မနေ့က ... ညဦးပိုင်း သိပ်မချမ်းတော့လို့ စောင်အပါးခြုံအိပ်နေတာ မနက်ကျ ချမ်းလာလို့ ဂွမ်းစောင်မထူမပါး ခေါက်လျှက်ကို တင်ပြီး အိပ်မိပါတယ်... မိန်းမက တစ်ရေးနိုးတော့ စောင်ပိနေတယ်မှတ်လို့တဲ့ ရုတ်တရက် လှမ်းဆွဲချလိုက်တော့ လန့်နိုးတာ ပြန်အိပ် လို့ကို မရတော့ဘူး... သူ့ညီမ တစ်ဝမ်းကွဲ မင်္ဂလာဆောင်ရှိတာနဲ့ အိပ်ယာ ထလိုက်ရတယ်... အိပ်ယာ ထထချင်း ရေချိုးခန်းနဲ့ အိမ်သာ မအားသေးတာနဲ့ တီဗွီဖွင့်ကြည့်ဖြစ်တယ်... အိမ်သာအားတော့ အီးပါ မျက်နှာသစ် ရေချိုး အ၀တ်အစားလဲပြီး မင်္ဂလာဆောင်ကို ချီတက်ကြတယ်... ၁၀ နာရီလောက်မှာ သမီးကို အိမ်ထောင်စု ဇယားထဲ ထည့်ဖို့ လ၀ကရုံးကို သွားကြတယ်... ၁၀-နာရီခွဲလောက်ရောက်တယ်... ဦးစီးမှူး မရောက်လာသေးလို့ စောင့်ရတယ်... ဦးစီးမှူးရောက်ပြန်တော့လည်း အိမ်ထောင်စု ဇယားမှာ သမီး နာမည် တစ်ကြောင်းတိုးဖို့ တော်တော်ကြာကြာလေး ရေးရတယ်... ရေးပြီးတော့လည်း ဦးစီးမှူး လက်မှတ် ပြန်ထိုးရပြန်တယ်... လက်မှတ်ထိုးရတာလည်း တော်တော် ကြာတယ်... လက်ဖက်ရည်ဖိုးလေး ပေးပါဦးလို့ တိုးတိုးလေး တောင်းတယ်... တိုးတိုးပြောရင် ကျတော် နားမကောင်းတာလား မသိ... လက်ဖက်ရည်ဖိုးပဲ ကြားတာ... ဘယ်လောက်တောင်းမှန်း မသိဘူး... ခြင်္သေ့ကြီး ၄ ကောင် ထုတ်ပေးလ
MgHla's ဒိုင်ယာရီ