Skip to main content

Posts

Water Drops photo

မနေ့ညက ဟိုတယ် ဘေစင်မှာ ရေဖြည့်ပြီး ရိုက်ကြည့်ထားတာပါ... အပြာဘက် သန်းအောင် အလင်းခန်းထဲမှာ ချိန် ထားပါတယ်... ISO: 400 Lens: 180mm (Nikkor 70-300mm) Apature: f/4.8 Shutter Speed: 1/60sec ISO: 400 Lens: 270mm (Nikkor 70-300mm) Apature: f/8.0 Shutter Speed: 1/200sec My Lables: water drops photo

Flowers

ကျေးဇူးတင်ပါတယ်...

ကျတော့် ဘလော့ကို လာကြည့်တဲ့သူတွေရဲ့ ကျေးဇူးနဲ့ ဘန်ကောက်ရောက်နေတဲ့ ကျတော့်သူငယ်ချင်း ကျေးဇူးကြောင့် အပေါ်က ပြထားတဲ့ ဓာတ်ပုံထဲမှာ ပါတဲ့ ပစ္စည်း ၂-ခု ဝယ်နိုင်ခဲ့ပါတယ်... ကျတော့်ဘလော့ကို လာရောက် ကြည့်ရှုသူများကို ကျေးဇူး အထူးတင် ရှိကြောင်းပါ...

မနေ့က

မနေ့က ... ဪ မနေ့က...

b ဘီအသေးလား B ဘီအကြီးလား (Bit or Byte)

Bit ဆိုတာ binary digital ကို ခေါ်တာပါ... bit ဆိုတာ 0 (သို့) 1 ကိုရည်ညွှန်းပါတယ်... ကွန်ပျူတာမှာ အသေးဆုံး ယူနစ် တစ်ခုဖြစ်ပါတယ်... 0 နဲ့ 1 ၈-လုံး ပေါင်းစည်းလိုက်ရင် Byte လို့ခေါ်ပါတယ်... အက္ခရာတစ်လုံး (character တစ်လုံး) နဲ့ ညီမျှပါတယ်... Bit ကို အတိုကောက် ရေးတဲ့အခါ b (small letter b) အနေနဲ့ သုံးရပြီး Byte ကို အတိုကောက် သုံးနှုန်းတဲ့အခါ B (capital letter B) နဲ့ သုံးရပါတယ်... 10 Kb ဆိုတာနဲ့ 10 KB ဆိုတာ အဓိပ္ပာယ် မတူပါဘူး... 10 Kb က 10 Kilo bit ကိုပြောတာဖြစ်ပြီး 10 KB ဆိုတာက 10 Kilo Byte ကိုပြောတာပါ... အဲဒီလိုပါပဲ 100Mbps နဲ့ 100MBps မတူသလို 200Mb နဲ့ 200MB ဆိုတာ မတူပါဘူး... အသုံးအနှုန်းလေးတွေ မမှားကြအောင်၊ အဓိပ္ပာယ် မလွှဲရအောင် ဂရုတစိုက် ရေးသား စေချင်ပါတယ်.. အကျယ်ထပ်သိချင်ရင်တော့ http://en.wikipedia.org/wiki/Bit နဲ့ http://en.wikipedia.org/wiki/Byte မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... labels: data storage unit, data transfer unit, bit, byte, computer, it, ict

Zaygyo IT Zone

မနေ့က ကိုသခင်ကြီး နဲ့ အတူ ဈေးချို ပလာဇာမှာ ကျင်းပတဲ့ Zaygyo IT zone ဖွင့်ပွဲနဲ့ ကွန်ပျူတာ နည်းပညာပြပွဲကို သွားကြည့်ဖြစ်တယ်... ကွန်ပျူတာဆိုင်တွေမှာ အများသောအားဖြင့် laptop များကို အဓိက ပြသ ရောင်းချတာကို တွေ့ခဲ့ရတယ်... Dell desktop PC များကိုလည်း ရောင်းချတာတွေ့ရပါတယ်... မှတ်မိသလောက် ပြောရရင် DCD, MRS, KMD, Blu Ray, Top Trading (Digital Camera Shop), eTradeMyanmar, Technoland, eVolva, Alpha, MAT, MIT, Canon နဲ့ Sony တို့အပါအဝင် အခြားဆိုင်တွေကိုလည်း တွေ့ခဲ့ရတယ်... လူအရမ်းကြီး မများပေမယ့် စည်ကားတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်... ဒီနေ့လည်း အဲဒီပွဲကို ကင်မရာဝယ်ဖို့ သွားခဲ့ပါသေးတယ်... ဒီနေ့ဟာ ဈေးချိုဖွင့်တဲ့ အတွက် ဆိုင်ကယ် အပ်ရာမှာ အခက်အခဲ ရှိပါတယ်... Zaygyo IT zone ဟာ မန္တလေးမြို့ နာရီစင်၊ ဈေးချို ပလာဇာ၊ ၂၆-လမ်းနှင့် ၈၅-လမ်းထောင့်မှာ တည်ရှိပါတယ်... ရတနာပုံဈေး မီးလောင်သွားပြီးတဲ့ နောက်မှာ MICT မှ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတော်တော်များများက ရတနာပုံဈေး မြောက်ဘက် မှာ တိုက်ခန်းများပြန်လည် ငှားရမ်း လုပ်ကိုင်ကြပြီး အချို့ကတော့ အခုဖွင့်လှစ်တဲ့ ဈေးချိုပလာဇာမှာ ပြောင်းလဲ ဖွင့်လှစ်ကြတာ ဖြစ်ပါတယ်...

mmGeeks.org Burmese Input System FireFox Add-on

mmGeek.org မှ ထုတ်လုပ်လိုက်တဲ့ Burmese Input System FireFox Add-on ကို အသုံးပြုပြီ Mozilla FireFox မှာ Zawgyi-One font ကို အသုံးပြုပြီး မြန်မာစာကို အလွယ်အကူ install လုပ်ပြီး စာရိုက်နိုင်ပါပြီ... ယခင်က Planet နဲ့ Alpha Zawgyi တို့မှ ထွက်ရှိခဲ့တဲ့ Zawgyi Keyboard Layout (IME) ဟာ .exe နဲ့ဖြစ်တဲ့အတွက် သာမာန် User Account Level နဲ့ install လုပ်လို့မရပါဘူး... အခု FireFox Add-on ကတော့ သာမာန် User Account မှာလည်း install လုပ်လို့ရပါတယ်... Burmese Input System FireFox Add-on ကို Install လုပ်ဖို့အတွက် FireFox ကနေ https://addons.mozilla.org/en-US/firefox/addon/8279 ကိုသွားပြီး Add to FireFox ကို click လုပ်ပြီး Install လုပ်ပါ... mozilla.org မှာ register လုပ်ထားဖို့တော့ လိုအပ်ပါတယ်... install လုပ်ပြီးသွားရင် Firefox ကို restart လုပ်ခိုင်းပါလိမ့်မယ်... Restart လုပ်ပြီးလို့ ပြန်တက်လာတဲ့အခါ အသုံးပြုလို့ရပါပြီ... ဘယ်လို သုံးရမလဲဆိုတော့ FireFox ထဲမှာ Zawgyi-One နဲ့ စာရိုက်ချင်တဲ့နေရာမှာ Right click နှိပ်ပါ... အပေါ်က ပုံအတိုင်း ပေါ်လာရင် MMGeeks Input System > Burmese ကိုရွေးမယ်ဆိုရင် ပုံမှန် Zawgyi