Skip to main content

Posts

Windows XP စတက်တဲ့ အချိန်မှာ...

Windows XP could not start because the following file is missing or corrupt: \WINDOWS\SYSTEM32\CONFIG\SYSTEM ------------------------ or ------------------------------ Windows XP could not start because the following file is missing or corrupt: \WINDOWS\SYSTEM32\CONFIG\SOFTWARE အပေါ်က ပြထားတဲ့ error တစ်ခုခု ပေါ်ပြီး Windows မတက်ခဲ့ရင် ဒီလိုဖြေရှင်းလို့ရပါတယ်... ၁. Windows XP installation CD ထည့်ပြီး boot လုပ်ပါ... ၂. Welcome to Windows XP Setup ဆိုတာ ပေါ်လာရင် Recovery Console ကို သွားဖို့ အတွက် R ကို နှိပ်ပါ... ၃. Recovery Console ဆိုတာ ပုံတွေနဲ့ပြတဲ့ GUI မဟုတ်ဘဲ Command Line Interface ပါ... Recovery Console ကိုရောက်ပြီဆိုရင် ၄. md tmp ရိုက်ထည့်ပြီး Enter နှိပ်ပါ... tmp ဆိုတဲ့ အမည်နဲ့ folder အသစ် တစ်ခု တည်ဆောက်တာပါ... ၅. \WINDOWS\SYSTEM32\CONFIG\SYSTEM ဆိုတဲ့ error ပြတာဆိုရင်တော့  copy c:\windows\system32\config\system c:\windows\tmp\system.bak ရိုက်ပြီး Enter နှိပ်ပါ... c:\windows\system32\config\ အောက်မှာရှိတဲ့ system ဆိုတဲ့ ဖိုင်ကို ကျတော်တို့ အဆင့်-၄ မှာ တည်ဆောက်

မနေ့က...

မနေ့က ကိုသခင်ကြီးရယ်၊ ကိုဇော်ဌေးရယ်၊ မောင်အေးဆွေရယ်၊ ကျတော်ရယ် ၄-ယောက်သား ကန်တော်ကြီးကို ဓာတ်ပုံရိုက် ထွက်ကြတယ်...  ပြည်ကြီးမွန် ဖောင်တော်ကို ရိုက်ဖို့သွားကြည့်တော့ မလှမပ မီးထွန်းထားလို့ စိတ်ညစ်ပြီး ပြန်ခဲ့ကြတယ်...  ကန်တော်ကြီးကနေ ကန်ရေပြင်ကြီးကနေ တစ်ဆင့်မြင်ရတဲ့ ဘုရားကြီးရှုခင်းကို လှမ်းရိုက်ဖြစ်တယ်... မီးရောင်စုံထွန်းထားတဲ့ ကောင်းကောင်း စားသောက်ဆိုင်ကိုလည်း လှမ်းရိုက်ဖြစ်တယ်... ဓာတ်ပုံရိုက်ပြီးတော့ Mandalay City II မှာ ဝင်ပြီး ချွေချွေတာတာ စားသောက် ကြတယ်... ဘိုင်ပြတ်နေကြလို့လေ... ကျတော်လည်း ကိုဂျေ့ဆီက remote လေးငှားပြီး ကြယ်တွေကို စမ်းရိုက်ဖြစ်တယ်... ပုံမှန် ခလုတ်နှိပ်ပြီးရိုက်ရင် Nikon D40 က shutter ကို 30 seconds စာအထိပဲ အကြာဆုံး ဖွင့်ထားလို့ရတယ်လေ... remote နဲ့ဆို ကိုယ်ကြိုက်သလောက် ဖွင့်ထားလို့ရတယ်... မနေ့ညကမှ သိတာကတော့ tele lens တစ်လုံး မဝယ်မဖြစ် ဝယ်ရဦးမယ် ဆိုတာပါပဲ.. အု.. ပိုက်ပိုက် သူ့ဘာသာသူ ရောက်လာရင် ကောင်းမှာပဲ... ည ၁၁-နာရီလောက်မှ ဆိုင်က ပြန်ထွက်ခဲ့တာ လမ်းမှာ အရမ်းချမ်းတယ်... အိမ်ပြန်ရောက်တော့လည်း အရင်နေ့တွေနဲ့ မတူ အအေးပိုတယ်... မနက်ကတောင် အေးလွန်းလို့ထင်ပါ့ ဆိုင်ကယ်ကို မနည

မနှစ်ရဲ့ နောက်ဆုံး အဆုံးသတ် အချိန်လေးမှာ...

၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၃၁-ရက်နေ့ ညတုန်းကပေါ့... ကျတော့်ရဲ့ အသက် ၃၀-ပြည့် မွေးနေ့ပွဲလေးကို ဆင်နွဲခဲ့တယ်... online ပေါ်မှ သိခဲ့ ခင်ခဲ့ရတဲ့ သူငယ်ချင်းအချို့ရယ်၊ အလယ်တန်း ကျောင်းသား ဘဝကတည်းက ခင်လာတဲ့ သူငယ်ချင်းများနဲ့ ဆင်နွဲခဲ့တယ်... စိတ်မကောင်းစရာက ကျတော့်ကို ဓာတ်ပုံပညာတွေ သင်ပေးနေတဲ့ ကိုသခင်ကြီး ခရီးလွန်နေလို့ ကျတော်မွေးနေ့ပွဲ မတက်ရောက်နိုင်တာပါပဲ... NativeMyanmar Forum က ငွေနှင်းမြူ တစ်ယောက်တည်းပဲ ကျတော့်မွေးနေ့ပွဲကို ရောက်ခဲ့တယ်... ကျန်တဲ့သူများကလည်း ကိုသခင်ကြီးလို ခရီးထွက်နေကြလို့ပါ... နေးတစ်မြန်မာမှာ နေ့လယ်စာ သတင်းများကို ရေးနေတဲ့ ကိုမင်းအိုချမ်းသာ (minO)ရဲ့ မိတ်ဆွေဖြစ်သူ ကိုစိုးထိုက်လည်း ကျတော့်မွေးနေ့ပွဲကို လာနွှဲပါတယ်... blog လောကမှ သူငယ်ချင်းများကို ဖိတ်ချင်သော်ငြားလည်း ဖွတ်ကလိ ဒင်္ဂါးပြား အခြေအနေ မကောင်းတာကြောင့် မဖိတ်နိုင်တာကို ခွင့်လွှတ်စေချင်ပါတယ်... ကျပ်သိန်းပေါင်း ၂၀၀၀-တန် ထီပေါက်ရင်တော့ အကုန်လုံးကို Mandalay Hill Resort မှာ ဧည့်ခံချင်ကြောင်းပါ... စားပြီး သောက်ပြီးကြတော့ ရန်ကုန်သား ကိုစိုးထိုက်ကို ကျတော် မန္တလေးရဲ့ New Year ညကို လိုက်ပို့ ပေးဖြစ်တယ်... ဘယ်နားလဲဆိုတော့ ကျုံးဘေး၊

မနက်ဖြန်ဟာ...

ဪ... ကျတော်လည်း ဒီကမ္ဘာမြေပေါ်မှာ ရပ်တည်နေထိုင်ပြီး ဒီကမ္ဘာမြေကြီးကို ကောင်းအောင် မလုပ်နိုင်ဘဲ ဒုက္ခပေးမိသလို ဖြစ်တာ ဘာလိုလိုနဲ့ မနက်ဖြန်ည ၁၁း၃၀ နာရီဆိုရင် အနှစ် ၃၀ ပြည့်မြောက်လေပြီ... ကျတော် ကမ္ဘာမြေကြီးကို ဒုက္ခပေးနေမိတာကို ကမ္ဘာမြေကြီးတောင် သိရဲ့လား မသိ... ပထမဆုံး ကျတော့်ကို မွေးဖွားခဲ့တဲ့၊ ကျတော့်ကို ဒီလူ့လောကထဲကို အရောက်ခေါ်ခဲ့တဲ့ ကျတော် မိခင်ကို ကျေးဇူးတင်တယ်... ငယ်စဉ် ကလေးဘဝကနေစပြီး မိန်းမမယူခင်အချိန်အထိ ထမင်းဟင်း ချက်ကြွေး၊ အဝတ်အစားတွေ လျှော်ဖွတ်ပေး၊ မီးပူတိုက်ပေးတတ်တဲ့ မေမေ့ကို ကျတော် အရမ်းချစ်ပါတယ် မေမေ... ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဖေဖေကိုလည်း ကျတော် အရမ်း ကျေးဇူးတင်တယ်... အရမ်းချစ်တယ်... ညီအကို သုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျတော့်ကို အလိုအလိုက်ဆုံးနဲ့ အများဆုံး ရိုက်ခဲ့၊ ဆူခဲ့ရတယ် မဟုတ်လားဖေဖေ... အဖေ့ကို ပိုပြီး ကျေးဇူးတင်တာက ကျတော် ဆယ်တန်းအောင်တော့ မေမြို့မှာ ရှိတဲ့ ကျောင်းတစ်ခု တက်ဖို့ လျှောက်လွှာ တင်မယ် ဆိုတော့ မင်းမတက်ပါနဲ့ကွာ မင်း ... ငါ့လို ဘာမှ ဘေးပေါက် မရှာတတ်ရင် ဆင်းဆင်းရဲရဲ နေရလိမ့်မယ်လို့ တားခဲ့တဲ့ အဖေ့ကို အခု အချိန်မှာ ကျေးဇူးအရမ်းတင်တယ်အဖေ... အဖေ့ ခြေရာ ဆက်မနင်းခဲမိတာ

ဘာရယ်တော့ မဟုတ်ပါဘူး...

မိန်းမက မွေးနေ့လက်ဆောင် အဖြစ် ကြိုဝယ်ပေးထားတဲ့ ဒီ၄၀ကို ၂၃ရက်နေ့ ညက လျှာရှည်ပြီး ဖုန်မှုတ်တာ ဖုန်မပြောင်ဘဲ ပိုတက်သွားလို့ ၂၄ရက်နေ့ မနက် နစ်ကွန်သွားပြီး ဆားဗစ် လုပ်လိုက်တာ ၂-ပုလင်း ထွက်သွားတယ်... ဗျဲ ဗြဲ... ဗျူးဖိုင်ဒါမှာ ဖုန်တွေရှိနေတုန်း ပုံရိုက်ရင်တော့ မပါတော့ဘူး... ဒါနဲ့စကားမစပ်... ဘလော့ဂါဒေါ့ကွန်းကို ပိတ်ထားကတည်းက ဘလော့ကို ကောင်းကောင်း မရေးဖြစ်ဘူး ဖြစ်နေတယ်... ဘလော့ဂါဒေါ့ကွန်းထဲ ဝင်ရေးလို့ မရတော့ ဘလော့ရေးတဲ့အရသာ ပျောက်ဆုံး ပျက်ဆီးသလို ဖြစ်နေတာနဲ့ မရေးဖြစ်ဘူး ဖြစ်နေတာ... သာသနာဖျက်များ ကျဆုံးပါစေ...