Skip to main content

Posts

တိမ် အလား ခရီးနှင်ချင်တယ်....

ဘာဖြစ်လို့ အလုပ်တွေများနေရတာလဲ... ငါ အလုပ်တွေများနေရင် ငါ့ကို လူတွေက ဘာလို့ ကြည့်မရ ဖြစ်ချင်ရတာလဲ... ငါ့ ဘာသာငါ အလုပ်များနေလို့ အလုပ်လုပ်နေရတာကို... ဘာကြောင့်မို...

လူပျိုကြီးပန်း...

လူပျိုကြီး တစ်ယောက် စိုက်ထားတဲ့ ပန်းပင်ကပွင့်တဲ့ ပန်းမို့ "လူပျိုကြီးပန်း" လို့ နာမည်ပေးထားတာ လွန်လားဗျာ... My Label: Flowers, Photo, Nikon D40, Myanmar

Remove Restrictions Tool

ကွန်ပျူတာလေးကို အကောင်တွေ ကိုက်သွားပြီး antivirus နဲ့ရှင်းထုတ်လို့ ရပေမယ့်... folder options, Task Manager, Run Command, etc... တွေသုံးမရဘူး ဖြစ်နေတယ်ဆိုရင်တော့ ဒါလေး download လုပ်ပြီး ဖြေရှင်းကြည့်ပါ... ကွန်ပျူတာထဲမှာ ဖြစ်နေတဲ့ ပြသနာတွေကို အနီရောင်နဲ့ဖော်ပြပေးထားပါတယ်... ဥပမာ- Folder Options ပျောက်နေတဲ့ ကွန်ပျူတာမှာ ဆိုရင် Folder Options ကို အနီရောင်ပြပေးပါလိမ့်မယ်... Folder Options ပြန်ပေါ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ ရှေ့မှာ ရှိတဲ့ check box မှာ အမှန်ခြစ်လေး ပေါ်အောင် click ခေါက် ပြီးရင် အောက်ဆုံးမှာ ရှိတဲ့ Remove ဆိုတဲ့ ခလုတ်လေးကို ထပ် click ခေါက်ပါ... သက်ဆိုင်ရာ ပြသနာကို ဖြေရှင်းပေးပြီးပါပြီ ကွန်ပျူတာကို restart လုပ်ရပါလိမ့်မယ် လာပြောပါလိမ့်မယ်... OK ကို ကလစ်လုပ်ပြီး Restart လုပ်ပြီးရင် (သို့) နောက်တစ်ခါ ကွန်ပျူတာ ပြန်တက်လာတဲ့ အချိန်မှာ ဖြစ်နေတဲ့ ပြသနာ ပြေလည် သွားပါလိမ့်မယ်... မပြေလည်ဘူးဆိုရင်တော့ ကွန်ပျူတာထဲမှာ Virus , Worm, Trojan, တွေရှိနေသေးလို့ ဖြစ်ပါလိမ့်မယ်... link: http://en.sergiwa.com/modules/mydownloads/ My Label: RRT

http://www.etmsms.com/ နဲ့ မြန်မာပြည်က GSM တွေကို sms ပို့ကြမယ်...

ပထမဆုံး လုပ်ရမယ့် အလုပ်က eTrade Myamar ရုံးခန်းကို သွားပြီးတော့ ပိုက်ဆံကြိုသွင်းပြီး  account ဖွင့်စရာ လိုအပ်ပါတယ်...  ၃၀၀၀-ကျပ် / ၅၀၀၀-ကျပ် / ၁၀၀၀၀-ကျပ် ဆိုပြီး ၃-မျိုး ကြိုတင်သွင်း လို့ရပါတယ်... ငွေသွင်းလည်း သွင်းပြီပြီ အသုံးပြုလို့ ရပြီ ဆိုရင်တော့ eTrade Myamar ကနေ ဖုန်းဆက်ပြီးတော့ user name နဲ့ password ကိုအကြောင်းကြားလာပါလိမ့်မယ်... အဲဒီ user name နဲ့ password ကို သုံးပြီး http://www.etmsms.com/ မှာ login လုပ်ပြီး သုံးလို့ရပါပြီ... ကျတော် စမ်းပို့ကြည့်တာတော့ ချက်ချင်း ဖုန်းဆီကို sms ဝင်ပါတယ်... နောက်ကျ ခဲ့သည်ရှိသော internet connection နဲ့ မြန်မာ့ဆက်သွယ်ရေးနဲ့ သက်ဆိုင်ကြောင်းကိုတော့ eTrade Myanmar က တာဝန် ရှိသူတစ်ယောက်က ရှင်းပြပါတယ်... GSM ဖုန်းတွေကနေ etmsms account ပိုင်ရှင်ထံကိုလည်း စာပြန်လို့လို့ရပါတယ်... eTrade Myanmar က user id ဆိုပြီး ပေးပါတယ်... sms စရိုက်တဲ့အချိန်မှာ +userID ရိုက်ထည့်ပြီး space တစ်ခါခြားပြီး မိမိပို့လိုတဲ့ message ကိုရိုက်ထည့်ရပါတယ်... ပြန်ပို့ရမယ့် ဖုန်းနံပါတ်ကတော့ 5195333 ကိုပါ... etmsms account ပိုင်ရှင်က http://www.etmsms.com/ မှာ login လုပ်...

မနေ့က...

ကိုသခင်ကြီးတို့ မိသားစု၊ သခင်စိုးကြီး၊ သတင်းထောက် ၁-ယောက်နဲ့ ကျတော်တို့ မိသားစု တတွေ ၈၄-လမ်းအတိုင်း တောင်ဘက် စူးစူးကိုသွားပြီး မန္တလေးနဲ့ တောင်မြို့ကြားမှာ ရှိတဲ့ ၁၃၀၀ ရာပြည့် အရေးတော်ပုံတုန်းက ကျဆုံးခဲ့တဲ့ အာဇာနည် ၁၇-ဦး ဗိမာန်ကို ဓာတ်ပုံဝင်ရိုက်ပြီး ဦးပိန် တံတားကို သွားခဲ့ကြတယ်... အာဇာနည် ဗိမာန်ကိုတော့ နောက်နေ့များမှပဲ တင်ပါ့မယ်... ဒါမှမဟုတ် ကိုသခင်ကြီး ဆီမှာသွားကြည့်ပါ ခင်ဗျာ... ကိုသခင်ကြီး တင်ထားပါတယ်... အောက်က ပုံ ၂-ပုံကတော့ ကျတော် မနေ့က ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေထဲကပေါ့... ဦးပိန်တံတားကြီး၊ တောင်သမန်အင်းကြီး အမှိုက်များနဲ့ ဖုံးလွှမ်းစေရမည် လို့များ ကြွေးကျော်ထားလားတော့ မသိဘူးခင်ဗျ...  ပေါများလှတဲ့ အမှိုက်တွေ... အမှိုက်တွေနဲ့ စည်စည်ကားကားရှိနေတဲ့ မယ်ဇယ်ပင်တန်း... ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ လာကြတဲ့ ဦးပိန်တံတားနားက မယ်ဇယ်ပင်တန်းပေါ့... ညာဘက်အခြမ်းမှာ တောင်မြင့် သုသန်နဲ့ အမှိုက်ပုံကြီး ရှိတယ်ခင်ဗျ...  နိုင်ငံခြားငွေ ရှာမှာလား... အမှိုက်ပုံလုပ်ကြမှာလား... အိမ်ပြန်ချိန်