Skip to main content

Posts

Yay.... Pyaw lite dar...

ကျတော် ရေးခဲ့တဲ့ နှစ်သက်မိတဲ့ iPhone Dictionary apps တွေ... ကြောင့် ဒီနေ့ ကျတော် Mac Pro ၁-စုံရယ်၊ iPhone 4 ရယ် လက်ဆောင်ရပါတယ်... ကျတော် အဲဒီ post ရေးပြီး နောက်ပိုင်းမှ Apple Apps Store ရဲ့ ရောင်းအား အကောင်းဆုံး Top Ten ထဲမှာ Ornagai ဝင်လို့ဆိုပြီး ထိန်လင်းရွှေက လက်ဆောင် အဖြစ် ဝယ်ပို့လိုက်တာပါ... iPhone 4 ကိုတော့ ထူးမြင့်နောင် က လက်ဆောင်ပေးတာပါ... သူ့ရဲ့ iDEFINED ရောင်းအား အဆ ၅၀ လောက်အထိ ရောင်းအားတက်သွားလို့ လက်ဆောင် ပေးတာပါတဲ့... ပျော်လိုက်ထှာ... My Labels: aPriL fOol

CMScamp Mandalay 2011 ကျင်းပမည်...

ယနေ့ခေတ် web site များတည်ဆောက်ရာတွင် အသုံးပြုမှုများပြားလာသော CMS... အင်တာနက် သုံးတတ်သူ မည်သူမဆို web site များ၊ blog များ အလွယ်တကူ ဖန်တီးနိုင်သော CMS... Content Management System (CMS) မျိုးနွယ်စုဝင်များဖြစ်သည့် Joomla, Drupal, Wordpress နှင့်ပတ်သက်သည့် နည်းပညာရပ်များကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေး ဖလှယ်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။   CMScamp Mandalay 2011 ကို လာမယ့် တနင်္ဂနွေနေ့(ဧပြီ-၃ ရက်နေ့)မှာ နေ့လယ် ၁၁-နာရီကနေ ညနေ ၅-နာရီအထိ ရွှေဖြူပလာဇာ ဒုတိယထပ်မှာရှိတဲ့ MCPA/MCIA conference hall မှာ ကျင်းပမှာပါ... My Labels: seminar, barcamp, cmscamp, Mandalay, MDY, MDL, Burma, Myanmar

နှစ်သက်မိတဲ့ iPhone Dictionary apps တွေ...

Cambridge Advanced talking dictionary လေးကို ကြိုက်မိတယ်... ဒေါင်းလုပ်လုပ်တာ ၂၀၉-မက်လောက် ရှိပါတယ်... အသံထွက်က US အသံထွက်ရော UK အသံထွက်ပါ ပါတယ်... saturngod @ ထိန်လင်းရွှေ ရေးထားတဲ့ Ornagai Dictionary ကိုလည်း ကြိုက်မိတယ်... သိပ်စုံတဲ့ light version ကို သုံးနေတယ်... ဖုန်းဝယ်တဲ့ဆိုင်က jb လုပ်ပြီး ထည့်ပေးလိုက်တုန်းက Ornagai full version (cracked) ပါတယ်...  ကိုယ်ဘာသာကို iOS 4.2.1 တင်လိုက်တာ ပြန်မတက်တော့လို့ iSonic က ညီငယ် ရှမ်းလေး ပြန်တင်ထားပေးတာနဲ့ သုံးနေတာဆိုတော့ Ornagai full version (cracked) မရှိတော့ဘူး... ရှမ်းလေးတို့ရဲ့ iSonic က ၇၃-လမ်း၊ ၃၆×၃၇-လမ်းကြားမှာ ရှိတယ်... iDevice တွေနဲ့ ပတ်သက်တဲ့ software ပိုင်း hardware ပိုင်းတွေကို ဖြေရှင်းပေးပါတယ်... နောက်ညွှန်းချင်တာကလည်း မြန်မာလူမျိုးတွေ ထုတ်ထားတဲ့ iDEFINED ပါ... ဒီ iDEFINED ကို Technomation Studio ရဲ့ CEO ထူးမြင့်နောင် ဆီက လက်ဆောင် ရထားတာပါ... iDEFINED မှာ English-Myanmar, Oxford Advanced Learners, Longman, Merriam-Webster ဒစ်ရှင်နယ်ရီတွေ ပါပါတယ်... အသံထွက်လည်း နားထောင်လို့ ရပါတယ်... iDEFINED မှာ ရှာတဲ့ စာလုံးရိုက် နေချိန်မှာ သက်

PhotoCam Mandalay 2011

My Labels: PhotoCamp Mandalay 2011, the first PhotoCamp in Mandalay, Myanmar

PhotoCamp Mandalay ကျင်းပမည်...

““ ဓာတ်ပုံဆိုတာ အတ္ထုပတ္တိဖြစ်သလို၊ဖြတ်သန်းမှုလည်း ဖြစ်တယ်။ အဖြစ်အပျက်တစ်ခုဖြစ်သလို သမိုင်းအချက်အလက်လည်း ဖြစ်တယ်။ အဲဒီ အတ္ထုပတ္တိတွေ၊ ဖြတ်သန်းမှုတွေ၊ အဖြစ်အပျက်တွေ၊ သမိုင်းအချက်အလက်တွေ၊ အလွမ်းဝေဒနာတွေ၊ ခံစားမှုရသတွေကို တူရာစုပြီး PhotoCamp Mandalay မှာ တွေ့ဆုံပြောဆို ဖလှယ်ကြရအောင်လေ....။”” နေ့ရက် - 20-Mar-2011 အချိန် - နံနက် ၉-နာရီမှ ညနေ ၅-နာရီ အထိ နေရာ - MCPA Conference Hall ၊အခန်း (226), ရွှေဖြူပလာဇာ၊ ၃၃-လမ်းနှင့် ဇောတိကလမ်းကြား၊             ၇၇-လမ်းနှင့် ၇၈-လမ်းကြား၊မန္တလေးမြို့