်ကော့တာကစပါ။
  • ၂.၇။ ရှုထုတ်တဲ့ ၁-၂-၃-၄-၅ မှာ အဲဒီ ကြွက်သားတွေကိုအစွမ်းကုန်လျှော့ပါ။ လျော့သွားတာကိုခံစားပါ။
  • ၂.၈။ နောက်ထပ် ပေါင် နဲ့ ၀မ်းဗိုက်၊ တစ်လှည့်စီဆက်လုပ်ပါ။
  • ၂.၉။ လက်နှစ်ဖက်လက်သီးဆုပ်ပြီး လက်မောင်းတွေပါ အပါအ၀င် တစ်ခါ အတင်းအလျှော့ တစ်ခါ။
  • ၂.၁၀။ နောက်ကြောအတွက် စစ်သားတွေ ရင်ဖွင့်ပြီး ကြွက်သားတင်းပါ။ ပြန်လျှော့ပါ။
  • ၂.၁၁။ ပုခုံးနှစ်ဖက်ကို နားရွက်ဆီ ကပ်အောင်မြှောက်ပါ။ ပြန်ချပါ။
  • ၂.၁၂။ ခေါင်းကို မျက်နှာကျက် ဆီကိုဆွဲဆန့်ခြင်းဖြင့် လည်ပင်းကြွက်သားတွေတင်းအောင်လုပ်ပါ။ ပြန်ချပါ။
  • ၂.၁၃။ ရှုသွင်းရှုထုတ်တစ်ခါ (ကြွက်သားလေ့ကျင့်ခန်းမပါဘဲ) လုပ်ပြီး ရင်ပြီးပါပြီ။

မှတ်ချက်။
၁- ကားစီးရင်း၊လေယာဉ်စီးယင်းဘဲဖြစ်ဖြစ်နေ့စဉ်လုပ်ဖြစ်အောင်ကြိုးစားပါ။တစ်ရက် ၂-ကြိမ် လုပ်နိုင်ယင် ပိုကောင်းပါတယ်။အထူးသဖြင့် ဖြေလျော့ဖို့လိုယင်ပေါ့။
၂- အကျင့်ရလာတာနဲ့အမျှ ကိုယ့်မှာကြွက်သားတွေတောင့်တင်းလာယင်အလိုလိုသိလာပါမယ်။ လေ့ကျင့်ခန်းကို အစအဆုံးမလုပ်ဘဲ လိုအပ်သလိုပိုင်းခြားပြီး ဖြေလျှော့နိုင်ပါလိမ့်မယ်။
၃- ဖေါ်ပြခဲ့တဲ့ ကြွက်သားတွေသာမက တခြားကြွက်သားတွေပါ တိုးချဲ့လေ့ကျင့်နိုင်ပါတယ်။ ကြွက်သားတစ်ခုချင်း အသေးစိတ် လေ့ကျင့်ရင်တောင် ရပါတယ်။
၎- အားလုံပြီးရင် မျက်စေ့အေးတဲ့ ရှုခင်းတစ်ခုခုကို ၅-မိနစ်လောက် ခံစားရင် ပိုအကျိုးများပါတယ်။

Comments

Ad