Skip to main content

Posts

မန္တလေးမှာ ဒီလို ဒီလို... (Mandalay News)

လွန်ခဲ့တဲ့ ၄-ရက်လောက်က ၈၁-လမ်းမပေါ် ၁၂-လမ်းနဲ့ ၁၃-လမ်းကြားမှာ မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတည်... ကားထဲမှ ဆီထုတ်ရင်း မီးလောင်မှု ဖြစ်တာလို့ ရပ်ကွက်အပြောရ သိရပါတယ်... ကား ၂-စီး မီးလောင်ရာတွင် ပါဝင်သွားပြီး ယင်းမီးလောင်မှု စတင် ဖြစ်ပေးတဲ့ အိမ်ဟာ RC အမျိုးအစား တိုက်အိမ် ဖြစ်တာကြောင့် အခြားအိမ်များကို ကူးစက် လောင်ကျွမ်းခြင်း မရှိကြောင်းလည်း သိရပါတယ်... ဒီနေ့မနက် ၃-နာရီလည်း ဘယ်နား မီးလောင်လဲတော့ မသိပါဘူး... မီးသတ်ကား ဥသြသံများ ကြားရကြောင်းပါ... မန္တလေးရဲ့ ရာသီဥတုဟာ နွေဦးရာသီသို့ စတင်ကူးပြောင်းနေပါပြီ...

သဘောကျတယ်ဆိုတဲ့ ယာခင်း တဲပုံ...

အမှန်တကယ်က ယာခင်းတဲပုံ မဟုတ်ပါဘူး ခင်ဗျာ... ကောက်ရိုးပုံပါ... ကောက်ရိုးတွေကို တဲပုံသဏ္ဌာန် စုပုံထားတာပါ... ကြည့်လို့ကောင်းတယ် ဆိုတဲ့ ဒီပုံက ကျတော် တော်လို့မဟုတ်ပါဘူး... ကိုသခင်ကြီး ကြောင့်ပါ... ကျတော် ပုဂံမှာ ရိုက်လာတဲ့ ပုံတွေကို ကိုသခင်ကြီး သွားပြတော့ ဒီပုံလေးကို ဘယ်လို လုပ်ရင် ကောင်းမယ်... ဟိုပုံလေးကိုတော့ ဟိုလိုလေး လုပ်လိုက်ပါလား ဆိုပြီး ပြောပြလို့... ဒီကောက်ရိုးပုံလေးကို ကိုသခင်ကြီး ပြောပြတဲ့အတိုင်း cropping လုပ်ထားတာပါ... အောက်မှာ ယှဉ်ကြည့်ပေးပါဦး... Ko ThaKhinGyi's Blog (http://www.tkg-photographicdiary.blogspot.com/)

ပျောက်ကုန်တဲ့ ဘဲဥတွေ...

မန္တလေးမှာ ပြီးခဲ့တဲ့ ၂၃-ရက် ဝန်းကျင်ကစပြီး လမ်းမပေါ်မှာနေတဲ့ ဘဲဥများ သိသိသာသာ ပျောက်ခြင်းမလှ ပျောက်ကုန်ပါတယ်... မန်းသားတို့ရဲ့ မူအတိုင်း တစ်ဦးကို တစ်ဦး နားလည်မှုနဲ့ သွားလာနေကြကြောင်းပါ...

Bagan @ Pagan #2

My Tags: Pagan, Bagan, Myanmar, Photo, Sunset

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

Mandalay ICT Expo 2007

မနေ့က ၅-ကြိမ်မြောက် ကျင်းပတဲ့ ICT ပြပွဲကို ရောက်ခဲ့တယ်... မန္တလေး မြို့တော်ခန်းမ-၁ မှာ ကျင်းပတာပါ... မနေ့ကစပြီး မနက်ဖြန် အထိ ၃-ရက် ကျင်းပမယ့် ပွဲပါ... ဘာတွေ အများဆုံးတွေ့ခဲ့လဲ ဆိုတော့ Hardware ပစ္စည်းတွေပဲ အများဆုံးတွေ့ခဲ့ပါတယ်... Asus က ၁၇-သိန်းကျော် တန်တဲ့ ကွန်ပျူတာ တစ်စုံကတော့ အရောင်းဆိုင်တိုင်း နီးပါးမှာ တွေ့ခဲ့ရပါတယ်... System Unit ပုံ ခပ်ကြီးကြီး ခပ်ဆန်းဆန်းနဲ့ LCD မော်နီတာက အထက်အောက် ဘယ်ညာ လှည့်လို့ရပါတယ်... ပြည်တွင်းဖြစ် Software ကုမ္ပဏီ ၂-ခုမှာ ဝင်ကြည့်တဲ့လူ မရှိသလောက်ပါပဲ... ပြပွဲ အဝင်ပေါက်နားမှာ ရှိတဲ့ ကုမ္ပဏီဆို ဆိုင်ခန်း ၂-ခန်းယူထားတော့ လူမဝင်တာ ပိုသိသာပါတယ်... နောက်တစ်ခုကတော့ hardware ရောင်းဆိုင်တွေများတဲ့ နေရာမှာ ဆိုင်ခန်း ၁-ခန်းစာပဲ ယူထားတော့ လူဝင်နည်းတာ သိပ်မသိသာပါဘူး... ဓာတ်ပုံထဲက ပထမဆုံးပုံက Service+ က Internet Survey ကောက်နေတာပါ... ဘာညာဘာညာ ကိုသိလား မေးမိတော့ အကိုက ဘယ်သူလဲဆိုတော့ ကျတော် မောင်လှပါ ပြောမိတော့... ဟယ် ကိုမောင်လှကြီးတော့... ဘလော့က ရုပ်နဲ့လည်း မတူဘူး... အပြင်က ပိုငယ်တယ်ဆိုပြီး ပြောကြပါတယ်... ကျတော်လည်း သူတို့ မြှောက်ပင့်တာကို မမြှောက်နိုင်ဘူး ဖြစ်နေတယ်... ဆ