Skip to main content

Posts

မန္တလေးမှာ...

၂၇-ရက်ကနေ ၂၉ရက်နေ့အထိ Skywalk Shopping Mall ပေါ်မှာ Digital Camera နဲ့ Laptop ဈေးရောင်းပွဲတော်ကို D-Corner မှ ကျင်းပပြုလုပ်မယ်လို့သိရပါတယ်... (ရက်စွဲ အမှားပြင်ထားပါတယ်... ဒီတလော လွဲလိုက်တဲ့ အလွဲတွေ) ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ကလည်း "Management Opportunity" အကြောင်း ဟောပြောပွဲကို ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ နေ့လယ် ၁-နာရီမှာ ICT Park Hall မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ကြောင်းကို Alpha မှ ကိုရဲမြတ်သူက လက်တို့ထားကြောင်းပါ... My labels: Mandalay News, မန္တလေး သတင်း,

မြန်မာပြက္ခဒိန် RSS feed

မနေ့က ရတနာချို ရဲ့ seminar မှာ Alpha က ကိုရဲမြတ်သူနဲ့ တွေ့တော့ မြန်မာပြက္ခဒိန်ကို blog တွေမှာ RSS နဲ့ ယူသုံးလို့ရအောင် လုပ်ထားကြောင်း၊ အခုလောလောဆယ်ဆယ် ဖြိုးဝေကျော် ရဲ့ blog မှာ အစမ်း တင်ထားကြောင်း၊ ပြက္ခဒိန် ရက်စွဲပြောင်းလဲမှုမှာ အနည်းငယ် ပြသနာရှိနေသေးကြောင်း ပြောခဲ့လို့ ဒီနေ့မနက် ကိုဖြိုးဝေကျော်ရဲ့ ဘလော့မှာ တင်ထားတာ တွေ့တာနဲ့ ဥပုသ်နေ့မှာ ရုံးပိတ်တဲ့ ကျတော့်အတွက် အဆင်ပြေတာနဲ့ အခု ကျတော့် ဘလော့မှာ တင်ထားလိုက်ပါတယ်... ဘယ်လို သုံးရမလဲသိချင်ရင်တော့ ကိုဖြိုးဝေကျော်ရဲ့ ဘလော့ မှာ သွားကြည့်နိုင်ကြောင်းပါ... ဒီ မြန်မာပြက္ခဒိန်ကို ကိုဝဏ္ဏကိုမှ ရေးသားထားခြင်း ဖြစ်ကြောင်း သိရပါတယ်... Update: နာမည်အမှားပြင်ပေးတဲ့ ကိုရဲမြတ်သူကို ကျေးဇူး အထူးတင်ပါတယ်... My Labels: IT, Myanmar Calender, Alpha,

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း... ၂

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း... အဆက်ပေါ့ဗျာ... ဓာတ်ပုံတွေအကြောင်းမပြောခင် ပြောစရာ နည်းနည်းပေါ်လာလို့ ပြောရဦးမယ်ဗျ... မန္တလေးက နေ မူဆယ်ကို သွားမယ် ဆိုရင် ကွတ်ခိုင်မှာ နေ့လယ်စာ ထမင်းဝင်စားကြတယ်ဗျ... ထမင်းဆိုင်နာမည်တောင် မေ့နေပါပြီ... “အောင်ချမ်းသာ” လို့တော့ထင်တာပဲ... အဲဒီဆိုင်က ဘူဖေးစနစ်နဲ့ဗျို့... ကျတော်တို့ သွားတုန်းကတော့ လူတစ်ယောက်ကို ၂၅၀၀-ကျပ်၊ ထမင်းနဲ့ဟင်း ကြိုက်သလောက်စား... ဟင်းတွေကလည်း တရုတ်ဟင်းတွေ စားလို့လည်း ကောင်းတယ်... အသွားတုန်းကတော့ MD ပါလာလို့ MD က ကျတော်တို့ အဖွဲ့အတွက် ကျသင့်ငွေ အကုန်ရှင်းပေးပါတယ်... အပြန်မှာတော့ ရုံးက ကွတ်ခိုင်ဇာတိ အစ်မ ၂-ယောက် အိမ်က ရှမ်းခေါက်ဆွဲတွေ ကျွေးလို့ နေ့လယ်စာ မစားဖြစ်သော်လည်း အဲဒီဆိုင်မှာ မုန့်တွေ၊ ဝိုင်တွေတော့ ဝင်ဝယ်ဖြစ်ပါတယ်... ကဲ ဓာတ်ပုံတွေနဲ့ ခရီးဆက်ရအောင်... ဒါက ကူမင်းမြို့ရဲ့ အနောက်ဘက်မှာရှိလို့ အနောက်တောင်လို့ ခေါ်ဆိုပုံရတဲ့ တောင်ပေါ်ကို တက်နေကြတာပါ... လူတစ်ယောက်ကို အတက် ၁၅-ယွမ် ပေးရပါတယ်... တော်တော်ကြာကြာလေး စီးလိုက်ရပါတယ်... တောင်ပေါ်တက်ရင်း ချမ်းအေးတဲ့ အအေးဒဏ်ကို ခံရင်း၊ ကူမင်းမြို့ကို အထက်စီးက မြင်နေရတဲ့ ရှူခင်းကို လည်းကြည့်ရင်းပေါ့

မန္တလေးမှာ ခေတ်စားနေတာ...

လျှပ်တစ်ပြက်ဂျာနယ် မှ special issue ဆိုပြီး ဒွေးရဲ့ နောက်ဆုံးခရီးနဲ့ ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ် အရွယ်အစားအတိုင်း စာမျက်နှာ ၁၂-မျက်နှာခန့်ပါဝင်တဲ့ စာစောင်ကို ဒွေးကို ချစ်ခင်ကြတဲ့၊ ဒွေးကို ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်ကြီးက တစ်စောင်လျှင် ၈၀၀-ကျပ်ဖြင့် ၀ယ်ယူအားပေးနေကြောင်း သိရပါတယ်... ပုံမှန် လျှပ်တစ်ပြက်စာစောင်ရဲ့ ဈေးနှုန်းမှာ ၅၀၀-ကျပ်ဝန်းကျင် ဖြစ်ပြီး ယခု စာမျက်နှာ ၃၂-မျက်နှာကျော် ပါဝင်ပါတယ်... ဒါ့အပြင် ဒွေး အမှတ်ရနောက်ဆုံးခရီး ဗီစီဒီခွေကို တစ်ခွေလျှင် ကျပ်-၃၀၀ နှုန်းနဲ့ မန္တလေးမှာ ၀ယ်ယူရရှိနိုင်ပါပြီ... ယင်း ဗီစီဒီထဲမှာ ဒွေး ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းများ၊ သီချင်းများနဲ့ ဓာတ်ပုံများ ပါဝင်ပါတယ်... ပါဝင်တဲ့ ဓာတ်ပုံအများစုဟာ အင်တာနက်ပေါ်မှာ တွေ့ရှိရတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်... My Labels: Mandalay News, မန္တလေး သတင်း, Dwe

“Results Based Management (RBM)” by Prof. Dr Aung Tun Thet

မနေ့က ရန်ကုန် MICT Park မှာ ကျင်းပတဲ့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ရဲ့ “Results Based Management (RBM)” ဆိုတဲ့ ဟောပြောပွဲကို ရောက်ခဲ့ပါတယ်... နောက်ကျမှ ရောက်သွားတဲ့ပြီး နေရာမရ ဖြစ်ခဲ့ရတဲ့အတွက် ရှေ့ပိုင်း ဟောပြော ပို့ချမှုများကို မမှီလိုက်သလို နောက်ပိုင်းမှာလည်း ဓာတ်ပုံရိုက်ချင်စိတ် များပြီး ဆရာကြီး ဘာတွေ ဟောပြောသွားမှန်း သေချာမသိလိုက်ပါပါဘူး... ဆရာကြီး ဟောပြောတဲ့ အစီအစဉ် အပြီးမှာ ကော်ဖီ၊ မုန့်များနဲ့ တည်ခင်း ဧည့်ခံပါတယ်... ပြီးတော့ တက်ရောက်လာသူများရဲ့ မေးမြန်းချက်များကို ဆရာကြီးက ပြန်လည်ဖြေကြား ပေးသလို တက်ရောက်လာသူ ဆရာကြီး၊ ဆရာမကြီးများကလည်း မေးမြန်းသလိုလိုနဲ့ stage အောက်က ဟောပြောပွဲလေး ဖြစ်အောင် ဖန်တီးသွားပါတယ်... ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က မေးမြန်းမှုများကိုပြန်လည် ဖြေဆိုရာမှာလည်း မှတ်သားစရာ အများကြီး ပါပါတယ်... ဆရာကြီးရဲ့ ဟောပြောချက်များကို http://www.mit.com.mm/seminar.asp မှာ download လုပ်ပြီး ရယူနိုင်ပါတယ်... ဒီပွဲကို MIT မှ စီစဉ် ဆောင်ရွက်ပေးတာဖြစ်ပြီး City Mart နဲ့ Europe & Asia Commercial Co., Ltd. တို့က sponsor ပေးကြောင်း သိရပါတယ်... ဆရာကြီး Prof. Dr Aung Tun Thet (U