အင်း ပြောရမယ်ဆိုရင်တော့ အကျယ်ကြီးပဲဗျ... အင်တာနက်နဲ့ စတင်ထိတွေ့တော့ ဟိုဟာကြည့် ဒီဟာကြည့်ပြီး အင်တာနက်ထဲမှာ ဘာဆက်ကြည့်ရမှန်း မသိတော့ဘူး... အဲဒါနဲ့ www.bagan.net.mm ကို ဝင်မွှေရင်း Forums ဆိုတဲ့ဟာကြီးကို တွေ့ရော ဆိုပါစို့... အဲဒီဖိုရမ်ဆိုတာ ဖတ်ရင်း နဲ့ စိတ်ဝင်စားလာတာနဲ့ BaganNET မှာ ဖိုရမ် ဝင်ရေးဖြစ်ရော... ပုဂံနက်ဖိုရမ်ရဲ့ နေရာ တစ်ခုမှာတောင် ကျတော့်ရဲ့ ဘလော့နဲ့ အလားသဏ္ဌာန်တူတဲ့ တော့ပစ်လေး တစ်ခုတောင် အခုအချိန်အထိ ရှိသေးတယ်ဗျ... burmeseonline mirc ချက်ထဲလည်း ဝင်ဖြစ်သေးတယ်... ဒါပေမယ့် ကျတော် ချက်တာကို စိတ်မဝင်စားဘူးဗျ... အဲဒါနဲ့ ဖိုရမ်ထဲ ဝင်ဖတ်လိုက် ရေးလိုက်ပေါ့ဗျာ... တဖြည်းဖြည်းနဲ့ ပုဂံဖိုရမ်ကြီးလည်း ခေတ်မကောင်းတော့ဘူးဗျ... ဒီနေ့တင်ရင် နောက် ၃-၄ ရက်လောက်မှ တက်တာမျိုးတွေ ဖြစ်လာရော... အဲဒါနဲ့ မြန်မာဘလော့ လောကရဲ့ ခေတ်ဦးက arloo ရဲ့ blog ၊ ကိုငြိမ်းချမ်း တို့ရဲ့ ဘလော့ကို ဝင်ရောက် ဖတ်ရှူရင်း အားကျ စိတ်ဝင်စားတာနဲ့ ဘလော့ တစ်ခု လုပ်မိရော ဆိုပါစို့ဗျာ... ဘလော့ကို ကျတော့်ရဲ့ စိတ်ထွက်ပေါက်အဖြစ်နဲ့ ရေးမိတယ်... မကျေနပ်ချက်တွေရော ကျေနပ်မှုတွေကိုပါ စာအဖြစ် ချရေးရင်း စိတ်ကျေနပ်မှု ရယူခဲ့တယ်... ကျတော့် ဘလော့က
MgHla's ဒိုင်ယာရီ