gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန္တလေးကို ဘယ်သူရောက်နေလဲ မသိ... အဖိတ်နေ့တုန်းကလည်း ၈၁-လမ်းကို မီးသတ်ကားကြီးနဲ့ ရေတွေ လိုက်ဖြန်းနေလေရဲ့...မနေ့ည ၅း၃၀ နာရီလောက်က ရပ်ကွက်ကလူတွေ အိမ်လာပြီး ခုည ၆-နာရီကနေ မနက် ၆-နာရီ အထိ မီးစမ်းလွှတ်ပေးမယ်... အဆင်ပြေရင် နေ့တိုင်း လွှတ်ပေးမှာမို့ ချွေချွေတာတာ အသုံးပြုဖို့ မှာသွားလေရဲ့... အိမ်မှာ အ၀ီစိတွင်းရှိတော့ ရေတင်မှာ စိုးလို့ပါ... တကယ်လာတဲ့ အချိန်ကတော့ ည ၇-နာရီမှာပါ... အခုမနက် ၇း၃၀ နာရီ အချိန်ထိတော့ မီးမပျက်သေးဘူး... အင်း ဒီလို နေ့တိုင်း တကယ်လာမလား မသိ...

Comments

NLS said…
မီးတွေ မလာပြန်ဘူးလား အကို။ ရန်ကုန်မှာတော့ အမှောင်တိုက် ကျနေပြီတဲ့။ စိတ်ပိန်ဖို့ ကောင်းလိုက်တာဗျာ။ အချိန်ရရင် မန်း သတင်းလေးတွေ ရေးပါဦး။ ကျွန်တော်တို့က ဒါတွေပဲ စောင့်ဖတ်နေရတာ။
NLS said…
အကိုရေ

ကျေးဇူးပဲ။ ကျွန်တော် သတိလက်လွတ် ဖြစ်သွားတယ်။ အခု ပြန်စမ်း ကြည့်နေတယ်။

ညီလင်း
MgHla said…
ကိုညီလင်းရေ...
ရပါတယ်ဗျာ...
ကျတော့်မှာလည်း အင်တာနက် ကော်နက်ရှင်ကလည်းနှေးဆိုတော့ ဆိုတော့ အသစ်တွေ မတင်နိုင်ဘူး ဖြစ်နေတယ်ဗျ...
လျှပ်စစ်မီးကတော့ ပျက်လိုက် လာလိုက်ပါပဲဗျာ... ပျက်တဲ့အချိန်က ပိုများတယ်ခင်ဗျ...

Ad