Skip to main content

Posts

ဘာရယ်တော့မဟုတ်ပါဘူး...

ဘာရယ်တော့မဟုတ်ပါဘူး... ညီမင်းစံ (ခ) သခင်စိုးကြီး (Not သခင်ကြီး) (ခ) BaganNAT ဓာတ်ပုံကို အဖြူအမည်းနဲ့ တင်မယ် လုပ်ပြီးမှ .. မကောင်းပါဘူးလေ ဟိုပြင် ဒီပြင် လုပ်ဦးမှ ဆိုပြီး လုပ်လိုက်တာ ဒီလိုဖြစ်သွားရော...

ဒါနဲ့ .. စကားမစပ်...

ဒါနဲ့ .. စကားမစပ်... တနင်္ဂနွေနေ့ မနက် ၅း၅၀-နာရီ လောက်က မန်းလေးရဲ့ မြောက်ဘက် ၅၅-မိုင်အကွာကို ဗဟိုပြုပြီးတော့ြေါညငအကိန ၄.၇ ရှိတဲ့ ငလျင် လှုပ်သွားကြောင်းပါ... ငလျင်မလှုပ်ခင် တစ်ပတ် မတိုင်ခင်မှာ ရာသီဥတုမှာ အရမ်းအေးပြီး ငလျင်လှုပ်ပြီးတဲ့ အချိန်မှာတော့ အအေးပြန်လျော့သွားပါတယ်... ငလျင်နဲ့ ရာသီဥတု အပူချိန် ပတ်သတ်မှု ရှိလား မရှိလားတော့ မသိကြောင်းပါ... Google နဲ့ ရှာကြည့်တော့ ပုံအောက် လင်ခ်ထဲမှာ ငလျင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ တွေ့တယ်... http://earthquake.usgs.gov/eqcenter/rec ... hp#details ဒါနဲ့ .. စကားမစပ်... ဒီမှာ မခင်ဦးမေ က “ခါးမှာ ချိတ်ထားတာ ဗျောက်ကြီးထင်လို့။ :P” လို့ပြောတားတာကို ဖြေရှင်းပါရစေ... အဲဒါ ဗျောက် မဟုတ်ကြောင်းပါ... “ဟလို .. ဟလို ... ကြားလား ကြားလား..” ခဏ ခဏ အော်ရတဲ့ ပါလေရာ ဖုန်းလေးပါ.. ဒါနဲ့ .. စကားမစပ်... ကျတော့် blog မှာ Followers လုပ်ထားသူများကို ကျေးဇူး အထူးတင်ကြောင်းပါ... ကျတော်မှာတော့ Greader နဲ့ ဖတ်နေရတဲ့ အတွက် follow မလုပ်နိုင် comment မရေးနိုင် မပြန်နိုင်တာကို ခွင့်လွှတ်စေချင်ပါသည်... ဒါနဲ့ .. စကားမစပ်... စိုးမင့်ခန့် မေးထားတဲ့ © အမှတ်အသား ကို ဘယ်လို လုပ်ထားလဲဆိုတော့... Pho

အေးလိုက်တာနော်... (Mandalay)

ဒီနေ့မနက် အိပ်ယာထတော့ ရေတွေ ခဲနေတယ်... ရေခဲသေတ္တာထဲမှာလေ... မနေ့ည ၁၁-နာရီက စပြီး မီးလာနေတယ်ဆိုတော့ ခဲမှာပေါ့... :D (စတာပါဗျာ...) မန္တလေးမှာ ရာသီဥတုကြောင့် ရေမှ မခဲဖူးတာ ယုံချင်စရာ မကောင်းပါဘူး... ၆း၃၀-နာရီလောက် နိုးတော့ အပြင်မှာ မှောင်နေသေးတာနဲ့ ပြန်မှိန်းနေလိုက်တယ်... ၇း၁၀-နာရီမှာ မဖြစ်ဘူး ရုံးသွားရဦးမယ် ဆိုပြီး ကုန်းရုန်းထ... ရေနွေးစပ်ထားတဲ့ ရေချိုး၊ သမီးနဲ့ ခဏနေတယ်... ပြီးတော့ ရုံးကို လာတော့ လမ်းမှာ မိုးဖွားလေးတွေ ကျသလို နှင်းမှုန်လေးတွေ မျက်နှာကို လာစင်တယ်... အခုအချိန်အထိတော့ နေမထွက်သေးဘူး... နေ့လယ်ဘက်တောင် အနွေးထည် အပါး မဝတ်ထားရင်လည်း အေးသလိုလို ရှိတာနဲ့ နေ့လယ်ဘက်ပါ အနွေးထည် ပါးပါးလေး ဝတ်ထားရတယ်... လမ်း-၈၀ အရင်တရုတ်တန်းဈေး ဘက်မှာ တရုတ်အနွေးထည် ရောင်းတဲ့ ဆိုင်တွေမှာ အလကားပေးနေတဲ့ အတိုင်းပဲ ဈေးဝယ်တွေနဲ့ စည်လိုက်တာ... စည်ဆို ဈေးလည်းတော်တာကိုး ဗျ... မန္တလေးမှာ အေးတယ်ဗျ... ချမ်းနေတယ်ဗျနော်... မန္တလေးလာရင် အနွေးထည် ထူထူ ယူခဲ့ကြဦး... ကားနဲ့ပဲ သွားတယ် လည်မယ်ဆိုရင် ပြသနာမရှိပေမယ့်... ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင်တော့ မန္တလေးရဲ့ အအေးဒဏ်ကို ခံရလိမ့်မယ်ဗျ... My Labels: diary, Mandalay News, Myanm

မေမြို့ကနေ ပြန်ခဲ့တယ် Maymyo

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မေမြို့တက်ပြီး အဲဒီနေ့မှာ ရတနာပုံ Teleport မှာ ကျင်းပတဲ့ ပွဲကို သွားခဲ့တယ်... ဘာမေးမေး မသိတာများနေတဲ့ ကွန်ပျူတာ ပစ္စည်းရောင်းတဲ့ ဆိုင်တွေပဲ တွေ့နေလို့ မျက်စိရှေ့ မြင်တာကြည့်၊ ကပ်ထားတဲ့ စာရွက်မှာ ရေးထားတာတွေ ဖတ်ပြီး ပြန်ခဲ့ရတယ်... ဘာတွေပေါလည်း ဆိုတော့ တစ်ခါသုံး GSM ဖုန်းကဒ်ဝယ်ပြီး ၃၈၀၀၀-ကျပ်တန် ZTE handset ဝယ်တဲ့သူတွေ ပေါတယ်ဗျာ... တနင်္လာနေ့မှာတော့ မေမြို့ အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို ရောက်ခဲ့တယ်... ပန်းတွေကိုပဲ ဓာတ်ပုံရိုက်ခဲ့တယ်... သစ်ခွခြံထဲမှာ ဓာတ်ပုံရိုက်တာ လက်တွေလည်း အံသေ၊ မန်မိုရီကဒ်လည်း ကုန်ပေါ့ဗျာ... အောက်ကပုံတွေကို Nikon D40 နဲ့အတူပါလာတဲ့ 18-55mm lens နဲ့ရိုက်ထားတာပါ... My Labels: Maymyo (Currently known as Pyin Oo Lwin), Photos, Flower, Macro, Myanmar Burma Orchid

Bagan Photos #8

My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda

Bagan Photos #7

ကျောင်းဆင်းပေမယ့် မဆော့နိုင်သေးဘူး... ကျောင်းဝတ်စုံတောင် မလဲဘဲ ဈေးသွားရောင်းရဦးမယ်... ညဘက်ကြီး ဒီ post တက်လာလို့ အံ့သြမနေပါနဲ့ ကိုရန်အောင် ဒီမှာ ပြောထားတဲ့ နည်းနဲ့ တင်တာပါ... ကျေးဇူးပါ ကိုရန်အောင်... My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda