ပထမဆုံး နှုတ်ဆက်ချင်တာကတော့ Happy New Year ပါ... ပျော်ရွှင်စရာ အတိနဲ့ ပြီးပြည့်စုံတဲ့၊ တတိုင်းရနိုင်တဲ့ 2009 ခုနှစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်... မောင်လှရေ... မှတ်ထားဦးဗျ... Windows XP ကြိုက်လွန်းလို့ ရုံးက ဝယ်ပေးတဲ့ laptop မှာပါလာတဲ့ Vista Home Premium ကို ဖြုတ်ချပြီး မရမက XP တင်သုံးနေတာကနေ... စမ်းထားတဲ့ တင်ထားတဲ့ software များလာလို ထင်ပါရဲ့ နှေးနှေးလာလို့ format ချပြီး Vista ပြန်တင်သုံးဖြစ်တယ်... Vista နောက် ထွက်လာမယ့် windows မှာလည်း vista ကို အခြေခံနိုင်တယ်လို့ ယူဆပြီး စွဲစွဲမြဲမြဲ သုံးနေတဲ့ XP အစား Vista ပြောင်းသုံး ဖြစ်တာပါ... အရင်က အခြား Disk Management Tool တစ်ခုခုကို သုံးပြီး လုပ်ရတဲ့ Partition ချုံ့တာ၊ ချဲ့တာ လုပ်တဲ့ လုပ်ဆောင်ချက် Vista မှာ ပါလာတာ သတိထားမယ်တယ်... Control Panel ထဲက Administrative Tools ထဲကမှ Computer Managment ကိုဖွင့်ပါ... Computer Managment ပွင့်လာပြီ ဆိုရင် ... ဘယ်ဘက် ကော်လံထဲက Storage အောက် Disk Manage ment ကို ရွေးပါ... စက်ထဲမှာ ရှိတဲ့ Hard Disk နဲ့ partition များကို ပြပါလိမ့်မယ်... မိမိ ချုံ့/ချဲ့လိုတဲ့ partition ပေါ် right click လုပ်လိုက်ပါ... ပေါ်
MgHla's ဒိုင်ယာရီ