Skip to main content

Posts

ဒါနဲ့ စကားမစပ်....

ဒါနဲ့ စကားမစပ်.... လှိုင်သာယာထဲမှာ ရှိတဲ့ သစ်အချောကိုင် စက်ရုံတစ်ခုမှ ဝန်ထမ်းများကို ၃-လစာပေးပြီး မိမိတို့ရဲ့ နေရပ်များကို ပြန်ဖို့အတွက် ကားဂိတ်၊ ရထားဂိတ်၊ သင်္ဘောဆိပ်ကမ်းများ အထိ စက်ရုံကားများနဲ့ လိုက်ပို့ကြောင်း သိရပါတယ်... အလျော့ခံရတဲ့ ဝန်ထမ်းဦးရေမှာ အနည်းဆုံး အယောက် ၅၀-ကျော် ရှိကြောင်း ကြားသိရကြောင်းပါ... ဒါနဲ့ စကားမစပ်.... မန္တလေးရဲ့ ဟိုးမြို့အစွန်မှာရှိတဲ့ သင်ပန်းကုန်းဆိုတဲ့ ဆင်းရဲသားတွေ အနေများတဲ့ ရပ်ကွက်လေး ရှိတယ်ဗျာ... အဲဒီဘက်မှာ အိမ်ဝယ်မိသူတစ်ယောက်ကတော့ ဒီလိုလေး ကြုံခဲ့ရတယ်... စာချုပ်ကို ရှေ့နေနဲ့ ဘာနဲ့ တရားရုံးမှာ သေချာချုပ်ပြီးသား... အရင်အိမ်ရှင်တွေ အိမ်ကနေ ထွက်ပေးတဲ့နေ့မှာ ကျန်တဲ့ငွေ အကြေပေးချေခြင်းကို ရယက လူကြီးတွေ အိမ်ရှင် အသစ်မှန်း သိရအောင် ရယကရုံးမှာ ပေးချေသတဲ့... အသိသက်သေမျိုး နေပေးရတဲ့ ရယက ရုံးက အလှူငွေ ၃-သောင်းကျပ်တောင်း သတဲ့ကွယ်... ရှေ့နေနဲ့ တရားရုံး၊ မြေစာရင်းရုံးမှာ စာချုပ်စာတမ်းကြေး၊ ဘာညာကြေးတွေ ပါတာတောင် ၂-သောင်းကျပ်ပဲ ပေးရသတဲ့ကွယ်... အဟွတ် ... အဟွတ်...  လေတွေကလည်း မသန့်လိုက်တာ... ယခု post ကို blogger.com ကို ဘန်းထားသဖြင့် ခေတ်မီဓာတ်ချောပို့စနစ်ဖြင့် ပေးပို့သ

Microsoft Word 2003 မှာ Zawgyi-One ရိုက်ရတာ အဆင်ပြေအောင်...

Microsoft Word 2003 မှာ Zawgyi-One သုံးပြီး စာရိုက်ရင် word ရဲ့ shortcut တွေကြောင့် အချို့စာလုံးတွေ ရိုက်လို့ မရပါဘူး... စာလုံးများ ရိုက်လို့ရအောင် ညိနေတဲ့ shortcut များကို ပြင်ပေးစရာလိုပါတယ်... Word 2003 မှာ Zawgyi-One font သုံးရတာ အဆင်ပြေအောင် ကျတော် ပြင်ထားတဲ့ normal.dot ဖိုင်လေးကို ဒီနေရာကနေ ရယူနိုင်ပါတယ်... ၁. အဲဒီဖိုင်ကို download အရင်လုပ်ပါ... download လုပ်ပြီးပြီ ဆိုရင် အဲဒီ ဖိုင်ကို copy လုပ်ပါ... Microsoft Office Suite ထဲမှာပါတဲ့ Program အကုန်ကို ပိတ်ထားပါ... ၂. C:\Documents and Settings\ ***user အမည်*** \Application Data\Microsoft\Templates ထဲကိုသွားပါ... ***user အမည်*** နေရာမှာ မိမိ လက်ရှိသုံးနေတဲ့ user name ဖြစ်ရပါမယ်... ၃. အဲဒီ folder ထဲမှာရှိနေတဲ့ normal.dot ဖိုင်ကို select ပေး၊ F2 လေး နှိပ်ပြီး normal_org.dot ဆိုပြီး ဖိုင်နာမည် ပြောင်းလိုက်ပါ... ၄. paste လုပ်ပါ... download လုပ်ထားတဲ့ normal.dot ဆိုတဲ့ ဖိုင်ရောက်လာပါလိမ့်မယ်... အဲဒီ folder ထဲမှာ normal.dot နဲ့ normal_org.dot ဆိုပြီး ဖိုင် ၂-ဖိုင် အနည်းဆုံးရှိရပါမယ်... ၅. ဒါဆိုရင် Microsoft Word ကို သုံးလို့ရပါပြီ

နေရာဟောင်းမှာပဲ လိပ်စာသစ်နဲ့ MgHla...

ကျတော် မောင်လှ နေရာဟောင်းဖြစ်တဲ့ blogspot.com မှာပဲ နေထိုင်လျှက်ရှိပြီး ပြည်တွင်းမှ ဆက်သွယ်မယ့်သူများအတွက် ကျော်ခွစရာမလိုတဲ့ http://blog.mghla.com ကနေ ဆက်သွယ်နိုင်ပါတယ်... ပြည်ပရောက်သူများကတော့ မူလ လက်ဟောင်း http://mghla.blogspot.com မှလည်း ဆက်လက် အလည်လာရောက်နိုင်ကြောင်းပါ... blogger.com ကို ဝင်ရောက် လော့အင်လုပ်နိုင်ခြင်းမရှိသေးသည့်အတွက် comment များကို ပြန်လည် ဖြေကြားခြင်းမပြုနိုင်သေးသည်ကို ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါသည်...

မနေ့က...

မနေ့က ပုဇွန်တောင်ဘက်မှာ နေ့တဝက်ကျော်ကြာအောင် နေဖြစ်တယ်... ပိတ်ရက်ဆိုတော့ လုပ်စရာ မရှိတာရော၊ အဆောင်မှာ တစ်ယောက်တည်း နေရမှာ ပျင်းတာကြောင့်ရော မောင်ရမ်းနဲ့ လိုက်သွားဖြစ်တယ်...  ကွန်ပျူတာသွားပြင်ပေးတာပါ... အပြန်မှာ နာမည်ကြီး ရွှေ့ဧည်သည် စီးဖြစ်တယ်... ထိုင်ခုံအပြည့်သာတင်တဲ့ ရွှေဧည့်သည်မှာ မတ်တပ်ရပ်ပြီး လိုက်စီးရတယ်... ၃-မှတ်တိုင်လောက်ရောက်မှ ထိုင်စရာ နေရာ ကြပ်ကြပ်တည်းတည်းရတယ်... နောက်ထပ် လူတွေ ထပ်တက်လာလိုက်တာ မတ်တပ်ရပ်တဲ့လူတွေ ကားအပြည့်ပဲ... မနေ့က အစ်နေ့မို့လို့လားတော့ မသိဘူး... ကားပေါ်မှာ မွတ်စလင်တွေ များတယ်... ဘာဖြစ်လို့လည်းမသိဘူး... ဘဲချီးစော်နံတယ်... အဲကွန်းလည်း မဖွင့်ဘူး... လှိုင်သာယာဘက် ပြန်တဲ့လူတွေများတယ်... ကြပ်ကြပ်တည်းတည်း၊ ဘဲချီးအနံ့ရှူပြီး မြန်မာကျပ်ငွေ ၃၀၀-ကျပ်ပေးပြီး ရွှေဧည်သည်ကြီးကို မနေ့က စီးခဲ့ရကြောင်းပါ...

blogspot.com ကို ban ပြီ...

blogspot.com ကို Myanmar Teleport (ယခင် BaganNET) မှ ပိတ်ပင်ထားဆီး လိုက်ပြီ ဖြစ်ပြီး MPT (မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း) အသုံးပြုနေသူများဘက်မှာတော့ ပိတ်ပင် တားဆီးမှု မရှိသေးကြောင်း သိရပါသည်… Access has been denied The access to requested URL has been denied. mghla.blogspot.com/ To have the rating of this web page re-evaluated please contact your administrator.

Google talk (Gtalk) Avatar #2

Gtalk Myanmar, Glass button, avatar,