Skip to main content

Posts

http://www.myanmarwikipedia.org

Zawgyi-One အသုံးပြုကြတဲ့ user တွေ အတွက် http://www.myanmarwikipedia.org လာပါပြီ... မည်သူမဆို လွတ်လပ်စွာဖြင့် ဝင်ရောက်ရေးသားနိုင်ပါပြီ... တည်ထောင်တဲ့ သက်တမ်း မကြာသေးပေမယ့် အကြောင်းအရာပေါင်း ၂၀၀ ကျော်ရှိနေပါပြီ... စိတ်ဝင်စားသူ မည်သူမဆို ဝင်ရောက်ရေးသားနိုင်ပါတယ်... အခြားသူများ ရေးသားထားတဲ့ အကြောင်းအရာများမှာ လိုအပ်ချက်များရှိနေပါကလည်း ပြင်ဆင် ရေးသားနိုင်ပါတယ်... http://www.myanmarwikipedia.org နဲ့ http://my.wikipedia.org/ တို့ဟာ မတူညီကြပါဘူး... http://my.wikipedia.org/ ဟာ မြန်မာလိုရေးသားထားခြင်း ဖြစ်သော်လည်း Unicode 5.1 စနစ်အတိုင်း လိုက်နာထားတဲ့ မြန်မာ Unicode font စစ်စစ်များဖြင့် ကြည့်မှသာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်... http://www.myanmarwikipedia.org ကတော့ Unicode မစစ်တဲ့ Zawgyi-One ရှိရင် ဖတ်ရှုနိုင်ပါတယ်... ဝင်ရောက် ရေးသား၊ ဖတ်ရှုကြပါဦးလို့ တည်ထောင်သူများ ကိုယ်စား ဖိတ်ခေါ်အပ်ပါတယ်... label: Myanmar wiki, Burmese, IT, ICT, internet

မနေ့က...

မနေ့က ရုံးပိတ်သည်... ဘာကြောင့်ရုံးပိတ်ပါသနည်း... အာဇာနည်နေ့ ဖြစ်သောကြောင့် ရုံးပိတ်ရက် ဖြစ်လေသည်... မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး၊ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်များ လုပ်ကြံခံရသော ဇူလိုင်လ ၁၉-ရက်ကို အာဇာနည်နေ့ဟု သမှတ် ထားခြင်း ဖြစ်ပေသည်... အာဇာနည်နေ့ ဖြစ်သော ဇူလိုင်လ ၁၉-ရက်ရက်နေ့တွင် မိုးများ ဖွဲဖွဲလေး ရွာတတ်လေသည်... မနေ့ မနက်က အိပ်ယာထတော့ မိုးမရွာသေးသဖြင့် မိုးမင်းကြီးတောင် အာဇာနည်နေ့ကို မေ့ပြစ်လိုက်ပြီဟုတောင် ထင်မိသေး... မိုးမင်းကြီးသည်လည်း တင်းကြပ်သော အမိန့်အာဏာများကြောင့် မသိ မသာ ဖွဲဖွဲလေး တစ်နေကုန်နီးပါး ရွာပေးလေသည်... ဝမ်းနည်းစရာကောင်းသည်ကတော့ အိမ်များတွင် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် အလံတဝက် လွှင့်ထူထားခြင်းကို အိမ်အချို့တွင်သာ တွေ့ရတော့ ခြင်းဖြစ် ပေသည်...

ကိုဂျေဆီကငှားထားတဲ့ 50mm lens နဲ့ရိုက်ထားတာ

မနေ့က ရုံးကပြန်တော့ ဒေါ်ဂရေ့စ်က ကူမင်းဈေးဝင်ပြီး ဈေးဝယ်မယ်ဆိုတာနဲ့ ကိုဂျေ့အိမ်ကို ရောက်သွားတယ်... ပြီးခဲ့တဲ့ ၂-ပတ်လောက်ကတည်းက ကိုဂျေ့ဆီက ၅၀မမ ငှားမယ် ပြောထားလို့ ကိုဂျေက သူ့ ၅၀မမ ထုတ်ငှား လိုက်တယ်... အဲဒါနဲ့ အိမ်ပြန်ရောက်တော့ ဟိုစမ်းရိုက် ဒီစမ်းရိုက် လျှောက်ရိုက်ဖြစ်တယ်... ပထမပုံက မင်္ဂလာဦး ပစ္စည်းကို ရိုက်ထားတာ... ဒုတိယပုံက ပင်ကူကို ရိုက်ထားတာပါ... ၅၀မမကို ပြောင်းပြန်တပ်ပြီး ရိုက်ထားတာ... အလင်းခန်းထဲ ဝင်ပြီးတော့ အရောင်ချိန်ညှိမှုတွေလုပ် ကျတော်အကြိုက် ၁၆း၉ ကတ်ကြေးကိုက်ထားတယ်... My labels: မြန်မာ, ဗမာ ,မန္တလေး, Myanmar, Burma, Burmese, Nikon, Photo

Canon EOS450D

Canon ပစ္စည်းများကို တင်သွင်း ဖြန့်ချီနေတဲ့ Accel Internaitonal ကုမ္ပဏီက ကျင်းပတဲ့ Canon EOS 450D နှင့် Flash Memory Camcorder ပစ္စည်းသစ် မိတ်ဆက်ပွဲကို Sedona Hotel - Mandalay ရဲ့ Amayapura ခန်းမမှာ မနေ့က ကျင်းပခဲ့ပါတယ်... ပထမဦးစွာ Canon ရဲ့ Flash Memory Camcorder များ အကြောင်း ရှင်းပြပါတယ်... ယင်း Canon Camcorder များဟာ Full HD ထွက်ပြီး 16GB built-in flash memory ပါတဲ့ camcorder များဟာ ၁၀-နာရီ ကျော် video ဖိုင်များကို သိမ်းဆည်းနိုင်ကြောင်း သိရပါတယ်... built-in memory အပြင် SD အမျိုးအစား memory card များနဲ့လည်း video ရိုက်ကူးနိုင်ကြေင်း သိရပါတယ်... Canon နဲ့ ပြိုင်ဘက် camcorder ထုတ်လုပ်သူများက ထုတ်လုပ်တဲ့ Full HD camcorder များဟာ Full HD လို့ ပြောပေမယ့် တကယ် Full HD မထွက် ဘူးလို့ လည်း Canon မှ ရှင်းပြသူ ကဆိုပါတယ်... FS11 အမျိုးအစား camcorder ကတော့ ဒေါ်လာ ၈၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်... အဲဒီနောက်မှာတော့ Canon EOS 450D SLR ကင်မရာအကြောင်း ရှင်းပြပါတယ်... မန္တလေးမှာ ဓာတ်ပုံဆိုင် ဖွင့်စားမည့်သူများဟာ ယင်း ကင်မရာ တစ်လုံးကို ပိုင်ဆိုင်ပြီ ဆိုရင် နောက်ထပ် ၅-နှစ်အတွင်း နောက်ထပ် ကင်မရာများ ထပ်ဝ

Post title နောက်မှာ ပုံလေးတွေ ထည့်ကြမယ်...

ကျတော် အခု အနည်းငယ် ပြင်ထားတဲ့ template design မှာ Post title ရဲ့ နောက်မှာ နောက်ခံပုံ ကနုတ်လေးထည့်ထားပါတယ်... အဲဒါမျိုး ပုံတွေကို ထည့်ချင်တယ် ဆိုရင်... ပထမဆုံး လုပ်ရမှာက post title နောက်မှာ ထည့်မယ့် ပုံကို အရင် ဖန်တီးထားပါ... ဖန်တီးထားတဲ့ ပုံကို internet ပေါ်က ပုံတင်တဲ့ site တစ်ခုခုပေါ်တင်ပါ... ရလာတဲ့ URL ADDRESS ကို မှတ်ထားပါ... ပြီးရင် blogspot ရဲ့ template ပြင်တဲ့ထဲ Edit HTML နဲ့ဝင်ပြီး post h3 ကိုရှာပါ... post h3 ရဲ့ css code ထဲမှာ အောက်က ဖော်ပြတဲ့ စာကြောင်းလေး ကို ထပ်ထည့်ပေးပါ... background-image: url( URL ADDRESS ); ဥပမာ မူရင်းရှိနေတဲ့ post h3 ရဲ့ css code က အောက်က အတိုင်း ဆိုပါတော့.... .post h3 { margin:.25em 0 0; padding:0 0 4px; font-size:140%; font-weight:normal; line-height:1.4em; color:#ffcc66; } အဲဒီ code တွေထဲကို post title ရဲ့ နောက်မှာ ပုံပေါ်မယ့် css code ထည့်ဖြည့်ထားပါတယ်... အောက်မှာ နမူနာ ကြည့်ပါ... .post h3 { margin:.25em 0 0; padding:0 0 4px; font-size:140%; font-weight:normal; line-height:1.4em; color:#ffcc66; background-image: url( URL ADDRESS ); } သုံးထားတဲ

ကြည်ညိုပါရစေ...

ရေးမယ် ရေးမယ် ဆိုပြီး မရေးဖြစ်ဘူး... ခုတော့ ရေးမှကို ဖြစ်တော့မယ်... ကျတော် ခုတလော ကြည်ညိုနေတဲ့ လူတစ်စု ရှိပါတယ်... အခြားသူများတော့ မဟုတ်ပါဘူး... မြန်မာဘလော့လောကမှာ လူသိများတဲ့ ညီလင်းဆက် (nyilynnseck.blogspot.com) ၊ စိုးဇေယျ ၊ ကိုမျက်လုံး နှင့် အဖွဲ့ကိုပါ... နာဂစ်ဒဏ်ခံခဲ့ရတဲ့ လပွတ္တာ ဧရိယာမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ တတ်နိုင်သမျှ ပါဝင်ပြီး ကူညီလုပ်ဆောင် ပေးနေတဲ့ မြန်မာဘလော့ဂါ အဖွဲ့ တစ်ခုဖြစ်ပါတယ်... နာဂစ်နဲ့ ပတ်သက်ပြီး ငွေလှူတာက လွဲရင် ကျတော် ဘာမှ မလုပ်နိုင်ခဲ့ဘူး... ကျတော် လှူနိုင်တဲ့ငွေကလည်း သဲတစ်ပွင့်စာ ပမာဏပဲရှိပါတယ်... သူတို့ ငွေအားအပြင် လုပ်အားကိုပါ လှူဒါန်းနိုင်ခဲ့တယ်... လုပ်နိုင်ခဲ့တယ်... ကျတော်တကယ်ကို ကြည်ညိုမိတယ်... သူတို့ကို အားကျမိတယ်... ညီလင်းဆက်နှင့်အဖွဲ့ရေ... ဘယ်လို အတားအဆီးပဲရှိပါစေ... အောင်မြင်စွာရှေ့ဆက်ပြီး လုပ်စရာရှိတာများကို အဆင်ပြေချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ... My labels: မြန်မာ, ရန်ကုန်, နာဂစ်, လပွတ္တာ, ဗမာ , Myanmar, Yangon, Rangoon, Nargis, Burma, Burmese, Nyi Lynn Seck

Mandalay Moat HDR Photo

အဲဒီနေ့ကပေါ့... ကိုဂျေရယ်၊ ဘုဃံဏက်ရယ်၊ ဆရာဆူးငှက်သားရယ် ကျတော့်ကို ပုံပြောသွားကြလို့ ကျတော် တစ်ယောက်တည်း ကျုံးတဝက်ကို ပတ်ပြီး ဓာတ်ပုံရိုက်ပြစ်လိုက်တယ်... ဓာတ်ပုံပညာ အားနည်းရှာတော့ နည်းပညာအားကိုးနဲ့ အပေါ်က ပုံထွက်လာအောင် လုပ်လိုက်တယ်... ပုံ ၄-ပုံရိုက်ပြီး HDR လုပ်ထားတာပါ... အရမ်းပြာနေ လွန်းလို့ အပြာရောင် တွေတော့ လျော့ထားပါတယ်... My labels: မြန်မာ, မန္တလေး, ဗမာ , Ancient City, Mandalay, Myanmar, Burma, Burmese, Photo