Skip to main content

Posts

မန္တလေးရောက်ရင်လေ...

ထပ်တစ်ရာ ကောင်းကောင်း၊ ဆိတ်စွပ်ပြုတ် ကောင်းကောင်း နဲ့ လက်ဖက်ရည် ကောင်းကောင်း သောက်ချင်တယ်ဆိုရင်ဖြင့် ၁၂-လမ်း၊ လမ်း-၈၀ နဲ့ ၈၁ လမ်းကြားမှာ ရှိတဲ့ လက်ရွေးစင် လက်ဖက်ရည်ဆိုင်မှာ မြည်းစမ်းကြည့်ကြပါ... ကျုံးရဲ့ အနောက်မြောက်ထောင့်ရောက်ရင် ဆိုရင်ဖြင့် လက်ရွေးစင် လက်ဖက်ရည် မေးမြန်းလို့ရပါပြီ... ညဘက်တော့ မဖွင့်ပါဘူး... ၅-နာရီ ဝန်းကျင်လောက်အထိပဲ ဖွင့်တယ် ထင်ပါတယ်... မန္တလေး မြောက်ပြင်ရဲ့ နာမည်ကြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပါ... ညနေစောင်းက စပြီး ညဘက်အထိ ချပါတီကောင်းကောင်း စားချင်တယ်ဆိုရင် ၈၂-လမ်းနဲ့ ၂၇-လမ်းထောင့်၊ Unity Hotel နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ နေ လက်ဖက်ရည်ဆိုင်ကို ညွှန်းပါရစေဗျာ... အဲဒီ အနီးနား ပတ်ဝန်းကျင်မှာ ပုံတူရိုးမှား နာမည်ပေးထားတဲ့ ဆန်း လက်ဖက်ရည်ဆိုင်လည်း ရှိတယ်ဆိုတာ သတိပြုပါ... မြို့မ ရုပ်ရှင်ရုံကနေ နောက်ဘက် နောက်လမ်းထောင့်မှာ ရှိတာပါ... ချပါတီ အပြင် အခြား အိန္ဒိယ အစားအစာများလည်း ရနိုင်ပါတယ်... အပေါ်က လက်ဖက်ရည်ဆိုင် ၂-ဆိုင်သွားပြီး မောင်လှလည်း အိန္ဒိယ အမျိုးအနွယ်ဝင်လို့ မထင်လိုက်ပါနဲ့... မောင်လှ ဆိုတာ ဗမာစစ်စစ် အညာသားပါ... မန္တလေး ထမင်းပေါင်း၊ အနီရောင်ဆော့ မပါဘဲ သုတ်ထားတဲ့ ဝက်သားသုပ

မောင်လှ ပြန်လာပြီ...

သင်္ကြန်တွင်း ထွက်ဖြစ်ခဲ့တဲ့ ခရီးမှာ အတူနေ အခန်းဖော် ဘကြီး ၂-ယောက်ဆီ သော့ပါသွားလို့ အိပ်စရာနေရာမရှိလို့ ရုံးက မန်နေဂျာ တစ်ယောက်ရဲ့ အခန်းမှာ ကပ်နေရင်း ပျင်းပျင်းရှိတာနဲ့ တံခါးဘောင်ပေါ် ကပ်တင်ပြီး ရိုက်ထားတာပါ... shutter speed မတူအောင် ထားရိုက်ထားတဲ့ ပုံ ၅-ပုံကို Photoshop ထဲက Merget to HDR နဲ့ ပြန်ပေါင်းထားတာပါ... ကဲ... ဘယ်မြို့ ဖြစ်မလဲ မှန်းကြည့်ကြပါဦး... မန္တလေး မဟုတ်တာတော့ သေချာပါတယ်... My Labels: Photo, Photoshop, Trip,

မိတ်ဆက်ပေးပါရစေ...

သိပြီးသားတော့ ဖြစ်ကြမှာပါ... http://stevenalexand.blogspot.com/ ပါ... သူက ဘယ်သူလဲဆိုတော့ ခေတ်သစ် ယုန်နှင့်လိပ် ပုံပြင်၊ မြန်မာရုပ်ရှင်နှင့် ဗီဒီယိုများကို ကြည့်ရှုပြီးရလာတဲ့ ဗဟုသုတ ၁၀၀ တို့ကို ရေးသားခဲ့တဲ့ Kalvin ရဲ့ ညီအရင်းပါ... ဓာတ်ပုံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရေးသားနေတဲ့ စတီဗင်ရဲ့ ဘလော့ကို အလည်မရောက်ဖူးသေးဘူး ဆိုရင် သွားလည်လိုက်ကြပါဦး... http://uhteik.blogspot.com/ ဒီဘလော့ ပိုင်ရှင်ကတော့... ဖိုရမ်လောက၊ GTalk လောက ကနေ နယ်မြေချဲ့လာတဲ့ မန္တလေး သတင်းစာလောက က ဦးထိပ် (ခ) နွေမျိုးနွယ်လို့ခေါ်တဲ့ ကျတော်ရဲ့ ဘော်ဒါကြီး ရေးတာပါ... မြန်မာနာမည် လှလှလေးနဲ့ ဓာတ်ပုံဆရာ၊ ကွန်ပျူတာ ဆရာ၊ ပရဟိတ အလုပ်များလုပ်နေသူ ကိုဘဦး ရဲ့ ဘလော့ပါ... http://mgbaoo-mandalay.blogspot.com/ မော်ဒယ် ခေတ်တစ်ခေတ်ကို ထူထောင်မယ့် ကိုနေကြီးပါ... http://konaygyi.blogspot.com/ ဒါလည်း မန်းလေးသားလို့ ဆိုလာသူ ဝေမြင့်မော်ရဲ့ blog ပါ... http://www.waimyintmaw.blogspot.com/ My Label: Myanmar Blogger, Links

ပိတောက်တွေ ပွင့်လေပြီ...

ဒီနေ့ မန္တလေးမှာ ပိတောက်တွေ ပွင့်လေပြီ... ရုံးက ကောင်မလေး တစ်ယောက် ပိတောက်ကိုင်းတွေ ကိုင်ပြီး ရုံးထဲဝင်လာလို့ ခွင့်တောင်းပြီး ရိုက်ထားတဲ့ ပုံပါ... အင်း.. သင်္ကြန် မန္တလေးမှာ ရှိမှာမဟုတ်ဘူးဆိုတော့ Service+ က ကိုရဲထွန်းအောင်တို့ ဦးစီးလုပ်နေတဲ့ http://thin-gyan.blogspot.com/ ကနေပဲ အလွမ်းပြေ ကြည့်ရတော့မှာပဲ... ဘာဖြစ်လို့လည်း မသိ... ခုနောက်ပိုင်း သင်္ကြန်လည်တာကို ဝါသနာမပါတော့... ပြီးခဲ့တဲ့ နှစ်တုန်းကလည်း မေမြို့ (ခ) ပြင်ဦးလွင်မှာပဲ သွားနေခဲ့သည်... မေမြို့မှာ အေးအေးနဲ့ အိပ်လိုက် စားလိုက် ပျင်းရင် အပြင် မုန့်ထွက်စားလိုက်နဲ့ အပြတ်ကို ဇိမ်ယူပြစ်လိုက်သည်... သြော်... ဒါနဲ့စကားမစပ်... မြို့တော်ခန်းမမှာ Hip Hop Festival 2007 ဖျော်ဖြေပွဲ ဒီနေ့ရှိသည်... DJ Mann, J-Me, Sai Sai, YaTha တို့နဲ့ မိန်းခလေး အဖွဲ့ ၂-ဖွဲကလားမသိဘူးပါသည်... My Labels: Thingyan, သင်္ကြန်

ဟေး.... ပျော်လိုက်တာ... ဒါပေမယ့်... ဝမ်းလည်းနည်းတယ်...

ဟေး.... ပျော်လိုက်တာ... ရုံးက အရင်က 5-ရက်ခွဲပဲ ပိတ်မယ်လို့ ကြေငြာထားသည်... ခု ၁၂-ရက်ကနေ ၂၁-ရက်နေ့အထိ ၁၀-ရက် ပိတ်မယ်တဲ့... ပျော်လိုက်တာ... ဟာ... ဝမ်းနည်းလိုက်တာ... ကျတော်တို့လို လခစား ဝန်ထမ်းတွေ အတွက်တော့ မဟုတ်ပါဘူး... နေ့စား အလုပ်သမား ဝန်ထမ်းတွေ အတွက်ပါ... ဒါက နေးတစ်မှာ ရေးခဲ့ဖူးတာလေးပါ... Tue Mar 27, 2007 5:13 pm အစိုးရ ရုံးပိတ်ရက်တွေ လိုက်မပိတ်လို့ မကျေနပ်မိဘူး... ခုမှ ပြန်စဉ်းစားကြည့်တော့ ကျတော်တို့လို လခစားတွေအတွက် မကောင်းပေမယ့်... ဈေးချိုတို့ ဘာတို့မှာရှိတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စား အလုပ်သမားတွေဘက်ကို ပြန်ကြည့်ရင်တော့ ဟုတ်နေတယ်... သူတို့ တစ်ရက်ပိတ်လိုက်ရင် စားစရာ သောက်စရာ မရှိတဲ့ ဘ၀ကို ရောက်သွားနိုင်တယ်... သင်္ကြန်မှာလည်း ဈေးချို (၁၀)ရက် မပိတ်ဘူး... ၁၀-ရက် ပိတ်ရမယ်ဆို ၂၁-ရက်နေ့အထိ ပိတ်မယ်... ၂၃-ရက်နေ့ကလည်း ဥပုသ်နေ့... ၁၂၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ စုစုပေါင်း ၅-ရက်... အဲဒီ ၅-ရက်စာကို သူတို့ ဘယ်လို စားသောက်ကြမလဲ... သူတို့ တစ်နေ့လုပ်မှ တစ်နေ့စားရတာ အလျင်မီတာမဟုတ်ဘူး ခင်ဗျ... စုဆောင်းထားတာလေးတွေ ရှိမယ်လို့ မပြောနဲ့ဦး... မနက်နက်ဖြန်၊ သဘက်ခါ မရသေးတဲ့ လုပ်ခတွေကို အပေါင်ဆိုင်တွေမှာ ချေးငှာ