Skip to main content

Posts

Unfocus

Focus မဖြစ်လည်း လှပါတယ်... My Labels: Photo, Bokeh, unfocused photo

ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃအစည်းဝေးကြီး ကျင်းပမည်

၁၇-ကြိမ်မြောက် သာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃအစည်းဝေးကြီးကို လာမယ့် ဖေဖော်ဝါရီလ ၆-ရက်နေ့ကစပြီး ၈-ရက်နေ့အထိ မန္တလေးတောင်ခြေမှာ ရှိတဲ့ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးမှာ ကျင်းပပြုလုပ်မယ်လို့ နန်းတွင်း မြောက်ဘက် တံတားအထွက် မီးပွိုင့်၊ ဂေါက်ကွင်းသွားတဲ့လမ်းမပေါ်မှာ မုဒ်ဦးပြုလုပ်ပြီး ဖော်ပြရေးသားထားပါတယ်... ဒါအပြင် billboard ဖြင့်ပါ “သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ” ဆိုပြီး တင်ထားပါတယ်... ယင်း billboard နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ နေရာကို အဓိက ရည်ရွယ်တယ်လို့ ထင်ရပါတယ်... My Labels: Mandalay News

ဘာရယ်တော့မဟုတ်ပါဘူး...

ဘာရယ်တော့မဟုတ်ပါဘူး... ရန်ကုန်က ပြန်လာပြီးကတည်းက အလုပ်ရှုပ်သလိုလို၊ ပျင်းသလိုလို ဖြစ်ပြီး ဘလော့မရေးဖြစ်ဘူး... ကဲဆားချက်လိုက်ဦးမယ်... ရန်ကုန်ရုံးက ဘော်ဒါ မန်နေဂျာက သင်ပေါင်းပိုး လိုက်ကြွေးမယ် ဆိုတာနဲ့ တရုတ်တန်းရောက် သွားတယ်... သင်ပေါင်းပိုး မမြင်ဖူး မစားဖူးလို့ လိုက်သွားတယ်... သင်ပေါင်းပိုးတွေကို စတီးဗန်းထဲမှာ ရေစိမ်ထားတယ်... တစ်ကောင်ကို ၄၀၀-ကျပ်၊ ၅၀၀-ကျပ်၊ ၇၀၀-ကျပ် တဲ့... အစိမ်းလိုက်လည်း စားလို့ရသလို ကြော်ပြီးတော့လည်း စားလို့ရတယ်... ဆားခါးဆိုလား ဘာဆိုလား မသိပါဘူး... လျှက်ဆားလို ဟာမျိုးနဲ့ တို့စားရတယ်... အပေါ်ပုံ ၂-ပုံက အရှင်တွေ၊ အောက်ဆုံးပုံက ကြော်ထားတာပါ... အဲဒီနေ့က လိုရှင်းမင်းသမီးလည်း သင်ပေါင်းပိုးနဲ့ ဒုတ်ထိုးလာစားတယ်... :D Nikon D40 | ISO800 | 32mm (18~55mm Kit Lens) | f/4.5 | 1/15sec | Flash - Did not fire Nikon D40 | ISO800 | 55mm (18~55mm Kit Lens) | f/4.5 | 1/15sec | Flash - Did not fire Nikon D40 | ISO800 | 26mm (18~55mm Kit Lens) | f/4.5 | 1/15sec | Flash - Did not fire

Letter from U Kovida

မင်္ဂလာပါဒါယကာကိုမောင်လှ ဦးဇင်းစာရေးဆက်သွယ်လိုက်ပါတယ်ဒါယကာ။ဦးဇင်းရဲ့ဘလော့က www.kovida.multiply.com ပါဒါယကာ။ ဦးဇင်းဒါယကာထံမှအကူအညီအနည်းငယ်တောင်းလိုပါတယ်။ ဒါယကာ ကူညီနိုင်လိမ့်မယ် လို့မျှော်လင့်ပါတယ်။ အဲဒါကတော့ ဦးဇင်း အခု စစ်ကိုင်းတောင်မှာ သင်တန်းအသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ် နေပါတယ် ဒါယကာ ။ အဲဒီသင်တန်းမှာ လူတွေကိုပါ အခမဲ့ သင်ကြားပေးဖို့စီစဉ်နေပါတယ်။ အဲဒီ သင်တန်းအတွက် လူတော်တွေကို လျှောက်လွှာခေါ်ယူခဲ့ရာမှာ လာေ၇ာက်လျှောက်ထားသူ ဦးရေ ၅၀ ဦးခန့်ရှီသွားပါပြီ ဒါယက အခုအဲဒီသင်တန်းမှာ ကွန်ပျူတာများ ထပ်မံတိုးချဲ့ဖို့ အတွက် အလှူရှင်များ လိုအပ်နေပါတယ် ဒါယကာ။ မီးအတွက်လည်း မီးစက် အလှူရှင် မရှိသေးဘူးဖြစ်နေပါတယ် ဒါယကာ။ အဲဒီသင်တန်း အတွက် ကွန်ပျူတာနဲ့ မီးစက်အလှူရှင်များလိုအပ်ကြောင်းကို ပိုစ့်တစ်ခု အနေနဲ့ ဒါယကာရဲ့ ဘလော့မှာ တင်ပေးစေလိုပါတယ် ဒါယကာ။ ဒါယကာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အပေါင်းတို့နှင့်ပြည့်စုံ၍ ပညာပါရမီ ဖြည့်ဆည်းနိုင်သော အမျိုးကောင်းသားတစ်ဦးဖြစ်ပါစေ။ ဓါတ်ပုံတွေ လိုအပ်ရင်တော့ ဥိးဇင်းရဲ့ ဘလော့မှာ ယူသုံးလို့ရပါတယ် ဒါယကာ။