အခု ကျတော် ရေးမယ့် tutorial မှာ ကာတွန်းဆရာ ဆရာအောင်မော်ရဲ့ facebook မှာတင်ထားတဲ့ ဒီနေရာက http://goo.gl/qziO8 ကာတွန်းပုံကို သုံးထားပါတယ်... အဲဒီ ကာတွန်းပုံကို ကွန်ပျူတာထဲမှာ OriginalCartoon.jpg နာမည်နဲ့ သိမ်းလိုက်ပါတယ်... ၁. အရင်ဆုံး Adobe Illustrator ထဲဝင်ပါ... (ကျတော် Adobe Illustrator CS6 trial version ကို အသုံးပြုခဲ့ပါတယ်...) ၂. Menu bar ပေါ်က File ထဲက Open နဲ့ OriginalCartoon.jpg ကို ဖွင့်ပါတယ်... ၃. Illustrator ထဲမှာ ပွင့်လာတဲ့ ကာတွန်းပုံပေါ် mouse pointer တင်ပြီး left click ခေါက်ပြီး select လုပ်ပါ... ပုံဘေး ပတ်ပတ်လည်မှာ အပြာရောင်ဘောင်ရယ်၊ ထောင့်လေးခုမှာ စတုရန်းပုံ သေးသေး ၄-ခုရယ်၊ အနားလေးဘက် အလယ်တည့်တည့်မှာ စတုရန်းပုံ သေးသေး ၄-ခု ပေါ်နေပြီဆို select လုပ်ထားတာပါ... ၄. Menu bar ပေါ်က Object ထဲက Rasterize ကို ရွေးပါ... ၅. ပုံမှာ ပြထားတဲ့ အတိုင်း Rasterize လုပ်မယ့် setting ကိုရွေးပြီး OK ကို click နှိပ်ပါတယ်... ၆. Menu bar အောက်ကပ်ရပ်မှာ ရှိတဲ့ toolbar ထဲက Image Trace ကို click နှိပ်ပါ... ၇. အောက်မှာ ပြထားတဲ့ ပုံအတိုင်း box ပေါ်လာရင် OK ကို နှိပ်ပါ... ၈. ပြထားတဲ့ ပု