Skip to main content

Posts

CBox မှာ ညစ်ညမ်း စကားလုံးများဖြင့် အဆဲခံရခြင်း

ကျတော့်ရဲ့ cbox မှာ 2-Mar-08 ရက်ကတည်းက စပြီး ကျတော့် နာမည် MgHla ကိုသုံးပြီး ညစ်ညမ်းစကားလုံးတွေနဲ့ ဆဲဆို ရေးသားထားတဲ့ ပို့စ်တွေ တက်လာပါတယ်... ယိုသူမရှက် မြင်သူရှက် ဆိုတဲ့ စကားအတိုင်း ကျတော် ရေးသားထားတာ မဟုတ်ပေမယ့်လည်း မြင်ရတဲ့ ကျတော် ရှက်မိကြောင်းပါ... အခြားသူများ၏ cbox များတွင် MgHla ဆိုသည့် နာမည်သုံးပြီး ဆဲဆိုထားခြင်း၊ ညစ်ညမ်းစကားလုံးများ သုံးထားပါက ကျတော် မောင်လှ MgHla မဟုတ်ကြောင်း အသိပေးပါရစေ... လာရေးသွားတဲ့ ညစ်ညမ်း စကားလုံးတွေကို ကျတော့် blog မှာ မှတ်တမ်း တင်ထားပါရစေ... အောက်က စာကြောင်းများ 2-Mar-08 ရက်နေ့က ကျတော့် cbox မှာ လာရေးသွားတာပါ... " မင်းမေငါလိုး " သုံးပြီး ရေးသားသူရဲ့ IP address က 64.62.138.23 ပါ... Bypass proxy server တစ်ခုခုရဲ့ IP address ဖြစ်ပုံရပါတယ်... မင်းမေငါလိုး : ကိုမေကိုလိုး မင်းက ဘယ်လောက် ၀ါရင့်နေလို့ သူများကို မြန်မာ blogger လောကထဲကို ဝင်ရောက်စ blogger ပေါက်စ သုံးယောက် လို့ ပြောတာလဲ ကျတော် 2-Mar-08 မှာ ရေးထားတဲ့ လောကအလှ မြန်မာ အွန်လိုင်းမဂ္ဂဇင်းထဲပါတာကို ပြောထားပေမယ့် သေချာ သွားမဖတ်ပဲ အဲဒီ တစ်ယောက်က မင်းမေငါလိုး နာမည်နဲ့ လာဆဲတာပါ... ကျတော်ကေ

www.lawka-ahla.com

လောကအလှ မြန်မာ online မဂ္ဂဇင်း တစ်စောင် မနေ့ကစပြီး ထွက်နေတယ်လို့ သိရတယ်... လောကအလှမှာ မြန်မာ blogger လောကထဲကို ဝင်ရောက်စ blogger ပေါက်စ သုံးယောက်ကိုလည်း အင်တာဗျူးထားတာ တွေ့ရတယ်... လောကအလှမှာ အယ်ဒီတာစကား၊ အတွေးအမြင်၊ အနုပညာသတင်း၊ အက်ဆေး၊ ဟာသ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ အင်တာဗျူး၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကွန်ပျူတာကဏ္ဍ၊ ဓါတ်ပုံကဏ္ဍ၊ အမျိုးသားရေးရား၊ အမျိုးသမီးရေးရာ ဆိုပြီး ကဏ္ဍလေးတွေ ပါဝင်တာ တွေ့ရတယ်... လောကအလှကို သွားရောက် ဖတ်ရှုကြည့်ပါဦး လို့ တိုက်တွန်းပါရစေဗျာ... My labels: Myanmar News, Burmese (Myanmar) Online Magazine, လောကအလှ အွန်လိုင်း မဂ္ဂဇင်း

မနေ့က (Dear Yesterday)

မနေ့က ... ညဦးပိုင်း သိပ်မချမ်းတော့လို့ စောင်အပါးခြုံအိပ်နေတာ မနက်ကျ ချမ်းလာလို့ ဂွမ်းစောင်မထူမပါး ခေါက်လျှက်ကို တင်ပြီး အိပ်မိပါတယ်... မိန်းမက တစ်ရေးနိုးတော့ စောင်ပိနေတယ်မှတ်လို့တဲ့ ရုတ်တရက် လှမ်းဆွဲချလိုက်တော့ လန့်နိုးတာ ပြန်အိပ် လို့ကို မရတော့ဘူး... သူ့ညီမ တစ်ဝမ်းကွဲ မင်္ဂလာဆောင်ရှိတာနဲ့ အိပ်ယာ ထလိုက်ရတယ်... အိပ်ယာ ထထချင်း ရေချိုးခန်းနဲ့ အိမ်သာ မအားသေးတာနဲ့ တီဗွီဖွင့်ကြည့်ဖြစ်တယ်... အိမ်သာအားတော့ အီးပါ မျက်နှာသစ် ရေချိုး အ၀တ်အစားလဲပြီး မင်္ဂလာဆောင်ကို ချီတက်ကြတယ်... ၁၀ နာရီလောက်မှာ သမီးကို အိမ်ထောင်စု ဇယားထဲ ထည့်ဖို့ လ၀ကရုံးကို သွားကြတယ်... ၁၀-နာရီခွဲလောက်ရောက်တယ်... ဦးစီးမှူး မရောက်လာသေးလို့ စောင့်ရတယ်... ဦးစီးမှူးရောက်ပြန်တော့လည်း အိမ်ထောင်စု ဇယားမှာ သမီး နာမည် တစ်ကြောင်းတိုးဖို့ တော်တော်ကြာကြာလေး ရေးရတယ်... ရေးပြီးတော့လည်း ဦးစီးမှူး လက်မှတ် ပြန်ထိုးရပြန်တယ်... လက်မှတ်ထိုးရတာလည်း တော်တော် ကြာတယ်... လက်ဖက်ရည်ဖိုးလေး ပေးပါဦးလို့ တိုးတိုးလေး တောင်းတယ်... တိုးတိုးပြောရင် ကျတော် နားမကောင်းတာလား မသိ... လက်ဖက်ရည်ဖိုးပဲ ကြားတာ... ဘယ်လောက်တောင်းမှန်း မသိဘူး... ခြင်္သေ့ကြီး ၄ ကောင် ထုတ်ပေးလ

မီးထပ်လောင် ပြန်ခြင်း (Mandalay Fire News)

ဒီနေ့ မနက် ၁၀း၁၅ နာရီဝန်းကျင် CAE အဆောင် နားမှာ မီးလောင်ပါတယ်... ယင်းဘော်ဒါ ဆောင်နားမှာရှိတဲ့ အားလူးကြော်ဖိုက နေစလောင်ပြီး CAE အဆောင်ဘက်ကိုပါ ကူးစက်ကြောင်း ကြားသိရပါတယ်... အချို့လူတွေကတော့ CAE စားဖိုဆောင်မှ စတင် လောင်ကျွမ်းခြင်း ဖြစ်တယ်လို့ ပြောကြပါတယ်... ဘယ်သတင်း က အမှန်လဲ တော့ မသိပါဘူး... ကျတော်ကိုယ်တိုင်လည်း အိမ်နဲ့ နီးတဲ့အတွက် အိမ်ကို ပြန်ပြေးပြီး ပစ္စည်းမှား ပြန်သိမ်းရပါတယ်... လာကြည့်သူ ဆိုင်ကယ်များ အရမ်းများတဲ့ အတွက် မီးလောင်ပြင်ဘက်ကို တော့ သွားရောက် ကြည့်ရှုနိုင်ခြင်း မရှိပါဘူး... အဆောင်နေ ကလေးများကတော့ ၃၂-လမ်းပေါ် စာအုပ်များ ပိုက်ပြီး အရှေ့မှ အနောက်ဘက်ကို ပြေးနေကြတာ တွေ့ရပါတယ်... ဖြစ်ဖြစ်ချင်း ဖြတ်သွားတဲ့ ကလေးတွေဆို မျက်နှာမှာ ထိခိုက်ဒဏ်ရာ ရသည့် ကလေးများ ပါဝင်ကြောင်း သိရပါတယ်... ပြေးလာတဲ့ ကျောင်းသားများရဲ့ အဆိုရ အချို့ကျောင်းသားများရဲ့ စာအုပ်များနဲ့ ပစ္စည်းများ မီးလောင်ရာမှာ ပါသွားတယ်လို့ဆိုပါတယ်... ၁၀း၄၅ မီနစ်ခန့်မှာ မီးငြိမ်းသွားပါပြီ... CAE ဘော်ဒါဆိုတာ မန္တလေးရဲ့ နာမည်ကြီး ဘော်ဒါဆောင်ဖြစ်ပြီး ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၆၄-လမ်းမပေါ်မှာ တည်ရှိပါတယ်... ဒီဓာတ်ပုံကို Sony Ericsson K510i

Fire @ Yadanabon Zay (Market) Part III

မနေ့က မီးထဲမှာ MCC ရဲ့ ရုံးခန်း ပါသွားပါတယ်... ဒီနေ့လောင်တဲ့ မီးထဲမှာ MCC အကုန်ပြာကျသွားတယ်... MCC အောက်ထပ်က Orange super market ပါ... Orange က air-con တက်ဖြုတ်ရင်း gas အိုး ပေါက်လို့ မီးထလောင်တာလို့ အခင်းဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သူငယ်ချင်းက ပြောပါတယ်... မနေ့ညကတည်း ကွန်ပျူတာများကို သယ်နိုင်ခဲ့တဲ့ အတွက် စက်ခန်း ၃-ခန်းမှ ကွန်ပျူတာများကို သယ်ယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်... ဒီနေ့ ခုံနဲ့ အခြား ပစ္စည်းများကို သယ်ယူဖို့ ခွင့်ပြုချက်ကို လမ်းမပေါ်မှာ စောင့်ဆိုင်းနေရင်း အခုလို မီးလောင်တာ ဖြစ်ကြောင်း သိရပါတယ်... MCC မှ ၀န်ထမ်းများ ထိခိုက်ဒဏ်ရာ ရမှုလည်း မရှိဘူးလို့ သိရပါတယ်... MgHla ex-Lecturer (MCC Mandalay Branch) My labels: Mandalay News, Fire at Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

Fire @ Yadanabon Zay (Market) Part II

ရတနာပုံဈေးမှာ မီးလောင်နေတာ အခုအချိန်အထိ မငြိမ်းသေးပါဘူး... ကြိုးစား ငြိမ်းသတ်နေကြတာကို တွေ့ရပါတယ်... အောက်က ပုံတွေက အခုနေ့လယ် ၂ နာရီ ဝန်းကျင်က ရိုက်ထားတာပါ... ကျတော့်ရဲ့ Google Pages မှာ တင်ထားတဲ့ အထက်ကပုံတွေ bandwidth ကျော်သွားလို့ မမြင်ရဘူး ဖြစ်နေပါတယ်... ဒီပုံတွေကို ကြည့်ချင်တယ် ဆိုရင်တော့ NativeMyanmar Forum မှာ သွားကြည့်နိုင်ကြောင်းပါ... My labels: Mandalay News, Fire at Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း