Skip to main content

Posts

OBD II Scanner သုံးပြီး ကားအခြေအနေကို monitoring လုပ်မယ်...

ဘာတွေ လိုမလဲဆိုတော့ OBD II scanner, OBD II scanner တပ်ဆင် အသုံးပြုနိုင်မယ့် ကားနှင့် Android Phone/Tablet or iPhone/iPad/iPod Touch ၃-မျိုးလိုပါတယ်... OBD II scanner ဆိုတာ အောက်က ဓာတ်ပုံထဲကလို ဟာမျိုးလေးပါ... ကျတော် ဝယ်ထားတာက Vgate Scan တံဆိပ် bluetooth တစ်မျိုးပဲရတဲ့ OBD II scanner ပါ... ဘလူးတုပဲ ရတဲ့အတွက် android သုံး ပစ္စည်းတွေနဲ့ပဲ ချိတ်ဆက်လို့ရပါတယ်... iPhone တို့နဲ့ ချိတ်ဆက်လို့ မရပါဘူး... iPhone နဲ့ချိတ်ဆက်သုံးချင်ရင်တော့ WiFi ပါတဲ့ OBD II scanner ဝယ်ရပါ့မယ်...  OBD II scanner ကို ကားရဲ့ OBD II port မှာ တပ်ပါ... ကျတော့်ရဲ့ Demio မှာ စတီယာတိုင်ရဲ့ ညာဘက် အောက်နားလေးမှာ ရှိပါတယ်...  OBD II scanner ကို ကားမှာ တပ်ပြီးရင်တော့ ကားကို စက်နှိုးထားပါ... Android ဖုန်းရဲ့ bluetooth ကိုဖွင့်ပြီး OBD II scanner ကို ရှာပါ... pair code က 0000 သို့မဟုတ် 1234 အများဆုံး ဖြစ်နိုင်ပါတယ်...  OBD II scanner နဲ့ ဖုန်းနဲ့ ချိတ်သွားပြီဆိုရင် OBD monitoring လုပ်တဲ့ app ကို ဖွင့်ပါ...    ကျတော်ကတော့ OBD DroidScan ကို ကြိုက်တဲ့အတွက် အပေါ်ပုံမှာ ပြထားတဲ့ တတိယ အတန်း ညာဘက်ဆုံးက OBD DroidS

Mingalarbar by MgHla Photo Book လေးကို အားပေးကြပါဦး...

ကျွန်တော့်ရဲ့ Mingalarbar by MgHla စာအုပ်လေး April 2013 issue ( http://www.magzter.com/MM/MgHla/Mingalarbar-by-MgHla/Art/16622 ) အနေနဲ့ Magzter online store ပေါ်မှာ 1.99USD နဲ့ စတင် ဝယ်ယူရရှိနိုင်ပါပြီ... March လ နောက်ဆုံးပတ် အစမှာ ဒီစာအုပ်လေးကို စတင်ခဲ့သော်လည်း Publisher အသစ်ဖြစ်နေတဲ့ အတွက် Magzter ဘက်မှ စစ်ဆေးနေလို့ အခုမှ online ပေါ် ရောက်ရှိလာတာပါ... April 2013 ဆိုတာလေးကို ပြင်ချင်ပေမယ့်လည်း ထပ်ပြင်ရင် ထပ်ကြာနေမှာစိုးလို့ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်... ဒီစာအုပ်လေးကို တစ်နှစ်ကို ၂-ကြိမ် ထုတ်မယ်စိတ်ကူးထားပါတယ်... သက်ဆိုင်ရာ Magzter App လေးကို အသုံးပြုပြီး iOS, Android, Web, Amazon, Windows 8, Samsung, Huawei store များပေါ်မှာ ဖြစ်ရှုနိုင်မယ်လို့ Magzter က ပြောထားပါတယ်... ဒီစာအုပ် ရောင်းရငွေ အသားတင်အမြတ်ရဲ့ 50% ကို လူမှုရေး အကူအညီပေးနေတဲ့ အဖွဲ့တစ်ခုကိုလှူမှာ ဖြစ်လို့ အားပေးကြပါဦး... USD1.99 မှာမှ အသားတင် အမြတ်ရဲ့ 50% ပဲ ကျတော် ရမှာပါ...

သတင်းကောင်း၊ ဝမ်းနည်းစရာ သတင်းနဲ့ နှုတ်ဆက်ခြင်း...

သတင်း ၃-ခု ပြောစရာ ရှိပါတယ်... ပထမဆုံး ဝမ်းသာစရာ သတင်းကောင်း ၂-ခု အရင် ပြောပါ့မယ်...  - အသစ်ထွက်မယ့် CDMA 800 ကြိုတင် ဝယ်ယူရရှိပြီး အခု iPhone 5 မှာ သုံးလို့ရအောင်လုပ်ပေးတဲ့ ဆက်သွယ်ရေးက သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်... အခုအဲဒီဟာနဲ့သုံးနေတာ 7Mbps ရပါတယ်... - HTC One X+ အကြောင်းတွေ သတင်းရေးပေး ဖြန့်ပေးလို့ဆိုပြီး HTC မှ HTC one handset အသစ် လက်ဆောင်ရပါတယ်...  မန္တလေးသား HTC CEO ကြီးကို ကျေးဇူး အထူးတင်ပါတယ်... ဝမ်းနည်းစရာ သတင်းက... - Internet ပေါ်က ကျွန်ပိုင်ဆိုင်တဲ့ MgHla.net, MgHla Mandalay, MgHla နာမည်နဲ့ လုပ်ခဲ့တဲ့ ဖန်တီးခဲ့တဲ့ စာသား၊ ဓာတ်ပုံ (မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ ပုံများမပါ) များကို ကုမ္ပဏီ တစ်ခုကို ကျပ်သိန်း တစ်ထောင်နဲ့ ရောင်းလိုက်ပါပြီ... ဒါတင်ပြီး မိနစ် ၃၀ နောက်ပိုင်း MgHla နဲ့ ပတ်သက်သမျှ ကျွန်တော်နဲ့ မဆိုင်တော့သလို၊ ကျွန်တော် မပိုင်တော့ပါ... MgHla နာမည်ကို ကျွန်တော် ဆက်သုံးခွင့် မရှိတော့ပါ... နှုတ်ဆက်ခဲ့ပါတယ်.... မောင်လှ ဒီနှုတ်ဆက် စာသားတင်ခွင့်ပေးတဲ့ MgHla ကို ဝယ်ယူသွားတဲ့ ကုမ္ပဏီကို ကျေးဇူး အထူးတင်ပါတယ်...

Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...)

ဒီ  Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...) ပြုလုပ်တာဟာ လုပ်ရင်း အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တဲ့ အတွက် အရေးမကြီးတဲ့ Gmail Account မှာ အရင်စမ်းစေချင်ပါတယ်။ Gmail Account locked ကျသွားတာမျိုး၊ ဝင်မရတာမျိုး ဖြစ်ခဲ့ရင်တော့ ကျွန်တော် တာဝန်ယူမည် မဟုတ်ပါကြောင်း ကြိုတင် အသိပေး မေတ္တာရပ်ခံပါရစေ။ ကျွန်တော်တို့ရဲ့ Gmail Account များကို ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင် ပြောင်းကြရအောင်ပါ... အဲဒီလို ပြောင်းဖို့ အတွက် ဘာတွေလိုအပ်မလဲဆိုတော့ Google Authenticator အင်စတော လုပ်ထားတဲ့ Android/iPhone/Blackberry handset (၁)လုံး၊ Google က ပြန်လည် ခေါ်ဆိုလို့ရမယ့် ဖုန်းလိုင်း (သို့) sms လက်ခံနိုင်မယ့် ဖုန်းလိုင်း၊ ကွန်ပျူတာ၊ အင်တာနက် တွေလိုအပ်ပါတယ်... Google Authenticator ထည့်သွင်းထားသော android handset ကျွန်တော်တို့ အခုလုပ်မယ့်ဟာကို Gmail မှာ 2-Setup Verification လို့ google က သုံးနှုန်းပါတယ်... 1. ကွန်ပျူတာကနေ Gmail ထဲကို  ဝင်လိုက်ပါ။ mail စစ်လို့ရ၊ ပို့လို့ရတဲ့ နေရာကို ရောက်ပြီဆိုရင် screen ရဲ့ ညာဘက် အပေါ်ထောင့်က email လိပ်စာပေါ် click လုပ်ပြီး ပေါ်လာတ

မန္တလေးသားထုတ်တဲ့ ကမ္ဘာကျော် smart phone နဲ့ ကျွန်တော်...

credit:  http://www.htc.com/mm/smartphones/htc-butterfly/ HTC ရဲ့ CEO ဖြစ်သူ Peter Chou ခေါ် ဦးဝင်းသန်း ဟာ မန္တလေးမြို့မှာ မွေးဖွားခဲ့တဲ့ တရုတ်လူမျိုး တစ်ယောက်ဖြစ်ပြီး မန္တလေးမြို့ အ.ထ.က (၁၃) မှာ အထက်တန်း၊ ဒေသကောလိပ်၊ မန္တလေး တက္ကသိုလ်မှာ ရူပဗေဒ အဓိကဘာသာရပ်ဖြင့် ပညာသင်ယူဖူးကြောင်း 15-Jan-2013 ရက်နေ့က Sedona Hotel မှာ ပြုလုပ်ခဲ့တဲ့ Press Launch of HTC's first concept store and service center in Mandalay မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ယင်းအပြင် ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အဆင့်မြင့်ဆုံး မြန်မာ smart phone ကို မန္တလေးက လုပ်ခဲ့တာပါဆိုပြီး ယင်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့တဲ့ အတွက်  မန္တလေးသား ထုတ်တဲ့ ကမ္ဘာကျော် smart phone လို့ ကျွန်တော် သုံးလိုက်တာပါ။ ဦးသောင်းတင် (KMD)၊ ဦးသိန်းထွတ် (eVolver)၊ ဦးထွန်းမြင့် (စံမြန်မာစာ၊ မင်းကွန်ပျူတာ) တို့နဲ့ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်တယ်လို့ ယင်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ HTC CEO Peter Chou (ဦးဝင်းသန်း)နှင့် ဦးစိုးငွေရ (KMD)  မြန်မာနိုင်ငံအတွက် ထုတ်လုပ်ထားတဲ့ HTC Butterfly, HTC One X+, HTC One, HTC Desire X, HTC Desire VC, HTC Desire C

iPhone/Android ဖုန်းတွေမှာ Google Maps ကို ဘယ်လို လမ်းပြခိုင်းမလဲ...?

ကျတော်တို့ကိုင်နေတဲ့ iPhone/Android handset တွေမှာ Google Maps App ထည့်ထားတယ်၊ အင်တာနက်လည်း ရတယ်၊ GPS လုပ်ဆောင်ချက်လည်း လုပ်ပေးနိုင်တယ်ဆိုရင် ကျတော်တို့ သွားချင်တဲ့ လမ်းကြောင်းကို Google Maps ကို လမ်းညွှန်ခိုင်းလို့ ရပါတယ်... Google Maps မှ မဟုတ်ပါဘူး... Google Maps နဲ့ အလားတူတဲ့ GPS navigation app တွေမှာ လုပ်လို့ရပါတယ်... မြန်မာပြည်အတွက် အကောင်းဆုံး ကျတော်အကြိုက်ဆုံးကတော့ Google Maps ပါ... ကျတော်တို့ မရောက်ဖူးတဲ့မြို့ရောက်နေတယ် သွားချင်တဲ့နေရာကို Google Maps က လမ်းညွှန်ပေးမှာပါ... လက်ထဲမှာ iPhone ပဲ အဆင်သင့်ရှိနေလို့ သုံးနည်းကို iPhone က Google Maps App နဲ့ပဲ လမ်းညွှန်ပါရစေ... မသုံးဖူးတဲ့သူတွေ အတွက်ရည်ရွယ်ကြောင်း ကြိုတင် မေတ္တာရပ်ခံပါရစေ... ၁. လုပ်ရမယ့် အဆင့်ကတော့ GPS ဖွင့်ပါ... (iPhone မှာ Google Maps ကိုလည်း GPS အသုံးပြုခွင့်ပေးပါတယ်ဆိုတာ on ထားရပါမယ်... ၂. အင်တာနက်ဖွင့်ပါ... အင်တာနက်မရရင် လမ်းညွှန်ခိုင်းလို့ မရသေးပါ... E/3G/WiFi ကြိုက်တာ ဖြစ်လို့ရပါတယ်... ၃.  Google Maps app ကို ဖွင့်ပါ... ကြိုတင် install လုပ်ထားရန် လိုပါတယ်.... ၄. Search box ထဲမှာ ကျတော်တို့ သွားလိုတဲ့