မြန်မာလို sms ပို့နိုင်တဲ့ စနစ်ကို တီထွင်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ sm3 ကနေ အခု ထပ်မံပြီး ၂၀၀၉ ခုနှစ် အတွက် sm3 မြန်မာပြက္ခဒိန် Mobile Edition ကို ထုတ်ဝေ ဖြန့်ချီလိုက်ပါတယ်... အခမဲ့ ဖြန့်ဝေတဲ့ version မှာ အင်္ဂလိပ် ရက်စွဲ၊ မြန်မာရက်စွဲ၊ လပြည့်၊ လဆန်း၊ လဆုတ်၊ လကွယ်၊ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးခေါင်းလှည့်တဲ့ အရပ်မျက်နှာတို့ကို ဖော်ပြပေးထား ပါတယ်... ၂၀၀၈ ခုနှစ်အတွက်လည်း sm3 ကနေ ဒီလို ပြက္ခဒိန် software ကို ထုတ်ဝေခဲ့ဖူးပါတယ်... ဒီ software ကို Java application run လို့ရတဲ့ ဖုန်းတိုင်းမှာ အသုံးပြုနိုင်တယ်လို့ သိရကြောင်းပါ... အခမဲ့ ဖြန့်ဝေတဲ့ sm3 မြန်မာပြက္ခဒိန် နှင့် sm3 Unit Converter တို့အပြင် sm3 မြန်မာစာတိုပို့စနစ်၊ sm3 ab+c (လုံခြုံစိတ်ချစွာ ဖုန်းနံပါတ်များကို မြန်မာ+အင်္ဂလိပ် မှတ်သားနိုင်သည့် စနစ်)၊ sm3 Myanmar Calendar Centurial Edition + မင်္ဂလာအခါပေးဗေဒင် calendar တို့ကို ထုတ်လုပ်ထားပြီး ရန်ကုန်၊ မန္တလေးရှိ ဖုန်းဆိုင်များမှာ ထည့်သွင်း ဝယ်ယူနိုင်ကြောင်း သိရပါတယ်... sm3 မြန်မာပြက္ခဒိန် မှာ ကျတော့်နာမည်ကို ထည့်သွင်းပေးတဲ့ sm3 အဖွဲ့မှ သူငယ်ချင်းများကို ကျေးဇူး အထူး တင်ရှိကြောင်းပါ... sm3 မြန်မာ
MgHla's ဒိုင်ယာရီ