ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း... အဆက်ပေါ့ဗျာ... ဓာတ်ပုံတွေအကြောင်းမပြောခင် ပြောစရာ နည်းနည်းပေါ်လာလို့ ပြောရဦးမယ်ဗျ... မန္တလေးက နေ မူဆယ်ကို သွားမယ် ဆိုရင် ကွတ်ခိုင်မှာ နေ့လယ်စာ ထမင်းဝင်စားကြတယ်ဗျ... ထမင်းဆိုင်နာမည်တောင် မေ့နေပါပြီ... “အောင်ချမ်းသာ” လို့တော့ထင်တာပဲ... အဲဒီဆိုင်က ဘူဖေးစနစ်နဲ့ဗျို့... ကျတော်တို့ သွားတုန်းကတော့ လူတစ်ယောက်ကို ၂၅၀၀-ကျပ်၊ ထမင်းနဲ့ဟင်း ကြိုက်သလောက်စား... ဟင်းတွေကလည်း တရုတ်ဟင်းတွေ စားလို့လည်း ကောင်းတယ်... အသွားတုန်းကတော့ MD ပါလာလို့ MD က ကျတော်တို့ အဖွဲ့အတွက် ကျသင့်ငွေ အကုန်ရှင်းပေးပါတယ်... အပြန်မှာတော့ ရုံးက ကွတ်ခိုင်ဇာတိ အစ်မ ၂-ယောက် အိမ်က ရှမ်းခေါက်ဆွဲတွေ ကျွေးလို့ နေ့လယ်စာ မစားဖြစ်သော်လည်း အဲဒီဆိုင်မှာ မုန့်တွေ၊ ဝိုင်တွေတော့ ဝင်ဝယ်ဖြစ်ပါတယ်... ကဲ ဓာတ်ပုံတွေနဲ့ ခရီးဆက်ရအောင်... ဒါက ကူမင်းမြို့ရဲ့ အနောက်ဘက်မှာရှိလို့ အနောက်တောင်လို့ ခေါ်ဆိုပုံရတဲ့ တောင်ပေါ်ကို တက်နေကြတာပါ... လူတစ်ယောက်ကို အတက် ၁၅-ယွမ် ပေးရပါတယ်... တော်တော်ကြာကြာလေး စီးလိုက်ရပါတယ်... တောင်ပေါ်တက်ရင်း ချမ်းအေးတဲ့ အအေးဒဏ်ကို ခံရင်း၊ ကူမင်းမြို့ကို အထက်စီးက မြင်နေရတဲ့ ရှူခင်းကို လည်းကြည့်ရင်းပေါ့
MgHla's ဒိုင်ယာရီ