photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Sunday, January 01, 2006

. . . 3D စာလုံးလေးတွေ လုပ်ကြရအောင် . . .

၁ -ဖိုတိုရှော့ ထဲဝင်ထားကြပါ . . .

၂ - Text Tool ကို ရွေးပြီး မိမိလိုချင်တဲ့
စာရိုက်ပါ . . .


၃ - ပြီးပြီလား . . . ပြီးရင် စာရိုက်ထားတဲ့
layer ကို right click လုပ်ပါ . . . Pop-up menu ထဲက duplicate layer ကို ရွေးပါ
. . .


၎ - ပေါ်က layer ကို အပြာနုရောင်လေး ပြောင်းပေးပါလား
. . . အောက်က layer ကိုတော့ အနက်ရောင်လေး ပြောင်းပေးပါ . . . အနက်ရောင် ပြောင်းထားတဲ့
layer ကို ပုံမှာ မြင်ရတဲ့ အတိုင်း ညာဘက်အောက် နည်းနည်း ရွေ့ပေးပါ . . . ရွေ့ပြီးပြီလား
. . .


၅ - အပြာနု ထောင့်စွန်းနဲ့ အနက်ရောင် စာလုံး
ထောင့်စွန်းလေးတွေကို ထုစာလုံးမှန်းသိသာအောင် layer အသစ်ခေါ်ပြီး လိုက်ဆက်ပါ . .
. ပုံမှာ အနီရောင်နဲ့ ဆက်ပြ ထားတဲ့ နေရာလေးတွေကို ပြောတာပါ . . .



၆ - ပြီးပြီလားဗျို့ . . . ပြီးရင် အပြာနု
layer ကို duplicate လုပ်ပေးပါဦး . . . လုပ်ပြီးပြီဆိုရင် ပေါ်ဆုံး အပြာနု layer
ကို ချန်ပြီး ကျန်တဲ့ layer သုံးခုကို merge လုပ်လိုက်ပါဗျား . . . merge လုပ်ထားတဲ့
layer ပေါ် double click လုပ်ပါ . . . layer Style dialog box ပေါ်လာလိမ့်မယ်ဗျ .
. . ပုံမှာ မြင်တယ် မဟုတ်လားဗျာ . . . အပေါ်မှာပြထားတဲ့ ပုံ မပေါ် မခြင်း နှိပ်ဗျို့
. . . ပေါ်ပြီ ဆိုရင် ကြည့်ရအောင် . . . colour overlay ကို check လုပ်ပါ . . .
blend mode ကို normal ပဲထားပါဗျာ . . . လိုချင်တဲ့ အရောင် ပြောင်းရအောင်လို့ ညာဘက်
လေးထောင့်ကွက်လေးကို click လုပ်ပါ . . . နောက်ထပ် dialog box တစ်ခု ထပ်ပေါ်လာပြီ
မဟုတ်လား . . . အဲဒီထဲမှာ C: 0 M:20 Y:100 K:0 ကို ပြောင်းပေးပါလားဗျာ . . . ပြီးရင်တော့
OK တွေကို ကလစ်လုပ်လိုက်ဗျာ . . .


၇ - Tool box ထဲက Gradient Tool ကို ရွေးပါ
. . . menu bar အောက်မှာရှိတဲံ tools bar ထဲက Reflected Gradient Tool ကို ထပ်ရွေးပါ
. . . layer အသစ်ခေါ်ပါ . . . colour ပြောင်းတဲ့ box ထဲမှာ အရောင်ကို C:0 M:10 Y:100
K:0 ထားလိုက်ရအောင်ဗျာ . . . . ပြီးပြီလား . . . ပြီးရင် ခုနက ရွေးထားတဲ့ Reflected
Gradient Tool နဲ့ ပထမ အလယ်ကောင် နေရာမှာ click လုပ်ပါ ကိုယ်လိုချင်သလောက် click
ကို ဖိပြီး ဆွဲယူသွားပါ . . . ကိုယ်လိုချင်တဲ့ အတိုင်းအတာ ရပြီဆိုမှ click ကိုလွတ်ပါ
. . .

၇.က - C:0 M50 Y:100 K:30 ပြောင်းပါ Reflected
Gradient Tool နဲ့ပဲ ပထမ Gradient ထပ်ပိုသေးတဲ့ Gradient လေးတစ်ခု ထပ်ဖန်တီးပါ
. . . ပုံမှာ ပြထားတဲ့ ပုံစံမျိုးလေးရအောင်ဆွဲပါ . . .


၈ - အခုကလုပ်ထားတဲ့ Gradient လေးတွေကို
copy ကူး လိုင်းအသေးတွေ ဖြစ်အောင်လုပ်ပါ . . . ဒေါင်လိုက် ဖြစ်နေတဲ့ လိုင်းတွေကို
စောင်းချင်ရင် Ctrl+T ကို နှိပ်လိုက်ပါ . . . လေးထောင့်ကွက်လေး ပေါ်လာပါလိမ့်မယ်
. . . လေးထောင့်ကွက် ပေါ်တန်း အလယ် အတုံးပေါ်မှာ Ctrl key ကို ဖိပြီး mouse နဲ့လိုချင်တဲ့
ပုံစံရအောင် စောင်းလိုက်ပါ . . . လိုချင်တဲ့ ပုံစံရပြီဆို click ကိုလွှတ် . . .
Enter ကို နှိပ်ပါ . . .


၉ - နံပါတ် ၈ အဆင့်မှာလုပ်ခဲ့တဲ့ gradient
လိုင်းတွေကို duplicate လုပ်ပြီး အပြာရောင် layer အပေါ်ကို ရွှေ့ပါဗျား . . . ရွှေ့ပြီးပြီလား
. . . ပြီးပြီဆိုရင် . . . Edit Menu >> Transform >> Flip Horizontal ကိုရွေးပါ
. . . ပုံထဲမှာ ပြထားတဲ့အတိုင်း မြင်ရလိမ့်မယ် . . . နေရာလေး ဘာလေးတော့ နည်းနည်းရွေ့ဦး
ပြင်ဦးနော် . . . ဒီဇိုင်းလုပ်တယ်ဆိုတာ ခင်ဗျားတို့ မျက်စိ ပေါ်မှာ အများကြီး မူတည်တယ်ဗျ
. . .



၁၀ - အဲမေ့တော့မလို့ . . . အပြာနုရောင်
layer ကို layer properties box ထဲမှာ Ctrl ကိုနှိပ်ပြီး click လုပ်ပေးပါ . . .
အပြာနုရောင် layer ကို Select လုပ်ပေးပါလိမ့်မယ် . . . ရပြီဆိုရင် အပေါ်မှာရှိတဲ့
gradient layer ကို ရွေးပေးပါ . . . ပြီးရင် layer properties box ရဲ့ အောက်ဆုံးမှာ
ရှိတဲ့ Add Layer Mask ဆိုတာလေးကို နှိပ်ပေးပါဦး . . . ပြီးရင် အပြာနုရောင် layer
နဲ့ သူ့အပေါ်မှာ ရှိတဲ့ gradient layer နှစ်ခုကို ပေါင်းပေးပါဦး . . . 3D ထု layer
အတွက်လည်း လုပ်ပေးပါဦးဗျာ . . . အပြာနုရောင် layer ကို layer effect ထဲက colour
overlay အသုံးပြုပြီး C:0 M:0 Y:80 K:0 ပြောင်းပေးပါလားဗျာ . . . Outer Glow လေးလည်း
နည်းနည်း ထည့်ပေးပါဦး . . . 3D ထု layer ကို Outer glow နဲ့ Shadow လေးထည့်ပေးပါဦး
. . . ခင်ဗှားတို့ရဲ့ မျက်စိထဲမှာ လှပြီဆိုရင် လှပတဲ့ 3D စာလုံးလေးရပြီဗျို့ .
. . ဒီမှာနမူနာကြည့်ကြည့်လိုက်ပါဦး . . .


No comments: