Skip to main content

Posts

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်

မောင်လှနှင့် ဘလော့ ... ဘလော့ နှင့် မောင်လှ

အင်း ပြောရမယ်ဆိုရင်တော့ အကျယ်ကြီးပဲဗျ... အင်တာနက်နဲ့ စတင်ထိတွေ့တော့ ဟိုဟာကြည့် ဒီဟာကြည့်ပြီး အင်တာနက်ထဲမှာ ဘာဆက်ကြည့်ရမှန်း မသိတော့ဘူး... အဲဒါနဲ့ www.bagan.net.mm ကို ဝင်မွှေရင်း Forums ဆိုတဲ့ဟာကြီးကို တွေ့ရော ဆိုပါစို့... အဲဒီဖိုရမ်ဆိုတာ ဖတ်ရင်း နဲ့ စိတ်ဝင်စားလာတာနဲ့ BaganNET မှာ ဖိုရမ် ဝင်ရေးဖြစ်ရော... ပုဂံနက်ဖိုရမ်ရဲ့ နေရာ တစ်ခုမှာတောင် ကျတော့်ရဲ့ ဘလော့နဲ့ အလားသဏ္ဌာန်တူတဲ့ တော့ပစ်လေး တစ်ခုတောင် အခုအချိန်အထိ ရှိသေးတယ်ဗျ... burmeseonline mirc ချက်ထဲလည်း ဝင်ဖြစ်သေးတယ်... ဒါပေမယ့် ကျတော် ချက်တာကို စိတ်မဝင်စားဘူးဗျ... အဲဒါနဲ့ ဖိုရမ်ထဲ ဝင်ဖတ်လိုက် ရေးလိုက်ပေါ့ဗျာ... တဖြည်းဖြည်းနဲ့ ပုဂံဖိုရမ်ကြီးလည်း ခေတ်မကောင်းတော့ဘူးဗျ... ဒီနေ့တင်ရင် နောက် ၃-၄ ရက်လောက်မှ တက်တာမျိုးတွေ ဖြစ်လာရော... အဲဒါနဲ့ မြန်မာဘလော့ လောကရဲ့ ခေတ်ဦးက arloo ရဲ့ blog ၊ ကိုငြိမ်းချမ်း တို့ရဲ့ ဘလော့ကို ဝင်ရောက် ဖတ်ရှူရင်း အားကျ စိတ်ဝင်စားတာနဲ့ ဘလော့ တစ်ခု လုပ်မိရော ဆိုပါစို့ဗျာ... ဘလော့ကို ကျတော့်ရဲ့ စိတ်ထွက်ပေါက်အဖြစ်နဲ့ ရေးမိတယ်... မကျေနပ်ချက်တွေရော ကျေနပ်မှုတွေကိုပါ စာအဖြစ် ချရေးရင်း စိတ်ကျေနပ်မှု ရယူခဲ့တယ်... ကျတော့် ဘလော့က

ကိုယ့်ရဲ့ ဘလော့မှာ eot ထည့်ချင်သူများအတွက်

ကိုယ့်ရဲ့ ဘလော့ (blogspot.com ဘလော့များသာ) မှာ eot ထည့်ချင်သူများ ခင်ဗျား.... blog template ပြင်တဲ့အထဲက HTML ထဲဝင်ပြီး style type="text/css" ကိုရှာ၊ တွေ့ပြီး ဆိုအဲဒီ စာကြောင်းရဲ့ အောက်မှာ ဖော်ပြပါ စာကြောင်း ၆-ကြောင်းကို ထည့်လိုက်ရင်ရပါပြီ ခင်ဗျား... @font-face { font-family: Zawgyi-One; font-style: normal; font-weight: normal; src: url( http://maunghla.googlepages.com/ZAWGYIO0.eot ); } Bold, Italic တို့အတွက် တော့မပါပါ... ရိုးရိုး normal Zawgyi-One အတွက်ပါ... စမ်းကြည့်ပါဦး... ကျတော်တောင် ကျတော့် blog က eot ကို ဖြုတ်တော့မလို့... ဘာဖြစ်လို့လည်းဆိုတော့ blog လာကြည့်သူ တော်တော်များများမှာ Zawgyi-One သုံးနေကြပြီလေ...

မန္တလေးမှာ...

၂၇-ရက်ကနေ ၂၉ရက်နေ့အထိ Skywalk Shopping Mall ပေါ်မှာ Digital Camera နဲ့ Laptop ဈေးရောင်းပွဲတော်ကို D-Corner မှ ကျင်းပပြုလုပ်မယ်လို့သိရပါတယ်... (ရက်စွဲ အမှားပြင်ထားပါတယ်... ဒီတလော လွဲလိုက်တဲ့ အလွဲတွေ) ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ကလည်း "Management Opportunity" အကြောင်း ဟောပြောပွဲကို ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ နေ့လယ် ၁-နာရီမှာ ICT Park Hall မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ကြောင်းကို Alpha မှ ကိုရဲမြတ်သူက လက်တို့ထားကြောင်းပါ... My labels: Mandalay News, မန္တလေး သတင်း,

မြန်မာပြက္ခဒိန် RSS feed

မနေ့က ရတနာချို ရဲ့ seminar မှာ Alpha က ကိုရဲမြတ်သူနဲ့ တွေ့တော့ မြန်မာပြက္ခဒိန်ကို blog တွေမှာ RSS နဲ့ ယူသုံးလို့ရအောင် လုပ်ထားကြောင်း၊ အခုလောလောဆယ်ဆယ် ဖြိုးဝေကျော် ရဲ့ blog မှာ အစမ်း တင်ထားကြောင်း၊ ပြက္ခဒိန် ရက်စွဲပြောင်းလဲမှုမှာ အနည်းငယ် ပြသနာရှိနေသေးကြောင်း ပြောခဲ့လို့ ဒီနေ့မနက် ကိုဖြိုးဝေကျော်ရဲ့ ဘလော့မှာ တင်ထားတာ တွေ့တာနဲ့ ဥပုသ်နေ့မှာ ရုံးပိတ်တဲ့ ကျတော့်အတွက် အဆင်ပြေတာနဲ့ အခု ကျတော့် ဘလော့မှာ တင်ထားလိုက်ပါတယ်... ဘယ်လို သုံးရမလဲသိချင်ရင်တော့ ကိုဖြိုးဝေကျော်ရဲ့ ဘလော့ မှာ သွားကြည့်နိုင်ကြောင်းပါ... ဒီ မြန်မာပြက္ခဒိန်ကို ကိုဝဏ္ဏကိုမှ ရေးသားထားခြင်း ဖြစ်ကြောင်း သိရပါတယ်... Update: နာမည်အမှားပြင်ပေးတဲ့ ကိုရဲမြတ်သူကို ကျေးဇူး အထူးတင်ပါတယ်... My Labels: IT, Myanmar Calender, Alpha,

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း... ၂

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း... အဆက်ပေါ့ဗျာ... ဓာတ်ပုံတွေအကြောင်းမပြောခင် ပြောစရာ နည်းနည်းပေါ်လာလို့ ပြောရဦးမယ်ဗျ... မန္တလေးက နေ မူဆယ်ကို သွားမယ် ဆိုရင် ကွတ်ခိုင်မှာ နေ့လယ်စာ ထမင်းဝင်စားကြတယ်ဗျ... ထမင်းဆိုင်နာမည်တောင် မေ့နေပါပြီ... “အောင်ချမ်းသာ” လို့တော့ထင်တာပဲ... အဲဒီဆိုင်က ဘူဖေးစနစ်နဲ့ဗျို့... ကျတော်တို့ သွားတုန်းကတော့ လူတစ်ယောက်ကို ၂၅၀၀-ကျပ်၊ ထမင်းနဲ့ဟင်း ကြိုက်သလောက်စား... ဟင်းတွေကလည်း တရုတ်ဟင်းတွေ စားလို့လည်း ကောင်းတယ်... အသွားတုန်းကတော့ MD ပါလာလို့ MD က ကျတော်တို့ အဖွဲ့အတွက် ကျသင့်ငွေ အကုန်ရှင်းပေးပါတယ်... အပြန်မှာတော့ ရုံးက ကွတ်ခိုင်ဇာတိ အစ်မ ၂-ယောက် အိမ်က ရှမ်းခေါက်ဆွဲတွေ ကျွေးလို့ နေ့လယ်စာ မစားဖြစ်သော်လည်း အဲဒီဆိုင်မှာ မုန့်တွေ၊ ဝိုင်တွေတော့ ဝင်ဝယ်ဖြစ်ပါတယ်... ကဲ ဓာတ်ပုံတွေနဲ့ ခရီးဆက်ရအောင်... ဒါက ကူမင်းမြို့ရဲ့ အနောက်ဘက်မှာရှိလို့ အနောက်တောင်လို့ ခေါ်ဆိုပုံရတဲ့ တောင်ပေါ်ကို တက်နေကြတာပါ... လူတစ်ယောက်ကို အတက် ၁၅-ယွမ် ပေးရပါတယ်... တော်တော်ကြာကြာလေး စီးလိုက်ရပါတယ်... တောင်ပေါ်တက်ရင်း ချမ်းအေးတဲ့ အအေးဒဏ်ကို ခံရင်း၊ ကူမင်းမြို့ကို အထက်စီးက မြင်နေရတဲ့ ရှူခင်းကို လည်းကြည့်ရင်းပေါ့