gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Mandalay Electricity

သြော်... ကျတော်တို့ ရပ်ကွက် အကြောင်းတော့ မပြောချင်တော့ပါဘူးဗျာ... မပြောချင်ရင် မပြောနဲ့ပေါ့လို့တော့ ဘုပြန်မပြောနဲ့ဗျာ...ပြောချင်လွန်းလို့ အစချီနေရတာဗျို့...
အင်း... မီးလာတဲ့ ပုံစံ ၂၄-နာရီလာ ၂၄-နာရီပျက် ဆိုတဲ့ပုံစံ ဖြစ်သွားပြီလည်းဆိုရော ပျော်လိုက်တာပေါ့ဗျာ...
ပထမ စပြောင်းတဲ့နေ့မှာ နေ့လည် ၁၂-နာရီကျော်ကျော် လာပြီး နောက်တစ်နေ့ မနက် ၇-နာရီ ၀န်းကျင်မှာ ပျက်သွားလေရဲ့ ... အင်း အရင်ကထက်စာရင်တော့ မဆိုးဘူးပေါ့လေ... နောက်တစ်နေ့ နေ့လည် ၃-နာရီလောက်ထိ ပျက်လေရဲ့...
နေ့လည် ၃-နာရီလောက် မီးလာပြီး ယခင်နေ့အတိုင်း နောက်နေ့ မနက် ၇-နာရီ မထိုးခင် ပျက်သွားလေရဲ့ ... အဲဒီလို ပျက်သွားပြီး သကာလ ကျတော် မောင်လှ အိမ်မှာ အစိုးရ လျှပ်စစ်မီးကို မမြင်ရတာ ယနေ့နဲ့ဆို ၃-ရက် ရှိသွားပြီ ဖြစ်ကြောင်းပါ...
မီးမလာတော့ ဘာဖြစ်လဲဆိုတော့ ရေမရှိဘူးပေါ့ဗျာ... လူတွေ ငါးပိ၊ ငါးချဉ် အနံ့တွေ ထွက်တော့မယ်... ဖယောင်းတိုင်မီးကို အားကိုးရတော့ မီးဘေးအတွက်လည်း စိုးရိမ်ရတာပေါ့ဗျာ... ထပ်မပြောချင်တော့ပါဘူးဗျာ... အများကြီးမှ အများကြီးပါ...
ဘယ်များ အလည်သွားနေလဲ လျှပ်စစ်မီးရယ်...

Comments

NLS said…
လျှပ်စစ်မီး မလုံလောက်ရင် တိုင်းပြည်လို့ ဘယ်လို ခေါ်မလဲဗျာ။ စိတ်လေတယ်။
MgHla said…
ကိုညီလင်းဆက်ရေ...
မနေ့က အိမ်ပြန်ရောက်တော့ အမေကတော့ မီးလာလိုက် ပျက်လိုက်လို့တော့ ပြောတယ်... ည ၇-နာရီ လောက်မှာ တရုတ်လက်ဆွဲ မီးစက်စုတ်ကလေး နှိုးမလို့လုပ်တုန်းရှိသေးတယ် မီးလာတာ အခု ရုံးလာတဲ့ အချိန်ထိတော့ မပျက်သေးဘူးဗျ... အင်း ဒါပေမယ့် ဒီနေ့ညတော့ မီးပျက်မှာ သေချာတယ်ဗျ...

Ad