Skip to main content

Posts

Chindwin College - MDY

ဒီနေ့ မနက် Sedona hotel မှာ ကျင်းပပြုလုပ်တဲ့ Chindwin College ရဲ့ ကျောင်းကဖွင့်လှစ်မယ့် သင်တန်းများနဲ့ ပတ်သက်တဲ့ seminar တစ်ခုကို သွားခဲ့ပါတယ်... ဆယ်တန်းဖြေပြီးသူတွေ၊ G.T.I ပြီးထားသူတွေ၊ B.Tech ရထားသူတွေနဲ့ အခြား တက္ကသိုလ်တက်ရောက်နေသူများ တက်ရောက်နိုင်တဲ့ Engineer နဲ့ ပတ်သက်တဲ့ Edexcel BTEC Higher National Diploma လက်မှတ်ရ Junior Engineer သင်တန်းတွေ မွေးထုတ်ပေးမယ့် သင်တန်း ဖြစ်ကြောင်း သိရပါတယ်... ဒီ diploma ရပြီးရင် ကျောင်းဆက်တက်ချင်တယ် ဆိုရင် UK နိုင်ငံ University of Sunderland မှာ Final Year B.Eng ကို ဆက်လက်တက်ရောက် နိုင်ကြောင်းလည်း သိရပါတယ်... ပထမအသုတ်နေနဲ့ သင်တန်းကို မေလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသား ဦးရေ အ ယောက် ၂၀ သာ လက်ခံမှာ ဖြစ်ကြောင်းလည်း သိရပါတယ်... ဆက်သွယ်နိုင်မယ့် လိပ်စာက - Sabai Building, Bet 77 & 78, 31 & 32 St., Mandalay ဖြစ်ပါတယ်...

The First Mandalay DJ Concert

အခုပဲ Skywalk Shopping Mall ပေါ်က ပြန်လာခဲ့တာပါ... NativeMyanmar မှာ ကိုဂျေ (ခ) သခင်ကြီး သတင်းပေးလို့ The First Mandalay DJ Concert ပွဲကြည့်ပြီးပြန်လာတာပါ... DJ Yan Naing, DJ Mann, DJ Zay Ya Thaw, DJ Pauk, DJ KP နဲ့ မန္တလေးက အခြား ဒီဂျေများ၊ အကအဖွဲ့များ၊ Hip-Hop အဖွဲ့များ ပါပါတယ်... ဒီနေ့နဲ့ မနက်ဖြန် ၂-ရက်ကျင်းပမှာဖြစ်ပြီး... မနက် ၁၀ နာရီကနေ နေ့လယ် ၁-နာရီအထိ၊ ညနေ ၄-နာရီကနေ ည ၈-နာရီအထိ ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်... ဒါနဲ့စကားမစပ်ပါ... NativeMyanmar.com ဒိုမိန်း နည်းပညာဆိုင်ရာ ပြသနာတက်နေလို့ http://forums.myanmarcommunity.com/ ကို အသုံးပြုပြီး နေးတစ်ထဲ ဝင်ရောက်နိုင်ကြောင်းပါ... My labels: Mandalay News, MDY, Mandalay, Myanmar News, Burma News, DJ Show

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၂

တကယ်တန်း ဖိုးဇော်နဲ့က ၆-တန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှ စတွေ့ချင်းဖြစ်... ဖိုးဇော်က ကျတော်တို့ထက် တစ်တန်း ကြီးသည်... မောင်မိုး... မောင်မိုးကို ဘယ်လို မိတ်ဆက်ပေးရမည်နည်း... လူတိုင်း သိကြမယ်ထင်ပါသည်... မောင်မိုးကိုတော့ မဟုတ်... မောင်မိုးရဲ့ အဖိုး ပန်းချီဆရာကြီး ဦးဘကြည်ကိုပါ... ကမ္ဘာကျော် ပန်းချီဆရာကြီးပါ... ကျောင်းတုန်းကတော့ မောင်မိုးကို မိုးရေ ဟုခေါ်ကြသည်... ကျတော်တို့တင် မဟုတ် သူ့အမေလည်း ခေါ်သည်... “ငမိုးရေ” တဲ့... သူ့အမေ စခေါ်တဲ့ င ဆိုတဲ့ စကားလုံးက တိုးတော့ ကျတော်တို့ မကြားပါ... ကျတော်တို့ ဒီကောင့်ကို မိုးရေလို့ ခေါ်တာ အကြောင်းရှိသည်... သူ့အဖေက ဆရာဝန်မို့ ချစ်စနိုးဖြင့် ခေါ်ကြခြင်း ဖြစ်သည်... ကျတော် ဒီကောင်နဲ့ ပိုတွဲဖြစ်သည်... ၉-တန်း နဲ့ ၁ဝ-တန်း ကဆို နေ့လည် ထမင်းစားဆင်းချိန်မှာ ရွှေကျီးမြင်ဘုရားပေါက်မှာ ထိုင်ပြီး အမှတ်(၈)၊ (၄၄)နဲ့ (၁၁) က ကောင်မလေးတွေကို ငမ်းကြသည်... (တည့်တိုးပဲ ရေးလိုက်သည်) ... အဲဒီထဲက လမ်းလျှောက်သွားသည့် ၁၁-ကျောင်းက ကောင်မလေး တစ်ယောက်ကို သတိထားမိသည်... ကျတော်တို့ ၂-ယောက်ရှေ့ယောက်ရင် ပဲတွေ ပေးပေးသွားလို့... အဲဒါနဲ့ ၂-ယောက်သား တိုင်ပင်ပြီး ကျတော်က ရည်းစားစာ ရေးသည်... ကျ

သီချင်းများမရပ်မယ့်နေ့... (Mandalay News)

မနက်ဖြန်မှာ သီချင်းဖျော်ဖြေပွဲ မန်းလေးမှာ ၂-ပွဲနဲ့ ပြင်ဦးလွင်မှာ ၁-ပွဲရှိပါတယ်... မန်းလေးမှာ လုပ်မယ့် ၂-ပွဲစလုံးက မြို့တော်ခန်းမမှာ ပြုလုပ်မှာဖြစ်ပြီး ၁-ပွဲက ညနေ ၅-နာရီ၊ တစ်ပွဲက ည ၇-နာရီမှာ စတင် ဖျော်ဖြေမှာ ဖြစ်ကြောင်း ယင်းတို့၏ ကြော်ငြာဘုတ်များ အရ သိရပါတယ်... ည ၇-နာရီ ဖျော်ဖြေမယ့်ပွဲကတော့ ယခင်က မဟာနွယ်စဉ်အားကစားကွင်းမှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာထားတဲ့ ကျားပေါက်ရဲ့ The Big Show in Bag ပွဲဖြစ်ပြီး ညနေ ၅-နာရီမှာ စတင်ဖျော်ဖြေမယ့်ပွဲကတော့ Rock Vs Hip Hop ပွဲဖြစ်ပါတယ်...ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်မယ့် ပွဲကတော့ အိုင်စီရဲ့ ပွဲပါ... လက်မှတ် တန်ဖိုးက ၅၀၀၀-ကျပ်ပါ... ဒီနေ့မှာလည်း SkyWalk Shopping Mall တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ်ကျင်းပ ပြုလုပ်တဲ့ သီချင်းဆို ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ရှိပါတယ်... 78th Shopping Mall မှာလည်း ကိုရီးယား မင်းသား၊ မင်းသမီးများနဲ့ တူသူများ ပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်... "သီချင်းများမရပ်မယ့်နေ့..." ဆိုတဲ့ ခေါင်းစဉ်ရွေးပေးတဲ့ ကိုသခင်ကြီးကို ကျေးဇူးအထူးတင်ပါတယ်.. My Tags: Mandalay News, Myanmar News, Burma News

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၁

မောင်လှရေ... မနေ့က ၆-တန်းကတည်းက အတူပေါင်းလာတဲ့ သူငယ်ချင်း ၅-ယောက် ပြန်ဆုံဖြစ်တယ် သိလား... သြော်... ကျန်တဲ့သူတွေလည်း လာလာဖတ်နေကြတာပဲ... ဖိုးဇော် ဆိုတာဘယ်သူတုန်း ဆိုတာ ပြောလိုက်ဦးမယ် မောင်လှရေ... ဖိုးဇော်ဆိုတာ ကျောင်းကတည်းက သူငယ်ချင်း... ပန်းချီဆရာ၊ ဒီဇိုင်းဆရာ... ကျောင်းမှာ ပန်းချီဆွဲရင်း သိခဲ့ ခင်ခဲ့တဲ့ အရင်းအနှီးဆုံးဖြစ်လာတဲ့ သူငယ်ချင်း... ဖိုးဇော် အကြောင်းက စိတ်ဝင်စားစရာကောင်းသည်... သူ့ဇာတိက မန္တလေး-မတ္တရာသွားတဲ့ လမ်းမပေါ် တည်ရှိတဲ့ လင်းမြွေချောင်းရွာ ဇာတိ... သိကြပါသလား ခင်ဗျာ... မသိသေးရင် ထပ်ညွှန်းရမယ်ဆိုရင် ကြာနီကန်ရွာ... ကြာနီကန် ဆရာတော်ကိုတော့ ကြားဖူးကြမယ် ထင်ပါ့... ခုတော့ ကြာနီကန်ရွာဆိုတာ သင်္ချိုင်းကြီး တည်ထားသည်... အဲဒီရွာရဲ့ တောင်ဘက်မှာ လင်းမြွေချောင်းဆိုတဲ့ ရွာရှိသည်... ဖိုးဇော်ရဲ့ ဖခင်၊မိခင်တွေက တောင်သူလယ်သမားကြီးတွေ... သို့သော်လည်း သူတို့ သားကို ပညာတတ် ဖြစ်စေချင်တော့ မန္တလေး အနောက်ပြင်၊ မြောက်ပြင်ကလူတွေ အားထားတဲ့ အမှတ်(၁) အ.ထ.က မှာ အလယ်တန်းက စပြီး ကျောင်းထားပေးခဲ့သည်... လင်းမြွေချောင်းရွာကနေ ကျောင်းအထိ လိုင်းကားနဲ့လာတဲ့ အခါလာသည်... နောက်ပိုင်း စက်ဘီးအစုတ်ကလေးနဲ့ ကျောင်းသွား ကျော